ဒါဖတ်ပြီးမှ ကိုယ်ပိုင်ပညာသင်ကျောင်းများတွင် ကျောင်းအပ်ပါ
လက်ရှိပညာရေးစနစ်တွင် ကျူရှင်စနစ် ထွန်းကားနေခြင်းနှင့် ကျောင်းသားမိဘများက ကျူရှင်စရိတ်ပိ နေ သဖြင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအား မှန်ကန်စွာဖြင့် ချက်ချင်းလုပ်ဆောင်ရန် လိုကြောင်း ဖော်ပြ ထားသည့်ဆောင်းပါးတစ်ပုဒ်နှင့် ပညာရေးပြုပြင်ပြောင်းလဲမှု အမျိုးသားအဆင့် ဆွေးနွေးပွဲကို ပွင့်လင်းမြင်သာစွာဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည့် ဆောင်းပါးတစ်ပုဒ်ကို အခြေခံပညာ အထက်တန်း စာမေးပွဲစတင်ကျင်းပသည့် မတ်လ ၁၂ ရက်၌ ထုတ်ဝေသော စံတော်ချိန်သတင်းစာ တွင် ဖော်ပြခဲ့ပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ကမ္ဘာ့အဆင့်အတန်းမီစေရန် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရ မည်မှာအမှန်ပင်ဖြစ်ပါသည်။ ထို့အတူလက်ရှိမြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ကျူရှင်စနစ်ထွန်း ကား နေပြီး ကျောင်းသားမိဘများ ကျူရှင်စရိတ်ပိနေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ စာရေးသူဇနီး၏ တူ၊ တူမတစ်ဝမ်းကွဲအား ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်တွင် ကျောင်း တက်ကျူရှင်အပ်ရာ ကျပ်သုံးသိန်းခွဲပေးသွင်း ရမည်ဖြစ်ကြောင်း၊ တူမတစ်ယောက်ရန်ကုန်တွင် ကိုယ်ပိုင် အထက်တန်းကျောင်း၌ ဘော်ဒါအပ်နှံရာ ကျပ် ၃၈ သိန်းပေးရကြောင်း၊ အသိတစ်ဦး၏ ကလေးမှာ မူ နေ့ခင်းအစိုးရကျောင်းတက်၊ ညပိုင်းဘော်ဒါဆောင်နေခ ကျပ် ၃၁ သိန်းပေးဆောင်ရ ကြောင်း သိရပါသည်။
ထိုသို့ ကျောင်းလခငွေများ မြင့်မားစွာတောင်းခံနေကြသော်လည်း ဝန်ဆောင်မှုအပိုင်းတွင်မူ ချို့ယွင်း ချက်များစွာရှိနေသည်ကို တွေ့ရှိရပါသည်။ ကိုယ်ပိုင်ကျောင်းများသည် မိမိတို့ကျောင်းသားဦးရေ များ များရရှိစေရန်အတွက် ကြော်ငြာများတွင် ကောင်းကွက်များကို ရေပက်မဝင်အောင်ကြော်ငြာကြသည် ကိုတွေ့ရှိရပါသည်။ နောက်ပိုင်းတွင်လည်း စာမေးပွဲမတိုင်မီကာလအထိ ကျောင်းသားများထံမှ အခ ကြေးငွေအမျိုးမျိုးကောက်ခံ နေကြသည်ကိုတွေ့ရှိပါသည်။ အဆိုးဆုံးမှာ ကိုယ်ပိုင်ကျောင်းဖြစ်သဖြင့် စည်းမျဉ်းဥပဒေများ တိကျစွာမရှိဘဲ ကျောင်းသားများကို ကျောင်းထုတ်သည်အထိ အရေးယူနေခြင်း ပင်ဖြစ်ပါသည်။
ယခုဤဆောင်းပါးကိုရေးသားတင်ပြရခြင်းမှာလည်း ယခုနှစ် အခြေခံပညာအထက်တန်း စာမေးပွဲ ဖြေဆိုနေသော ကျောင်းသားတစ်ဦးနှင့် သူ၏ဖခင်ဖြစ်သူတို့၏ လက်ရှိခံစားရသည့်အဖြစ်အပျက်ကို သတင်းမီဒီယာမှ တင်ပြပေးရန် အကူအညီတောင်းခံလာ၍ ဖြစ်ပါသည်။
ကျောင်းသား၏ ဖခင်ဖြစ်သူမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်မြို့နယ်တွင် နေ့စဉ်အ လုပ်ဆင်းရင်း ပုံနှိပ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ ကိုယ်ပိုင် အထက်တန်းကျောင်း များ ခေတ်စားလာချိန်တွင် ကြော်ငြာပါအကြောင်းအရာများကို ယုံစားပြီးအဋ္ဌမတန်းအောင်သူ၏ သားအား နဝမတန်းမှစ၍ နေ့ကျောင်းတက်သင်တန်းသို့ ကျောင်းဝင်ကြေး ကျပ် ၈၀၀၀၀၊ ကျောင်းလခ ကျပ် ၂၅၀၀၀ ဖြင့် အပ်နှံခဲ့သည်။ ကျောင်းစစ်စာမေးပွဲဖြစ်၍ ကောင်းမွန်စွာအောင်မြင်ခဲ့သည်။ ဤတွင်ကျူ ရှင်မှ ယခုနှစ်သည် ၁၀ တန်းဖြစ်၍ အရေးကြီးကြောင်း၊ သူ၏သားသည်အရည်အချင်းရှိသူဖြစ်၍ ညအိပ် ဘော်ဒါထားပါက သုံးဘာသာခန့်ဂုဏ်ထူးရနိုင်ကြောင်း စည်းရုံးပြောဆိုခဲ့ရာ မိဘဖြစ်သဖြင့် သားသမီး ဇောဖြင့် ကျောင်းဝင်ကြေး ကျပ် ၂၅၀၀၀၀၊ ကျောင်းလခကျပ် ၅၀၀၀၀ ဖြင့်ကျောင်းအပ်ခဲ့ပါသည်။
စာမေးပွဲပြီး အောင်စာရင်းမထွက်မီ အချိန်အထိတစ်ဘာသာဂုဏ်ထူးရကြောင်း မိဘများအား အသိပေး ခဲ့ပါသည်။ သို့သော်လည်း အောင်စာရင်းထွက်သောအခါ မပါဘဲကျရှုံးခဲ့ပါသည်။ ထိုအခါတွင်လည်း တစ်ဘာသာ၊ နှစ်ဘာသာခြေချော်လက်ချော်ဖြစ်ပါက စာမေးပွဲကျတတ်ကြောင်း၊ ထို့ကြောင့် ဤနှစ် တွင်လည်း ညအိပ်ဘော်ဒါအပ်နှံပြီး တက်ရောက်စေပါက အောင်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြန်ပါ သည်။ ထို့ကြောင့် မိဘဖြစ်သူက ယုံကြည်ပြီးကျောင်းဝင်ကြေး ကျပ် ၅၀၀၀၀၊ ကျောင်းလခ ကျပ် ၄၀၀၀၀ ဖြင့်ဆက်လက်ထားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်အောက်တိုဘာလရောက်သောအခါ ဝင်ကြေးကျပ် ၁၀၀၀၀၀၊ လခကျပ် ၅၅၀၀၀ ဖြင့် ညအိပ်ဘော်ဒါထားရန်ပြောသဖြင့် ထားခဲ့ရကြောင်းပြောပြသည်။
ကျောင်းလခမှာလည်းတစ်နှစ်လျှင် ၁၂ လစာပေးရကြောင်း လစဉ် လဆန်း ၅ ရက်နေ့မတိုင်မီ ကြိုတင် ပေးချေရကြောင်း၊ ဆရာကန်တော့ပွဲအပါအဝင် အလှူငွေများ မကြာခဏကောက် ခံကြောင်း၊ ကျောင်းဝတ်စုံကိုလည်း မတန်တဆဈေးဖြင့် ဝယ်ရကြောင်း၊ စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူရာတွင် လည်းမိဘ၏ချမ်းသာကြွယ်ဝမှု၊ ရာထူးရှိမှုများကိုလိုက်၍ ဘက်လိုက်မှုများရှိကြောင်း၊ ၁၀ တန်းစာမေး ပွဲနီးလျှင် မအောင်နိုင်မည့်သူများကို အပြစ်ရှာ၍ ကျောင်းထုတ်လေ့ရှိပြီး ကျောင်းအောင်ချက် ရာခိုင်နှုန်း ကိုမြှင့်တင်လေ့ရှိကြောင်း၊ ကျောင်းထုတ်အပြစ်ပေးရာ တွင်လည်း ကျောင်းလခရယူပြီးမှ သာ ကျောင်း ထုတ်လေ့ရှိကြောင်း ရင်ဖွင့်ပြရှာသည်။
ထို့ထက်ပိုဆိုးသည်မှာ ၎င်း၏သားဖြစ်သူအား စာမေးပွဲဖြေဆိုခါနီး ၉-၃-၂၀၁၄ ရက်တွင် ရေအိမ်၌ထွက် လာသော ကျောင်းသား၏ လွယ်အိတ်အား ကျူရှင်ကျောင်းပိုင်ရှင်၏ ဇနီးနှင့်မောင်ဖြစ်သူတို့က အတင်းဆွဲ ရှာဖွေ၍ လွယ်အိတ်ထဲ၌ ရည်းစားစာတွေ့သည်ဆိုပြီး ည ၁၀ နာရီခန့်တွင် မိဘကိုခေါ်ကာ ကျောင်း ထုတ်ကြောင်း အသိပေးသဖြင့် အိမ်သို့ပြန်လည်ခေါ်ဆောင်စေခဲ့ကြောင်း၊ ထို့ကြောင့်ကျောင်း ပိုင်ရှင်၏ ဇနီးဖြစ်သူအား အုပ်ထိန်းသူများကတောင်းပန်ရာ လက်ခံသဖြင့်ကျောင်းသို့ ပြန်လည်စေ လွှတ်ခဲ့ရာ ကျူရှင်ကျောင်းအုပ်ဖြစ်သူက လာစရာမလိုကြောင်း လူပုံအလယ်တွင်ပြောကြားနှင်ထုတ်ခဲ့ သဖြင့် သူ၏သားဖြစ်သူမှာငိုယိုပြီး ပြန်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။ ၎င်းတို့၏ နစ်နာချက်များအား အများ ပြည်သူ သိရှိနိုင်ရန်အတွက် စာနယ်ဇင်းများမှ တင်ပြပေးပါရန်လာရောက် အကူအညီတောင်းခံလာခြင်း ဖြစ်ပါသည်။
စာရေးသူကလည်း မြို့နယ်ပညာရေးမှူးရုံးများထံ တင်ပြသင့်ကြောင်းအကြံပေးခဲ့ပါသည်။ ဤသည်ကို ကြည့်ပါကကိုယ်ပိုင်ပညာရေးကျောင်းများသည် ကျောင်းသားများအား အရေးယူအပြစ်ပေးရာတွင် လည်းကောင်း၊ သင်ကြားရေးအပိုင်းတွင် ချို့ယွင်းချက်တွေ့ရှိလျှင်သော်လည်းကောင်း၊ ကျောင်းသား မိဘများအနေဖြင့် မည်သို့မှ မတတ်နိုင်ဆိုသည့် အချက်ကို ရှင်းပြလိုခြင်းဖြစ်ပါသည်။ ကျန်ဝန်ဆောင်မှု အပိုင်း (စားသောက်နေထိုင်ရေး) များနည်းတူ သင်ကြားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကိစ္စရပ်များ အား ကိုယ်ပိုင်ပညာသင်ကျောင်းများထံတွင် ‘ဝကွက်’ အပ်ထားခြင်းဖြစ်သဖြင့် ထိန်းချုပ်ရန်လိုအပ်နေ သည်ဟု စာရေးသူထင်မြင်ပါသည်။
ထို့ကြောင့် ကိုယ်ပိုင်ပညာရေးကျောင်းများ၏ စားသောက်နေထိုင်ရေး၊ သင်ကြားရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကိစ္စရပ်များအား မြို့နယ်ပညာရေးမှူးရုံးများ၏ အနီးကပ်ကြီးကြပ်စေပြီး စည်းကမ်းအရ အရေးယူအပြစ်ပေးခြင်း၊ ကျောင်းထုတ်ခြင်းကိစ္စရပ်များအား ခရိုင်ပညာရေးမှူးများ၏ အတည်ပြုချက် ရယူပြီးမှ ဆောင်ရွက်သင့်ကြောင်း စာရေးသူကအကြံပြုလိုပါသည်။
ပညာသင်နှစ်တစ်နှစ်အတွက် ကျောင်းအပ်နှံခြင်းသည် မိဘများအနေဖြင့်ငွေကြေးနှင့် ကလေး ၏နောင် ရေးကိုပါ ရင်းနှီးမြှုပ်နှံခြင်းဖြစ်သကဲ့သို့ ကျောင်းသားအနေဖြင့်လည်း အချိန်နှင့်လုံ့လဝီရီယကို ရင်းနှီး မြှုပ်နှံရခြင်းဖြစ်၍ အလွန်အရေးပါသော ကိစ္စဖြစ်ပါသည်။
ထို့ကြောင့်ကိုယ်ပိုင်ပညာရေးကျောင်းများတွင် မိမိ၏ကလေးများအား ကျောင်းအပ်မည်ဆိုပါက ဤ ဆောင်းပါးပါ အဖြစ်အပျက်များအား လေ့လာဖတ်ရှုပြီးမှ ကျောင်းအပ်မည်၊ မအပ်မည်ကို ဆုံးဖြတ်သင့် ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ။
စံတော်ချိန်သတင်းစာ
အတွဲ(၁)၊ အမှတ်(၃၃၉)၊ မတ်လ(၁၈)ရက်၊ ၂၀၁၄ ခုနှစ်
Via: Maukkha Education Magazine
- (အရှေ့သို့) အပေါစားဆန်ခြင်းနှင့် Sexy ကျခြင်းမှာ ကွဲပြားကြောင်း ကိတ်အပ်တန် မှတ်ချက်ပြု Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းAndroid version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)
- (အနောကျသို့) ကလေးများမှာလည်း နှလုံးသားရှိပါသည် Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းAndroid version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)