Child Marriage...

WHO ရဲ့စစ်တမ်း တွေအရ ဆိုရင် နှစ်စဉ် အသက် ၁၅နှစ်အောက် မိန်းကလေးပေါင်း ၁၄.၂ သန်းကျော်ဟာ အရွယ် မ တိုင်မီ လက်ထပ် ထိမ်းမြားမှုနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ အဲ့ထဲမှာ Alemtsahye လည်း အပါအ၀င်ပါ။
Alemtsahye Gebrekidan တစ်ယောက် သူ့ကလေးဘ၀ ဆုံးခန်းတိုင်သွားခဲ့တာ အသက် (၁၀)နှစ်မှာပါ။ အဲဒီတုန်းက ကျွန်မ အပြင်မှာဆော့ နေတုန်း အမေက လှမ်းခေါ်လို့ အိမ်ထဲဝင် သွားတာ။ အမေက သမီး လက်ထပ် ရတော့မယ်လို့ ဆိုင်းမဆင့်၊ ဗုံမပါ ပြောပါတယ်။ ကျွန်မမှာ အံ့ အား သင့်လွန်းလို့ ငိုတောင် ငိုမိပါတယ်။ ဒါပေမယ့် ကျွန်မ သူတို့ကို ဘာမှ ပြန်မပြော ခဲ့ပါဘူး။ Alemtsahye ကသူမဘ၀ အပြီးတိုင် ပြောင်းလဲ ခဲ့တဲ့ နေ့အကြောင်းကို အခုလို ပြန်ပြောပြ ခဲ့ပါတယ်။
သူမအမေ ခေါ်ပြောပြီး နှစ်လကြာ တဲ့အခါ မှာတော့ Alemtsahye ဟာသူ့ထက် ၆နှစ် ကြီးတဲ့ အသက် ၁၆နှစ်အရွယ် သတို့သားနဲ့ လက်ထပ်ခဲ့ ရပါတယ်။ တကယ်တော့ Alemtsahye ရဲ့အဖြစ်ဟာ သူတစ်ဦး တည်းမှာ ဖြစ်တဲ့ အ ဖြစ်မျိုးတော့ မဟုတ်ပါဘူး။

WHO (World Health Organization) ရဲ့စစ်တမ်း တွေအရ ဆိုရင် နှစ်စဉ် အသက် ၁၅နှစ်အောက် မိန်းကလေးပေါင်း ၁၄.၂ သန်းကျော်ဟာ အရွယ် မတိုင်မီ လက်ထပ် ထိမ်းမြားမှုနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ အများစု ကတော့ အိန္ဒိယ နိုင်ငံနဲ့ အရှေ့  အလယ်ပိုင်း နိုင်ငံတွေမှာ အဲဒီ ပြ ဿနာကို အဓိက ရင်ဆိုင်နေ ရတာပါ။ ပြီးတော့ Alemtsahye လို Chad , sub-Saharan Africa - Niger, အာဖရိက အလယ်ပိုင်းနဲ့ အီသီ ယိုးပီးယား တို့က ကလေး သူငယ် တွေကလည်း အလားတူ ရင်ဆိုင်နေ ကြရပါတယ်။ အဲဒီလို အရွယ် မတိုင်မီ လက်ထပ် ထိမ်းမြား ပေးခံရ မှု နောက်မှာ ဖြစ်ပေါ် လာတဲ့ အကျိုးဆက် တွေက ကလေးသူငယ် တွေအတွက် ကြောက်ဖို့ ကောင်းလှ ပါတယ်။ အထူးသဖြင့် မိန်းကလေး ငယ် တွေဟာ လိင်မှုရေးရာ (Sexual Relationships) ကိုအရွယ် မတိုင်မီ တွေ့ကြုံကြ ရတဲ့အခါ သူတို့အတွက် တစ်သက်တာ စိတ်ဒဏ်ရာ ဒဏ် ချက် ရသွားတတ် ပါတယ်။ အဲဒါထက် ပိုဆိုးတာ ကတော့ နောက်ဆက်တွဲ ပြဿနာ တွေအဖြစ် ကိုယ်ဝန် ဆောင်ချိန် မှာနဲ့ ကလေး မီးဖွားချိန် မှာ သေဆုံးနှုန်း အလွန်မြင့် တာပဲ ဖြစ်ပါတယ်။ UN ရဲ့စစ်တမ်း အရဆိုရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အသက် ၁၅နှစ်ကနေ ၁၉နှစ်အတွင်း မိန်းက လေးငယ်တွေ အဓိက သေဆုံးရ မှုဟာ အဲဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်၊ ကလေး မီးဖွားရမှု တို့ကြောင့် ဖြစ်ပါတယ်။

တကယ်တော့ ကလေး တွေကို အရွယ် မတိုင်ခင် အိမ်ထောင်ချ ပေးတာဟာ လူသား အခွင့်အရေး ချိုးဖောက်ခြင်း တစ်မျိုး ဖြစ်ပြီး သူတို့တွေရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့သူ့ဘ၀ အခွင့်အလမ်း၊ အလားအလာ တို့ကိုပါ အဓမ္မ လုယူထား သလို ဖြစ်နေ ပါတယ်လို့ UNFPA ရဲ့ Executive Di rector ဖြစ်တဲ့ Babatunde Osotimehin က မှတ်ချက် ချပါတယ်။ ကလေး အရွယ်လေးမှာ အိမ်ထောင်ချ ပေးခံ လိုက်ရတဲ့ မိန်းကလေးဟာ သူ့ ဘ၀ တက်လမ်းတွေ အပိတ်ခံ လိုက်ရ သလိုပါပဲ။ အဲဒီအဆိုကို Alemtsahye ကသဘောတူ ပါတယ်။ အခုဆို သူမက အသက် ၃၈နှစ် ရှိပြီဖြစ် ပြီး လန်ဒန်မှာ နေထိုင်လျက် ရှိပါတယ်။ သူမက သူ့ရဲ့အရွယ် မတိုင်ခင် အိမ်ထောင်ချ ပေးခံလိုက် ရတာနဲ့ ပတ်သက်ပြီး သူမမိဘ တွေကို အ ခုချိန်ထိ စိတ်ခုနေ မိတုန်းဖြစ်ပြီး သူမဘ၀ဟာ အဲဒီအချိန် ကတည်းက ဖျက်ဆီးခံ လိုက်ရတယ်လို့ ခံစားခဲ့ ရပါတယ်တဲ့။ တကယ်တော့ ကျွန် မတို့ မင်္ဂလာပွဲကို သူ့မိဘ တွေနဲ့ ကျွန်မ မိဘတွေက ဆုံးဖြတ်ခဲ့ တာပါ။ ကျွန်မ ရွေးချယ် ခဲ့တာ မဟုတ်ဘူး လို့လည်း သူမက ဖြည့်စွက် ပြောပြ ခဲ့ ပါတယ်။

လက်ထပ် ဖို့ကိစ္စ မတိုင်ခင်က ဆိုရင် အီသီယိုးပီးယားရဲ့ မြောက်ပိုင်း Tigray province မှာနေထိုင် ခဲ့ရတဲ့ သူမရဲ့ ကလေး ဘ၀လေးက ပျော် ရွှင် စရာပါ။ လက်ထပ်ပြီး တဲ့အခါ ကျောင်းထွက် လိုက်ရ ပေမယ့် အစက ကျွန်မ ကျောင်းနေ ပါတယ်။ ကလေး ဘ၀မှာ ပျော်စရာ အမှတ် တရတွေ အများကြီး ပါပဲ။ ကျွန်မ လုပ်စရာ ရှိတာ ဆိုလို့ စားရုံနဲ့ ကစားရုံ ပဲလေလို့ သူမက ဆိုပါတယ်။ Alemtsahye တစ်ယောက်ဟာ သူမနဲ့ လက်ထပ်ရ မယ့်သူကို မင်္ဂလာ ဆောင်တဲ့နေ့ အထိ မမြင်ဖူး ခဲ့ပါဘူးတဲ့။ ကျွန်မ သူ့ကို အရင်က မသိဘူး။ ဒါပေမယ့် သူ့ကို မြင်တော့ လည်း အဆင်ပြေ ပါတယ်။ သူလည်း ကျွန်မလို ကလေးလေး ပဲလေ။ ပြီးတော့ သူ့ကြည့် ရတာ ကျွန်မလိုပဲ စိတ်မချမ်းမသာ ဖြစ်နေပုံပဲ။ အဲဒီတုန်းက သူ့အသက် ၁၆နှစ် ရှိပါပြီလို့ ပြောပါတယ်။ Equility Now ကမ်းပိန်းရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်တဲ့ Jacqui Hunt ကတော့ အဓမ္မ လက်ထပ် ထိမ်းမြား ပေးမှုမှာ မိန်းကလေးတွေမှာ ခံစားရတာ ပိုဆိုးပေမယ့် မိန်းကလေး တွေတင် သားကောင် အဖြစ်ခံ ရတာ မဟုတ်ပါဘူး။ ယောက်ျား လေးတွေဟာလည်း ငယ်ငယ် ရွယ်ရွယ်နဲ့ လက်ထပ် နေကြပြီး အဲဒါကလည်း သေချာ ဆွေးနွေး ဆန်းစစ် ကြရမယ့် ကိစ္စပဲလို့ ရှင်းလင်း ခဲ့ပါ တယ်။

ယောက်ျားလေး တွေက သူတို့နဲ့ သက်တူရွယ်တူ ဒါမှမဟုတ် သူတို့ထက် ငယ်တဲ့ မိန်းကလေး တွေကို လက်ထပ်ဖို့ ရည်ရွယ် ကြပြီး မိန်းက လေး တွေကတော့ သူတို့ထက် အတော်အတန် အသက် ကြီးတဲ့ ကောင်လေး တွေကို လက်ထပ် ကြရပါတယ်။ ဒါပေမယ့် မိန်းကလေး တွေက ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ကိုယ်ဝန် ဆောင်ရ၊ ကလေး မီးဖွားရ စတဲ့ အန္တရာယ် တွေကို ရင်ဆိုင် နေကြရ တဲ့အချိန်မှာ ယောက်ျားလေး တွေက တော့ ကျောင်းထွက် စရာတောင် မလိုပါ ဘူးတဲ့။ Alemtsahye ရဲ့ ခင်ပွန်းက သူမနဲ့ အသက် သိပ်မကွာလှ ပေမယ့် လက်ထပ် ပြီးတာနဲ့ သူမ ကျောင်းကနေ ထွက်ခဲ့ ရပါတယ်။ ပြီးတော့ အိမ်ကိုလည်း စွန့်ခွာပြီး အစဉ်အလာ အတိုင်း အီသီယိုးပီးယား ဇနီးသည် တစ်ယောက်ရဲ့ ဘ၀ကို စ တင်ခဲ့ ရတော့ တာပါပဲ။ ကျွန်မ ရေသွားခပ် ရတယ်။ ကျွန်မ ခင်ပွန်းအတွက် ချက်ပြုတ် ရတယ်။ တစ်နေ့တစ်နေ့ ဒီလိုပါပဲလို့ သူမက ပြန်ပြောင်း ပြောပြခဲ့ ပါတယ်။

သူမ အသက် ၁၃နှစ်မှာ Alemtsahye ဟာ Tefsalen လို့ခေါ်တဲ့ သားလေး တစ်ယောက် မွေးဖွားခဲ့ ပါတယ်။ သူ့သားလေးကို မွေးဖွား တဲ့အ ချိန်မှာ Alemtsahye ကိုယ်တိုင် ကိုက ကလေး အရွယ်လေးပဲ ရှိနေခဲ့ ပါသေးတယ်။ ကိုယ်ဝန် ဆောင်ထား ရတဲ့ အချိန်နဲ့ မီးဖွားရ တဲ့အချိန် တွေက Alemtsahye အတွက် တကယ့်ကို ဆိုးဝါးတဲ့ အချိန် တွေပါပဲ။ ပိုဆိုးတာက သူမရဲ့ ကလေး သာသာ ခန္ဓာကိုယ် လေးက သန္ဓေသား လွယ်ထား ရလောက်အောင် မကြံ့ခိုင် ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန် ဆောင်ထား ရချိန်မှာ ကျွန်မ ခံစားရ ခက်လွန်းလို့ ငိုခဲ့ရ ပါတယ်။ ပြီးတော့ မီးဖွားတဲ့ အခါကျ တော့လည်း ကျွန်မ ကိုယ်တိုင်က ကလေးပဲ ရှိသေးတော့ အတော် နာကျင် ခံစားခဲ့ ရပါတယ်လို့ သူမက ပြန်ပြောပြ ခဲ့ပါ တယ်။ ကိုယ်ဝန် ဆောင်ရ တာထက် ကလေး မိခင် ဖြစ်လာတဲ့ အချိန်မှာပဲ အီသီယိုး ပီးယားပာာ ပြည်တွင်း စစ်ဒဏ် အခံရဆုံး နေရာ ဖြစ် လာတော့ ပိုလို့တောင် ဒုက္ခများ လာပါတယ်။ သူမရဲ့ ခင်ပွန်း ကလည်း အသက် ၁၉နှစ် အရွယ်မှာ စစ်ထဲမှာပဲ သေဆုံး သွားခဲ့တာမို့ Alemtsa hye တစ်ယောက် တစ်နှစ် အရွယ် သားလေး တစ်ယောက် နဲ့အတူ အသက် ငယ်ငယ် ကလေးနဲ့ မုဆိုးမ ဖြစ်ခဲ့ရ ပြန်ပါတယ်။ သူမက သူမ ခင်ပွန်း အတွက် စိတ်မကောင်း ပါဘူး။ သူလည်း ဘ၀မှာ ဘာမှ မပျော်လိုက် ရပါဘူး။ ငယ်ငယ် ရွယ်ရွယ် လေးနဲ့ လက်ထပ် ရတယ်။ နောက် သူ့ဘ၀ကို စစ်ထဲမှာ အဆုံးသတ် လိုက်ရတယ်။ အဲဒါကြောင့် သားလေးကို မြင်ရင် တစ်ခါတစ်လေ ငိုမိတယ်လို့ ပြောပါတယ်။

သူမ ခင်ပွန်းသည် ဆုံးသွားပြီး တဲ့နောက် မှာတော့ သားလေးကို သူမအမေ ဆီမှာ ထားခဲ့ပြီး သူကိုယ်တိုင် ကတော့ လုပ်ခ မရတဲ့ အလုပ်သမား အဖြစ် အီဂျစ် နိုင်ငံကို ထွက်လာ ခဲ့ပါတယ်။ ရောက်ပြီး နှစ်လအကြာ မှာတော့ အီဂျစ် နိုင်ငံကို တစတစ ရောက်လာတဲ့ အာရပ်လူမျိုး ပွဲစားတွေ က သူတို့ကို အလုပ် လုပ်ပေးတဲ့ Alemtsahye ကိုအင်္ဂလန်ကို ခေါ်လာပြီး အဲဒီမှာပဲ ထားခဲ့ ပါတယ်။ ရောက်ကာစ မှာတော့ မွေးစား မိသား စု တစ်စုနဲ့ အတူ နေရပြီး နောက်တော့ ကိုယ်ပိုင် အခန်းကို ရွှေ့ လာ ခဲ့ပါတယ်။ နောက်တော့ သူမ ကျောင်းပြန် တက်ပြီး အင်္ဂလိပ်စာ သင်ပါ တယ်။ အခုဆိုရင် အီသီယိုးပီးသားက ငယ်ငယ် ရွယ်ရွယ်နဲ့ သတို့သမီး ဖြစ်ခဲ့ ကြရတဲ့ မိန်းကလေး တွေကို အကူအညီ ပေးနေတဲ့ Girls Not Brides ဆိုတဲ့ ပရဟိတ လုပ်ငန်း တစ်ခုကို ထူထောင် ထားပါတယ်။ အခုဆိုရင် အဲဒီ ပရဟိတ လုပ်ငန်းက ကလေးသူငယ် လက်ထပ်ထိမ်း မြား ပေးမှုကို တိုက်ဖျက် အဆုံးသတ်ဖို့ ဆောင်ရွက် နေတဲ့ ကမ္ဘာနဲ့ အ၀ှမ်း ချိတ်ဆက် ထားတဲ့ ကွန်ယက် တစ်ခု ဖြစ်နေပါပြီ။

Alemtsahye ကနောက်ဆုံးမှာ သူ့ဘ၀ဟာ ကောင်းကောင်း မွန်မွန် ဖြစ်လာ ခဲ့ပေမယ့် Child Marriage ကပျောက်ကွယ် သွားဦးမယ့် သဘော မရှိတာ ကိုလည်း သတိပြု မိပါတယ်။ အကယ်လို့ WHO ရဲ့ခန့်မှန်းချက် တွေသာ မှန်ခဲ့မယ် ဆိုရင် နောင်ငါးနှစ် အတွင်းမှာ ပိုပြီးတော့တောင် ပျံ့ နှံ့လာမယ့် သဘောမှာ ရှိပါတယ်။ ကျွန်မ မိန်းကလေး တွေကို ပြောချင်တာက ငယ်ငယ်ရွယ်ရွယ်နဲ့ လက်မထပ် ပါနဲ့။ ကလေး ဘ၀ကို ပီပီသသ ခံစားပါ။ ကျောင်းကို သွားပြီး လေ့လာ သင်ယူစရာ ရှိတာ တွေကို သင်ယူကြပါ။ ကျွန်မ တုန်းက ကျွန်မရဲ့ ကလေး ဘ၀ကို အဓမ္မ လုယူခံ ခဲ့ရပါတယ်။ ပညာရေး အဆုံးသတ် ခဲ့ရတယ်။ ကျွန်မ ဘာမှ မရခဲ့ဘူး။ ကျွန်မ အရာ အားလုံးကို လန်ဒန်ကို ရောက်တော့မှ သင်ယူခဲ့ ရတာလို့ Alemtsahye ကဆိုပါတယ်။ ပြီးတော့ အဲဒီ မိန်းကလေး တွေရဲ့ မိဘတွေကို သူမပါး ချင်တဲ့ အကြောင်းအရာက ပိုပြီးတာ သွားပါတယ်။ ရှင်တို့ ဘာလို့ ကလေးတွေရဲ့ ဘ၀ကို ဖျက်ဆီးချင် ကြတာလဲလို့ သူမက မေးလိုက် ပါတယ်။ ကလေး တွေကို ကျောင်းကို ပို့ပေးပါ။ စာသင် ပါစေ။ က လေး တစ်ယောက်ကို အရွယ် မတိုင်ခင် အိမ်ထောင်ချ ပေးလိုက် တဲ့အခါ ဖြစ်လာတဲ့ ပြဿနာ တွေကို သိကြ ရဲ့လား။ သူတို့လေး တွေဟာ သူ တို့ရဲ့ ကလေး ဘ၀ကို ဆုံးရှုံးသွား ရတယ်လို့ Alemtsahye ကခိုင်ခိုင်မာမာ ဆိုခဲ့ ပါတယ်။
Images from dailymail.co.uk. Source: dailymail.co.uk
Author Ei Pont
MYMC