Posts

Huawei နှင့် အခြားသော China MT6582 များ IMEI Restore လုပ်နည်း

Image
လိုအပ်တာ ဒေါင်းပါ  MtkDroidTools+v2.5.3 ပြီးရင် usb ထိုး 1 – Root ဆိုတာကို နှိပ်လိုက်ပါ 2 – su 3- IMEI Backup လုပ်လိုက်တာနဲ့  စောနက ဒေါင်းလိုက်တဲ့ MtkDroidTools v2.5.3 ဖိုင်ထဲက BackupNVRAM ဆိုတဲ့ ဖိုင်ထဲမှာ IMEI backup ဖိုင်ရောက်လာလိမ့်မယ် ဥပမာ နာမည်က HUAWEI-G730-U00_862751028783038_nvram_140522-125357.bin HUAWEI-G730-U00_862751028783038_nvram_140522-125357.tar ပြီးရင် မိမိ လုပ်ခြင်တဲ့ IMEI ပျောက်နေတဲ့ ဖုန်းကို usb ချိတ် ပြီးရင် Restore ဆိုတာကို နှိပ် ပြီးဆုံးပါပြီ.. http://www.myanmarxda.com/ -------------------------------------- ကိုမျိုး(သုတစွယ်စုံ)( lwanmapyay.blogspot.com ) Facebook Page Twitter Google+

iOS App အသစ်များကို Apple ID မလိုပဲ သွင်းယူနိုင်တော့မည်

Image
Apple က iOS developer များစွာ ထွက်ပေါ်လာရေးအတွက် ရည်ရွယ်ကာ တစ်ကြိမ်တစ်ခါမျှ မပေးဖူးသော လွပ်လပ်ခွင့်အချို့ကို လျှောပေါ့ချလိုက်ပါပြီ... iOS Application အသုံးပြုသူများလည်း မကြာမီတွင် Apple AppStore တွင် မရရှိနိုင်သော App များကိုပါ မိမိ၏ iPads, iPhones, iPodTouch, Apple Watch (iDevice) များအားလုံးတို့တွင် Apple ID မလိုပဲ တရားဝင် Install လုပ်နိုင်သွားပါတော့မည်။ Apple ၏ software engineers များက iDevice များတွင် Apple က အသိအမှတ်မပြုသည့် App မျာကို မသွင်းယူနိုင်အောင် နှစ်အတော်ကြာ ကာကွယ် ပိတ်ဆို့မှုများ ပြုလုပ်လာခဲ့ပါတယ်။ ယခုတော့ iOS developers လက်သစ်များ ထပ်မံ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး iOS Applications များ ဖန်တီးရေးသားရသည့် အသစ်ထွက်လာမည့် Xcode 7 တွင် လွပ်လပ်မှုပေးလိုက်ပါသည်။ ယခင်က Xcode versions များတွင် Application ကို ဖန်တီးပြီးနောက် တစ်ကယ့် (Device) တွင် Install လုပ်ပြီး စမ်းသပ်ရန် အတွက်ဆိုပါက Apple ၏ Developer program တွင် $99 ပေးဆောင်ပြီးမှသာ မိမိ၏ Apple ID တွင် အသိမှတ်ပြု digital license ရရှိပြီးမှ Install လုပ်နိုင်ပါသည်။ သို့မဟုတ်ပါက Xcode software ထဲတွင် ပါရှိသော simulator နှင့်...

Jailbraker များအတွက် Malware အန္တရာယ်

Image
iOS Jailbreaking သည် အသုံးပြုသူများ၏ လုံခြုံမှုကို အပြည့်ဝ ယုံကြည်၍ မရသော အခြေအနေသို့ ရောက်ရှိနေပါကြောင်း သတိပြုမိနိုင်ရန် ယနေ့ အဖြစ်ပျက်က သတိပေးသွားခဲ့ပါသည်...။ Chat box မှ ညီငယ်တစ်ယောက် iCloud Activation ကျော်၍ မရသော ပြဿနာကို ဖြစ်နေကြ ပုံစံအတိုင်း second hand ပြန်ဝယ်ထားသည်ဟု ယူဆကာ မူလပိုင်ရှင်နှင့် သို့မဟုတ် ဝယ်ယူလာသော ဆိုင်နှင့် ပြန်လည် ဆက်သွယ် တာဝန်ယူခိုင်းဖို့ အကြံပေးခဲ့သော်လည်း အဖြစ်အပျက်မှာ ထိုသို့ မဟုတ်ပဲ ဒီတစ်ခါ အတော်ကြီးကို ထူးဆန်းနေပါတော့သည်... iPhone 6Plus ကို US Store မှ အသိဖြစ်သူက ဝယ်ယူပြီး မြန်မာပြည်သို့ Apple voucher၊ မဖွင့်ရသေးသော ပါကင်ဗူး အသစ်စက်စက်နှင့် ပိုင်ရှင်လက်တွင်းသို့ ချောချောမောမော ရောက်လာပါတယ်။ မိမိ၏ Apple ID (gmail) နှင့် Activation လုပ်ခဲ့ပြီးနောက် iOS 8.1.2 ကို Jailbreak လုပ်ခါ သုံးနေခဲ့ပါတယ်။ ဒီနေ့တော့ Cydia crush ဖြစ်ပြီး iPhone ကို Restore လုပ်တဲ့အခါမှာတော့ Activation အဆင့်၊ Apple ID ထည့်ဖို့နေရာမှာ ကိုယ်မသိတဲ့ yahoo mail ကြီးက ခံနေပါတော့တယ်။ ဖုန်းပိုင်ရှင် ညီလေးဟာ Jailbreak ကိုလည်း ကိုယ်တိုင်လုပ်ခဲ့ပြီး ဖုန်းကို တစ်ခါမျှလည်း အခြားသူအား ပေးမသုံး...

Android OS မှာ Antivirus ဆိုတာ တကယ် လိုအပ်သလား

Image
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နောက်ပိုင်းမှစ၍ Android ဖုန်းများသည် ဈေးနှုန်း သက်သာမှု၊ အသုံးပြုရ လွယ်ကူမှုတို့ကြောင့် သုံးစွဲသူဦးရေ များပြားလာသည်။ ၂၀၁၄ ခုနှစ်နှောင်း ပိုင်း၌ ပြည် ပ အော်ပရေတာများ စတင်ဝန်ဆောင်မှု ပေး လာခြင်းနှင့်အတူ မိုဘိုင်းအင်တာနက် အသုံးပြုသူ ဦးရေသည်လည်း ယခင်ကထက် ပိုမိုများပြားလာ သည်။ ဤသို့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာ သကဲ့သို့ မိုဘိုင်းဖုန်းများ၏ ကဏ္ဍသည် လည်း ပြောင်းလဲလာခဲ့သည်။ ယခင်က မိုဘိုင်း ဖုန်းကို ဖုန်းပြော ရန်လောက်သာ အသုံးပြုလာခဲ့ရာမှ ယခုအခါ ဓာတ်ပုံရိုက်ရန်၊ ဗီဒီယိုကြည့်ရန်၊ ဂိမ်းကစားရန်၊ ကိုယ်ရေး ကိုယ်တာ အချက်အလက်များ မှတ်သား ရန် စသော နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရာအထိ အသုံးပြုလာကြသည်။ ထိုသို့ အင်တာနက်ကို အလွယ်တကူ ချိတ်ဆက်နိုင်ခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မှတ်သား သိမ်းဆည်းသည့် နေရာဖြစ်လာခြင်းတို့ကြောင့် သုံးစွဲသူများ၏ privacy ထိခိုက်လာ နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်လာကြသည်။ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အချက်အလက်များ ကို ခိုးယူနိုင်သည့် malware များ Android OS တွင် တစ်နေ့တခြား တိုးပွားလာသောကြောင့် သတိထား ကြရန် အချို့က ဆိုကြသည်။ ၎င်း ma...

Printer အကြောင်း အတိုအထွာ

Image
ဘယ် Printer မျိုး ရွေးချယ် ၀ယ်ယူကြမလဲ ... Printer နှင့် ပတ်သက်ပြီး မေးထား၊ မြန်းထား၊ ဖတ်ထား၊ မှတ်ထား တာလေးတွေ ပြန်လည်ဝေမျှလိုက် ပါသည်။ Printer အမျိုးအစားများ၊ အဓိကအားဖြင့် * Dot Matrix Printer * Laser Printer * Inkjet Printer Dot Matrix Printer ---------------------------- သူက Dot လို့ ခေါ်တဲ့ အစက်သေးသေးလေးတွေ ပေါင်းပြီး ပုံဖော်ပေးတဲ့ Printer ပါ။ စာရွက်ပေါ်မှာ Ribbon ခံပြီး ရိုက်သွားတာပါပဲ။ Dot Matrix Printer တွေဟာ print ထုတ်တဲ့အချိန် ကြာတာရယ်၊ အသံ ဆူညံတာကလွဲရင် သုံးလို့ အဆင်ပြေပါတယ်။ Ribbon ဈေးသက်သာတယ်၊ စစ်တောင်းစက္ကူနဲ့ သုံး လို့ရတယ်။ ကျောင်းသုံး/ရုံးသုံး နဲ့ ဖယောင်း စာရွက် ဖောက်တဲ့ နေရာတွေမှာ အသုံးပြုကြပါတယ်။ Laser Printer -------------------- > Laser Printer တွေမှာတော့ ပုံရိပ်ဖော်ဖို့အတွက် မင်မှုန့် (ကာဗွန်မှုန့်) ကို အသုံးပြုပါတယ်။ စာရွက်ကို Cartridge ထဲက ကာဗွန်မှုန့်တွေနဲ့ တွေ့အောင် Drum က လှည့်ပေးလိုက်လို့ ကာဗွန်မှုန့်တွေက စာရွက်ပေါ်မှာ Laser Beam က ပုံရိပ်ဖော်ပေးထား တဲ့အတိုင်း ကပ်သွား၊ စာရွက်က Fuser ကို ဖြတ်တဲ့ အချိန်မှာ Fuser က အပူပေးလိုက်တော့ မင်မှုန့် တွေက စာရွက်ပေါ်မှာ အ...

ဝက်ဆိုဒ် အကြောင်း နှင့် အခြားသိကောင်းစရာများ

Image
Internet ဆိုတာ ဘာလဲ ? Internet ဆိုတာ ဘာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပျူတာတွေ အားလုံးကို နည်းပညာအရ ချိတ်ဆက် ထားခြင်းဖြစ်ပါတယ်...။ Internet Connection ရှိတယ် ဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင် Computer ကို ၎င်း Computer တွေနဲ့ ချိတ်ဆက် ထားခြင်းသာဖြစ်ပါတယ်...။ Internet Connection သာ ရှိထားပြီဆိုရင် သင် ၀င်ရောက် ကြည့်ရှုချင်တဲ့ Website ရဲ့ Domain Name ဖြင့် ၀င်ရောက် အသုံးပြုနိုင်မြှာ ဖစ်ပါတယ်...။ Website ဆိုတာ ဘာလဲ ? Website ဆိုတာ နည်းပညာပိုင်းအရ ဖန်တီးတည်ဆောက်ထားတဲ့ Internet ပေါ်က နေရာလေး တစ်ခု ဖြစ်ပါ တယ်...။ Web Page တွေ ပေါင်းစပ်စုစည်း ထားတာကို Website လို့ခေါ်ပါတယ်...။ Website တွေကိုဝင်ရောက် ကြည့်ရှုနိုင်ဖို့အတွက် Internet Connection သာ လိုအပ်ပါတယ်...။ ယခု အချိန်မှာ Internet သုံးစွဲသူ အရေ အတွက်ဟာ တစ်နေ့တခြား တိုးပွားလာနေပါတယ်...။ Website တစ်ခုဟာ ဘာနဲ့တူသလဲ ဆိုရင် ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် Show Room တစ်ခုပမာ၊ ကုန်ပစ္စည်း ရောင်းချတဲ့ သူတွေအတွက် ဆိုင်ခန်းတစ်ခုပမာ၊ ဘဏ်လုပ်ငန်းများအတွက် Branch တစ်ခု ပမာနှင့် အခြားသော လုပ်ငန်းများအတွက် ရုံးခန်း၊ Reception တစ်ခုပမာ ၂၄နာရီ၊ ပိတ်ရက်မ...