HIV/AIDS နောက်ဆုံးရသတင်း
• အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းဒေသတွေမှာ ၂ဝဝ၁ နဲ့စာရင် HIV ပိုးတွေသူလူနာသစ် ၂ ဆ တိုးလာခဲ့တယ်။• ယောက်ျား+ယောက်ျား လိင်တူဆက်ဆံသူတွေ၊ မူးယစ်ဆေးထိုးသူတွေ၊ လိင်နဲ့အသက်မွေးသူတွေဟာ လေ့လာမှုတွေလုပ်ရာမှာ ဖုံးကွယ်နေကြလို့ အခက်အခဲရှိတယ်။ သူတို့ကနေ ဆေးကုသမှုယူရတာမှာလဲ တားဆီးမှုတွေ ရှိနေတယ်။
• ဦးစားပေးတိုင်းပြည် ၁ဝ ခုထဲမှာ ကလေး ၁ဝ ယောက်မှာ ၃ ယောက်သာ ဆေးရနေတယ်။ ၂ဝ၁၂ နှစ်ထဲမှာ ပိုးရှိတဲ့ အသက် ၁၅ နှစ်အောက်ကလေးပေါင်း ၆၄၇ဝဝဝ သာဆေးရနေတယ်။
• ကလေးတွေဆေးရရှိမှုဟာ ၃၁-၃၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၁၄% တက်လာပါတယ်။
• လူကြီးတွေ ဆေးရရှိမှုဟာ ၆၁-၆၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၂၁% တက်လာပါတယ်။
• အသက် ၅ဝ ကျော်တွေမှာ ပိုးတွေ့ရှိမှုတိုးလာနေတယ်။ တကမ္ဘာလုံးမှာ အသက် ၅ဝ ကျော် ပိုးရှိနေသူ ၃့၂-၃့၉ သန်း ရှိတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူအသစ်ပေါင်း ၂့၃ သန်းရှိတယ်။ ၂ဝဝ၁ နဲ့စာရင်တော့ ၃၃% ကျလာတယ်။ ကလေးတွေမှာလဲ ၅၂% လျော့နည်းလာတာဖြစ်တယ်။ သေဆုံးသူကလဲ ၃ဝ% ကျဆင်းတယ်။ ၂ဝဝ၅ တုံးက အများဆုံးသေဆုံးခဲ့ရတယ်။
• ၂ဝ၁၂ အကုန်မှာ ဝင်ငွေနည်းနဲ့ ဝင်သွေမများတဲ့နိုင်ငံတွေမှာ ဆေးရရှိသူအရေအတွက်ကို ၉့၇ သန်း ရှိအောင် ရည်မှန်းထားခဲ့တယ်။
• HIV နဲ့ TB တွဲဖြစ်နေသူတွေရဲ့ သေဆုံးမှုက ၂ဝဝ၄ ကနေတွက်ရင် ၃၆% ကျလာတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူစုစုပေါင်း ၃၅့၃ (၃၂့၂ - ၃၈့၈) သန်း ရှိတယ်။ ၁့၆ (၁့၎ - ၁့၉) သန်းမှာ AIDS နဲ့ဆိုင်တဲ့ရောဂါတွေရှိနေကြတယ်။
အင်္ဂလန်နိုင်ငံမှာ
• HIV ပိုးရှိနေသူပေါင်း ၉၈၄ဝဝ ယောက်ထုက ၂၁၉ဝဝ ယောက်ဟာ သူတို့မှာ ပိုးရှိနေတာကို မသိကြ။
• မနှစ်ကထက် ၁% တိုးလာတယ်။
• ၂ဝ၁၂ နှစ်ထဲမှာ လူနာသစ်ပေါင်း ၆၃၆ဝ ရှိလာတဲ့အထဲက ၄၇% ဟာ ရောဂါနောက်ပိုင်းအဆင့်ရောက်လာမှ ပိုးရှိနေတာကိုသိကြရတယ်။
• ပိုးရှိနေသူတွေထဲက ၄၅% ဟာ လိင်တူဆက်ဆံသူတွေဖြစ်တယ်။ ၂၈၈ဝ ယောက်ထဲမှာ လိင်တူယောက်ျားက အများဆုံးဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၃
- (အရှေ့သို့) Sleep and Light ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်
- (အနောကျသို့) Cervical length ကိုယ်ဝန်ဆောင်နဲ့ သားအိမ်လည်ပင်းအရှည် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်