စမတ်လက်ပတ်နာရီ ဈေးကွက်တွင် ပိုမိုထိုးဖောက်လာရန် Microsoft ရည်ရွယ်
Microsoft ကုမ္ပဏီ အနေဖြင့် စမတ်လက်ပတ်နာရီများ ထုတ်လုပ်သည့် ဈေးကွက်တွင် ထဲထဲဝင်ဝင် ပါဝင် ရန် အလွန်အလေးအနက်ထား လုပ်ဆောင်နေကြောင်း သိရှိရသည်။ ဈေးကွက်သုတေသန မဂ္ဂဇင်းကြီး တစ်ခုဖြစ်သည့် Forbesက ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သည့် ကွန်ပျူတာ စနစ်များ ထုတ်လုပ်သည့် ပြိုင်ဆိုင် မှုတွင် အမေရိကန် နည်းပညာ လုပ်ငန်းကြီးသည်လည်း အထင်ကရ ခြေလှမ်းတစ်ခု စတင်ရန် ကြိုးစားနေကြောင်း ဖော်ပြခဲ့သည်။ Xbox ဂိမ်းစက်များတွင် လှုပ်ရှားမှု အာရုံခံ စနစ်ကို ထည့်သွင်းထားသည့် Kinectကို တီထွင်နိုင်ခဲ့သည့်နောက် လှုပ်ရှားမှု အာရုံခံစနစ် ပါရှိသည့် စမတ်လက်ပတ်နာရီ တစ်မျိုးကို ဖန်တီးတီထွင်ရန် Microsoftက စိုင်းပြင်းနေကြောင်း Forbesက ဆိုသည်။

လက်ရှိတွင် အဆိုပါ နယ်ပယ်၌ Samsungနှင့် Sonyတို့က ခြေလှမ်းစတင်နေပြီး Appleနှင့် Google တို့က လည်း ကိုယ်ပိုင် စမတ်လက်ပတ်နာရီများ ထုတ်လုပ်ရောင်းချရန် ကြိုးပမ်းနေကြောင်း သတင်းများ ပျံ့နှံ့လျှက် ရှိသည်။ Microsoft၏ စမတ်လက်ပတ်နာရီသည် Wi-Fiကွန်ရက်မှတစ်ဆင့် စမတ်ဖုန်းမှ အချက်အလက် များကို ကူးယူချိတ်ဆက်နိုင်ပြီး အာရုံခံစနစ်လည်း သီးခြား ပါရှိလာနိုင်ကြောင်း Forbes က သုံးသပ်ရေးသား ခဲ့သည်။ ပြီးခဲ့သည့်လက ဈေးကွက် သုတေသနဌာန IDCက ယခုနှစ်အတွင်း စမတ်လက်ပတ်နာရီ ရောင်းချ ရမှု အရေအတွက်သည် ယမန်နှစ်ကထက် (၃)ဆတိုးပြီး (၁၉)သန်းမျှ ရှိလာမည်ဟု ခန့်မှန်းခဲ့သည်။ (၂၀၁၈)ခုနှစ်တွင်မူ စမတ်လက်ပတ်နာရီ အလုံးရေ (၁၁၂)သန်းမျှထိ ရောင်းထွက်ဖွယ် ရှိနေကြောင်းလည်း သိရသည်။
“ဈေးကွက်ထဲမှာ စမတ်လက်ပတ်နာရီ အသစ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဝယ်လက်တွေက ပိုပြီး နားစွင့်လာကြတယ်။ သုံးစွဲသူတွေက ထုတ်ကုန်တစ်ခုရဲ့ ဒီဇိုင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းတွေကို အဓိကထား သုံးသပ်ကြပါတယ်။ ဒီအတွက်လည်း ကုမ္ပဏီတွေက နာရီတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြင့်သ ထက်မြင့်အောင် အားထုတ်လာကြတာပါ”ဟု IDCမှ သုတေသန မန်နေဂျာ ရေမွန်လီယာမက်စ် က ပြောကြားခဲ့သည်။ Appleသည် iWatchဟု ယေဘုယျ အမည်သညာပြုထားသည့် စမတ်လက်ပတ်နာရီ ကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း ကာလရှည်ကြာ သတင်းထွက်နေသည့်တိုင် ယင်းကိစ္စအတွက် တစ်စုံ တစ်ရာ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ထူးခြားတဲ့ အဆီချနည်းများ.. Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း