တစ်ရေးတစ်မော အိပ်ရန် သင့်လျော်ချိန်နှင့် နည်းလမ်းများ

နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်ခြင်းမှာ သက်သောင့် သက်သာဖြစ်စေပြီး စိတ်ပင်ပန်းခြင်းကို လျှော့ချပေးကာ သတိရှိ မှုနှင့် စိတ်ခံစားချက် ပိုကောင်းစေပြီး မှတ်ဉာဏ် ပိုကောင်းခြင်း၊ စိတ် ရှုပ်ထွေးမှု လျှော့ချပေးခြင်း၊ အမှား နည်းပါးအောင် ကူညီပေးနိုင်ခြင်း တို့ကဲ့သို့ စိတ်စွမ်းရည်ကို မြင့်တက် စေနိုင်ကြောင်း မေယိုဆေးရုံမှ ကျန်းမာရေး ကျွမ်းကျင်သူ များက ပြောသည်။

နေ့ခင်းဘက် မည်မျှကြာကြာ တစ်ရေးအိပ်မည်၊ မည်သည့် အချိန်တွင် အိပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ကျန်းမာရေး ပညာရှင်များ၏ လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်ပါသည်။

နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်ခြင်းမှာ လူတိုင်းနှင့် မသင့်လျော်ပေ။ အကယ်၍ သင်သည် ညဘက် အိပ်b မပျော်လေ့ ရှိပါက နေ့ခင်းဘက် အချိန်အကြာကြီး အိပ်ခြင်း(သို့) နေ့ခင်းဘက် အချိန်အလွန်နောက်ကျပြီးမှ တစ်ရေးတစ်မော အိပ်ခြင်းမှာ ညဘက်(သို့)အိပ်ပျော်ရန် (သို့) နှစ်နှစ် ခြိုက်ခြိုက်အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေသည်။ သို့သော်လူအများစုအတွက် နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်စက်ခြင်းမှာ ပိုမိုလန်းဆန်းပျော်ရွှင် စေသည်။

နေ့ခင်းဘက်တွင် မိနစ် ၂၀ မျှ အိပ်စက်ပေးခြင်းဖြင့် နိုးနိုးကြားကြားရှိမှုနှင့် စိတ်အာရုံစူးစိုက်မှုကို အားကောင်းစေ သည်။ နှစ်ခြိုက်စွာ အိပ်ပျော်သော အချိန်များအပါအ၀င် မိနစ် ၉၀ ကြာတစ်ရေးတစ်မော အိပ်ပေးခြင်းဖြင့် ဖန်တီးနိုင် မှုကို အားကောင်းစေနိုင်သည်။

သို့သော်အိပ်နေရင်း နိုးသွားပါက လန်းလန်းဆန်းဆန်းဖြစ်မည့် အစား ပင်ပန်းနွမ်းနယ်စေသည်။ ယင်းအချိန်မပြည့် ခင် အကြောင်း တစ်ခုခုကြောင့် နိုးသွားပါကလည်း ပင်ပန်းနွမ်းနယ်နိုင်သည်။

နေ့လယ် ၁ နာရီနှင့် ၃နာရီကြား တစ်ရေးတစ်မောအိပ်ခြင်းမှာ အကောင်းဆုံး အချိန်ဖြစ်သည်ဟု ကျန်းမာရေး သတင်းဝက်ဘ်ဆိုက် Prevention.com က ဖော်ပြသည်။

တိတ်ဆိတ်ငြိမ်သက်၍ အလင်းရောင်မရှိသော မပူလွန်း၊ မအေးလွန်းသည့် နေရာတစ်နေရာရှာပြီး တစ်ရေး တစ်မော အိပ်စက်ရန် ကျွမ်းကျင်သူများက အကြံပေးထားသည်။ ကြိုးပုခက်ဖြင့် အိပ်စက်ခြင်းမှာ အိပ်ရာထဲ အိပ်စက်ခြင်းထက် ပိုမိုနှစ်ခြိုက်စွာ လျင်လျင်မြန်မြန်စွာ အိပ်ပျော်စေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သုတေသီများ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ကော်ဖီသောက်ပြီး အိပ်စက်ပါဆိုခြင်းမှာ ထူးဆန်းနေ သော်လည်း ကော်ဖီသောက်၍ တစ်ရေးတစ်မော အိပ်ခြင်းဖြင့် အိပ်ပြီးနောက် နိုးနိုးကြားကြားဖြစ်စေရန် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ သုတေသီ များကပြောသည်။ ကဖိန်းဓာတ်မှာ အပြည့်အ၀အစွမ်းပြရန် မိနစ် ၂၀ မှ ၃၀ အထိကြာမြင့်လေ့ရှိသောကြောင့် မိနစ် ၂၀ ကြာ အိပ်စက်ပါက ပို၍ပင် နိုးနိုးကြားကြားရှိစေမည်ဖြစ်သည်။

ညဘက်အိပ်စက်ချိန်အစား နေ့ခင်းဘက်တစ်ရေးတစ်မောမအိပ်ပါနှင့်။ တစ်ရေးမအိပ်ဘဲ တစ်နေ့တာဖြတ်ကျော်ရန် အလွန်ပင်ပင်ပန်းနေပြီဟု ခံစားရပါက ညဘက်လုံလောက်သော အိပ်ချိန်မရှိခြင်းကြောင့် ဖြစ်နိုင်သည်။ နေ့ခင်းဘက် အိပ်စက်ခြင်းမှာ ကျန်းမာရေးအတွက်ကောင်းသော်လည်း ညဘက်ဆုံးရှုံးသွားသော အိပ်စက်ချိန် အစား နေ့ခင်းဘက်မအိပ်ရန် ကျန်းမာရေးကျွမ်းကျင်သူများက ညွှန်ကြားထားသည်။

အိပ်ရေးမ၀ခြင်းကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရနိုင်ပြီး မတော်တဆဖြစ်မှုနှင့် အခြားအန္တရာယ်များလည်း ဖြစ်နိုင်သည်။ 


—Ref: RD Asia
7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...