၁၃ နှစ်အောက် ကလေးများ နားမထောင်ရ ဆိုတဲ့ ကျားပေါက်ရဲ့ သီချင်းသစ်နှစ်ပုဒ်

Big Bag အဖွဲ့က သူတို့ရဲ့ စီးရီးသစ် We are Big Bag စီးရီး မထွက်ခင် မှာ စီးရီးထဲက သီချင်းသစ် နှစ်ပုဒ် ကို အွန်လိုင်း Single အနေနဲ့ ထွက်ရှိလာပါ တယ်။ စီးရီးသစ် မှာ ပါဝင်မယ့် သီချင်းများထဲက “မျက်နှာရူး” နဲ့ “သည်းခံ” ဆို တဲ့ သီချင်းသစ် နှစ်ပုဒ်ကို မေလ ၂ဝ ရက်နေ့က အွန်လိုင်း ဈေးကွက်မှာ စတင် ရောင်းချခဲ့ ပါတယ်။
အွန်လိုင်း Single ရောင်းချရာမှာ အသုံးပြုတဲ့ စီးရီး ကာဗာဒီဇိုင်း ကိုတော့ မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအမ် ရဲ့ပုံနဲ့ ပွဲထွက် လာခဲ့တာကြောင့် ပရိသတ်များရဲ့ အထူး စိတ်ဝင်စား မှုကို ခံခဲ့ရပြီး ၁၃ နှစ်အောက် ကလေးများ နား မထောင်ရ ဆိုတဲ့ စာသားကိုလည်း ကာဗာမှာ ရေးထားတဲ့ အတွက် ဒီသီချင်းနှစ်ပုဒ် အပေါ် စိတ်ဝင်စားမှု ဒီရေ မြင့် တက်ခဲ့ ကြပါတယ်။ ၁၃ နှစ်အောက် ကလေးများ နား မထောင်ရ ဆိုတဲ့ စာသား ထည့်သွင်း ထားခြင်းနဲ့ ပတ် သက်ပြီး ကျားပေါက်က..
”အခုက ကလေးတွေ မှာလည်း ဖုန်းရှိတယ်။ Download လုပ်တယ် ဆိုတာက လူတိုင်း လုပ်လို့ရ တယ်။ ဒါပေမဲ့ ဒါကို ဘယ်လို Control လုပ် ရမလဲ ဆိုတာတော့ ကျွန်တော် တို့လည်း Goverment မဟုတ်တော့ သိပ်မသိ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်က လုပ်လို့ ရသလောက် ကတော့ အခုလို အသက် Level တစ်ခုတော့ ထည့် ပေးတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနက ပြော သလို Download က လူတိုင်း လုပ်လို့ ရတဲ့ အတွက် ကျွန်တော် တို့ဘက်က လုပ်ပေး ရမယ့် တာဝန်ယူ မှုအရ လုပ် တာပါ။ ဒီမိုကရေစီ ခေတ်ရောက် သွားပြီလေ။ ကိုယ့် တာဝန် ကိုယ် ယူရတော့မယ်။ ကိုယ့် သီချင်း ကို ရောသော ပေါသောနဲ့ ၁၁ နှစ်၊ ၁၂ နှစ် ကလေးတွေ ဆိုရင် လည်း ငါ့အခွေပေါက်တာ ပဲ ဆိုပြီး မလုပ်ချင်ဘူး။ ဒီခေတ်ကြီးထဲမှာ Responsibility ယူရမယ်လို့ ထင်တယ်” လို့ပြောတဲ့ ကျားပေါက်ကို
ဒီအခွေ ကျမှ ဒီလိုထည့် ထားရတာ ကကော ဘာကြောင့်လဲ ဆိုတော့ “အရင် အခွေတွေကတော့ ကိုယ့်ဟာ ကိုယ်တောင် ဆင်ဆာ မနည်း လွတ်အောင်ကွေ့ ရှောင် လုပ်နေ ရတာ။ ဒီအခွေ မှာ အဓိက ကတော့ ဒီထဲမှာ Adult Language တွေ ပါတာ ပေါ့။ ကိုယ့်ကိုယ် ကိုယ် မညာချင်ဘူး။ ရှေ့မှာ ထားပါတော့ Slow သီချင်းတွေ ဆိုပြီး ဝေဖန် ခဲ့ကြတဲ့ သူတွေလည်း တစ်ခေါက် ပြောဖူးပါတယ်။ ကျွန်တော် မကြိုက်ရင် ကျွန်တော် မဆိုဘူးလို့။ ကိုယ်တိုင် တကယ် ကြိုက်တော့မှပဲ လုပ်ချင်တယ်။ အခု အချိန်မှာ ဆင်ဆာလည်း မရှိတော့ ဘူး။ ဆင်ဆာ ရှိတုန်းကတော့ ညာရတယ်။ အခုကျတော့ ရေးလို့လည်း ရနေပြီဆိုတဲ့ အချိန်မှာ ဆက်ပြီး အကျဉ်းကျမခံ ချင်ဘူး။ ကိုယ် တကယ် သီချင်းကို ဒီလောက်ပေါက်ကွဲမှ၊ ဒီလောက် စာသား သုံးနှုန်းမှ ကျေနပ်တဲ့ Level တစ်ခု ရောက်မယ်ဆို ထည့်လိုက်တယ်။ ၁၈ နှစ်ကျော် ကျွန်တော် တို့ လိုအရွယ်တွေ ကျတော့ Adult Language ဆိုတာ ဘာမှ မထူးတော့ဘူးလေ။ အပြင်မှာလည်း နေထိုင် သုံးနှုန်းပြောဆိုနေတာ ဆို တော့ ဒါက ကြားရတာ ဘာမှမဖြစ်ဘူး။ ကလေးတွေ ကျတော့ ဒါကနေ စသွားတယ် ဆိုတာ မဖြစ်စေချင်ဘူး။ အခု ကျွန်တော့် သီချင်းတချို့ကို ကျွန်တော့် သမီးကိုတောင် ပေးနား မထောင်ဘူး” လို့ ကျားပေါက်က ဆင်ဆာ လွတ်လပ် ချိန်မှာ သူ့စိတ်သူ ဆက်ပြီး အကျဉ်းကျ မခံချင်တော့တဲ့ အကြောင်းကို ပြောပြ လာပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ် ရုပ်ပုံကို အသုံး ပြုထားခြင်းနဲ့ ပတ်သက်ပြီး ကျားပေါက်ပြောတာ ကတော့ သူ့အနေနဲ့ ကင်ဂျုံ အမ်ကို သဘောကျတဲ့ အတွက် သူငယ်ချင်းတွေ နဲ့တိုင်ပင်ပြီး အခုလို ပြုလုပ် လိုက် တာပါလို့ ပြောပြီး တခြား အကြောင်း အရာ ထွေထွေ ထူးထူးတော့ မရှိပါဘူး လို့ ပြောခဲ့ပါတယ်။
ရဲရဲ
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ငှက်ပျော်သီးတွေ ကြာရှည်ခံအောင်လုပ်နည်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) အမေရိကန် နာမည်ကျော် စာရေးဆရာမ မာယာ အန်ဂျလို ကွယ်လွန် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ