၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြားခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး တူးခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။
တူးပြီးတဲ့နောက်မှာ အခေါင်းကို ဖွင့်ဖို့ကြိုးစားခဲ့တယ်လို့ ကမ္ဘောဒီးယား နေ့စဉ်သတင်းစာက သတင်းထုတ်ပြန်ပါတယ်။ Chin Cheanဟာ အလောင်းနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပေမဲ့ အခေါင်းက အရမ်းသေးနေတာကြောင့် အထမမြောက်ခဲ့ဘူး။ အဲဒီ့နောက် အလောင်းပေါ်မှာပဲ အိပ်ပျော်သွားတယ်လို့ သူက၀န်ခံပါတယ်။
“Chin Cheanက ဆေးကြောင်ပြီး ပုံမှန်မဟုတ်တာတွေ လုပ်လေ့ရှိတာ လူတိုင်းသိတယ်။ ရွာဘုရားမှာလည်း အ၀တ်မပါဘဲ ပတ်ပြေးနေဖူးတယ်။ Mr Chean ကို တရားရုံးမပို့ခင် ခရိုင်ရဲဋ္ဌာနကို ပို့ပြီးတော့ စစ်ဆေးမေးမြန်းမှာပါ။” လို့ ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ယောက်က ပြောပါတယ်။
Ref:dailymail.co.uk
သီဟနိုင်
Trend Myanmar
- (အရှေ့သို့) လယ်ယာမြေပြဿနာကြောင့် ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြသတ်သေခဲ့သည့် အိန္ဒိယကလယ်သမား Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းAndroid version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)
- (အနောကျသို့) သင့်ကို ဗိုက်မပြည့်စေတဲ့ အစားအသောက်တွေ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းAndroid version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)