အင်တာနက်လုံခြုံရေးအတွက် မဟာတံတိုင်းကြီး FortKnox Personal Firewall

Firewall ဆိုတာ နားလည်လွယ်အောင်
ပြောရရင် အင်တာနက်ဆက်ကြောင်းနဲ့
ကျွန်တော်တို့ရဲ့ကွန်ပျူတာကြားက
ဂိတ်ပေါက်တစ်ခု (တံတိုင်း တစ်ခု )လို့
ပြောရမှာဖြစ်ပါတယ် ...
လုံခြုံမှုအားနည်းတဲ့ ဂိတ်ပေါက်ဆိုရင်
အကောင်းအဆိုးမရွေး ၀င်ထွက်သွားလာ
နေမှာဖြစ်ပြီး ဂိတ်ပေါက်ကို စနစ်တကျနဲ့
ကိုင်တွယ်ထိန်းကျောင်းနိုင်မယ်ဆိုရင်
မှန်ကန်ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေကိုသာ
လက်ခံဝင်ထွက်ခွင့် ပြုနိုင်မှာဖြစ်ပါတယ် ..
Firewall ကို နိုင်နိုင်နင်းနင်းမကိုင်တွယ်ထားနိုင်တဲ့
ကွန်ပျူတာတစ်လုံးဟာ အင်တာနက်ဆက်ကြောင်းထဲမှာရှိနေတဲ့ Malware, Addware, Spyware နဲ့ ဗိုင်းရပ်ပရိုဂရမ်တွေ အလွယ်တကူ ၀င်ရောက်လာနိုင်ရုံသာမကပါဘူး ကိုယ့်ရဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကိုတောင် ဟက်ကာတွေဆီ အလွယ်တကူ ရောက်ရှိသွားတတ်ပါသေးတယ် ..
ဥပမာဗျာ .. ကျွန်တော်က ဆော့ဝဲတစ်ခုကို Install လုပ်လိုက်တယ်ပေါ့
အဲဒီ ဆော့ဝဲထဲမှာ keylogger လို ဆော့ဝဲတစ်မျိုးကို Injection လုပ်ထားမယ်ဆိုပါစို့
ကျွန်တော့်ရဲ့စက်ကို အင်တာနက်ချိတ်ဆက်လိုက်တာနဲ့ အဲဒီ keylogger က ကျွန်တော် ကီးဘုဒ်မှာရိုက်ထည့်လိုက်သမျှကို မှတ်တမ်းတင်ပြီး အဲဒီအချက်အလက်တွေကို အဲဒီ keylogger ကိုပို့လွှတ်ခဲ့သူဆီရောက်အောင် ပြန်လည်ပို့ဆောင်ပေးပါလိမ့်မယ်
ဒါကတော့ အနောက်နိုင်ငံတွေမှာ ခေတ်စားလာတာကြာခဲ့ပြီ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံက ဟက်ကာတွေကြားမှာ အသုံးများလာတဲ့ ဟက်ကင်းနည်းလမ်းလေးတစ်ခုပေါ့ ...
ဒါဆိုရင် .. အဲဒီလို ကျွန်တော်ရဲ့အချက်အလက်တွေကို ဟက်ကာဆီပြန်ပို့ပေးမယ့် ၀င်ပေါက်ထွက်ပေါက်ကို သိရှိပြီး အချိန်မှီ ပိတ်ဆို့ကာကွယ်ထားနိုင်မယ်ဆိုရင်
နောက်ဆက်တွဲဆိုးကျိုးတွေ မခံရတော့ဘူးပေါ့ ..
အဲဒီလို ဆိုးကျိုးတွေပေးမယ့် ၀င်ပေါက်ထွက်ပေါက်တွေကို ဘယ်လို စောင့်ကြည့်ပြီး သိရှိနိုင်မလဲ ..
ဟုတ်ကဲ့ .. ၀င်းဒိုးပိုင်းနိုင်နင်းတဲ့ Pro သမားတွေကတော့ ၀င်းဒိုးထဲက Firewall မှာပဲ ပိတ်ဆို့ကာကွယ်တာတွေကို အလွယ်တကူ လုပ်ထားနိုင်ပေမယ့် .. ကျွန်တော်တို့လို သာမာန်အသုံးပြုနေသူတွေအတွက်တော့ Firewall ဆော့ဝဲလေးတစ်ခုခုကို အသုံးပြုမှ အဆင်ပြေနိုင်မှာပါ ..
ဒါကြောင့် .. အမှန်တကယ်လည်း အလုပ်ဖြစ် ထိထိရောက်ရောက်လည်း ကာကွယ်ပေးနိုင်တဲ့ Firewall ဆော့ဝဲလေးတစ်ခု မျှဝေပေးလိုက်ပါတယ် ..
ဆော့ဝဲရဲ့နံမည်က FortKnox Personal Firewall ဖြစ်ပါတယ် ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်

ဒေါင်းပြီးပြီဆိုရင် setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ ..
Install လုပ်ရင် အင်တာနက်ကွန်နက်ရှင်ကို အရင်ပိတ်လိုက်ပါ
ပြီးရင် ပရိုဂရမ်ကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

အဲဒီထဲက buy ဆိုတာကို နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်

အဲဒီထဲက Enter serial ကိုနှိပ်လိုက်ပါ ..
နောက်ထပ်ပွင့်လာတဲ့ထဲမှာ ထည့်ရမယ့် အချက်အလက်တွေကိုတော့ keygen ဖိုင်ကို Run ပြီး
ကူးယူဖြည့်သွင်းပါ serial ကိုထည့်တဲ့နေရာမှာတော့ တစ်ဖြတ်ချင်းကူးယူပြီး Paste လုပ်မှအဆင်ပြေမှာပါ
ဒါဆိုရင်တော့ .. Full Version အဖြစ် သုံးလို့ရသွားပါပြီ
အင်တာနက်ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ အင်တာနက်ဆက်ကြောင်းဆီကို သွားရောက်ချိတ်ဆက်တဲ့
ပရိုဂရမ်တွေနဲ့ သူချိတ်ဆက်နေတဲ့ ၀က်ဆိုဒ်တွေကို Message ပေးလာပါလိမ့်မယ် ..
အဲဒီထဲကမှ စိတ်ချရတဲ့ ၀က်ဆိုဒ်မျိးကို ချိတ်ဆက်နေတာဆိုရင် Allow ကို နှိပ်ပြီးခွင့်ပြုပေးနိုင်ပြီး
မသင်္ကာစရာကောင်းတဲ့နေရာတစ်ခုဆီကို ချိတ်ဆက်နေတာမျိုးဆိုရင်တော့ Not Allow ကိုနှိပ်ပြီး
သူ့ရဲ့လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ရုံပါပဲ ...
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
http://itmotesoeway.blogspot.com/2013/07/fortknox-personal-firewall.html
- (အရှေ့သို့) မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) Samsung ဖုန်းတွေမှာ မြန်မာစာ တရားဝင် ရပြီဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...