ကစီဓါတ် ပါဝင်သည့် အစားအစာများက အူမကြီး ကင်ဆာအန္တရာယ် လျှော့ချနိုင်
ကစီဓါတ် စားသုံးခြင်းသည် အနီရောင်အသားများ စားခြင်းနှင့် ဆက်စပ်လျက် ရှိသည့် အူမကြီးကင် ဆာဖြစ်ပွားမှု အန္တရာယ် ကိုလျှော့ချ နိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။
““အနီရောင် အသားများနှင့် ကစီဓါတ်တို့ဟာ အူမကြီး ကင်ဆာဖြစ် ပေါ်စေတဲ့miRNA မျိုးဗီဇ ပစ္စည်းကို သက်ရောက် ပုံချင်း မတူပါဘူး။ ကစီဓါတ်ပါတဲ့ အစာတွေ စားသုံးတာဟာ အနီရောင် အသားတွေစားခြင်း ကြောင့်ဖြစ်ပေါ်နိုင်တဲ့ အူမကြီး ကင်ဆာ အန္တရာယ်ကို လျှော့ချပေးနိုင်ပါ တယ်”” ဟု သုတေသီ Karen j.Humphreys ကဆိုသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင် အသားစားသုံး မှုမှာ ၁၉၆၀ ခုနှစ်များကတည်းက စတင်မြင့် တက်လာပြီး အချို့နိုင်ငံများ တွင် နှစ်ဆခန့်ပင်မြင့်တက်လာခဲ့ သည်။
အစာချေစနစ်ကို ခံနိုင်ရည်ရှိ သည့် အကြမ်းခံကစီဓါတ် (resistant starch)သည် အစာအိမ်၊ အူသိမ်တို့ရှိ အစာချေ စနစ်ကိုခံနိုင်ရည်ရှိပြီး အူမ ကြီးသို့ရောက်သည့်အခါမှအကျိုးပြု ဘက်တီးရီးယားများက အချဉ်ဖောက် ပေးသော ကြောင့် short chain fatty acid အမည်ရှိ အကျိုးပြု မော်လီကျူးများ ထွက်ပေါ်လာသည်။
““အကြမ်းခံကစီဓါတ် အမြောက် အမြားပါဝင်တဲ့ အစားအစာကတော့ မှည့်ခါနီး ငှက်ပျောသီး၊ အာလူး၊ အစေ့ အဆန်၊ ပဲတို့ ဖြစ်ပါတယ်။ ပြောင်းဖူးစေ့ကိုလည်း အကြမ်းခံ ကစီဓါတ် အမြောက်အမြားပါဝင်လာ အောင် သိပ္ပံပညာရှင်တွေ တီထွင်နေ ကြပါတယ်”” ဟုHumphreys က ဆိုသည်။
သုတေသနတွင် ပါဝင်စမ်းသပ် ခံမည့်သူများအား အနီရောင်အသား (၃၀၀) ဂရမ်ကို လေးပတ်ကြာကျွေး စေခဲ့ရာ (၃၀) ရာခိုင်နှုန်း၏ စအို တစ်ရှူးများ၌ အူမကြီးကင်ဆာနှင့် ဆက်စပ်နေသည့် miRNA မျိုးဗီဇ ပစ္စည်းများမြင့်တက် လာပြီး ဆဲလ်ပွား နှုန်းပါများပြားလာသည် ကိုတွေ့ရ သည်။ အနီရောင်အသားများနှင့် အကြမ်းခံကစီဓါတ် နေ့စဉ် (၄၀) ဂရမ်စားသုံးသူများ၌ လေးပတ် အကြာတွင် miRNA ပမာဏပြန် လည်ကျဆင်းလာသည်ကို တွေ့ရသည်။
ဇော်ကို
Ref;MDI

Health Updates Journal No,(132)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook