သမားတော်များနှင့် လက်ထပ်ခြင်း၏ ကောင်းကျိုးများ
University of Michigan ဆေးကျောင်းမှ ပြုလုပ်ခဲ့သော လေ့လာမှုအရ သမားတော်များသည် နောက်ကျမှ လက်ထပ်လေ့ရှိပြီး၊ ၎င်းတို့ရဲ့ လက်ထပ်မှုဟာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ကြုံပါစေ ခိုင်မြဲလေ့ ရှိကြောင်း အခြားသော လုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင် သူများထက် မိသားစုနှင့် ကြင်ဖော်ကို အချိန်နှင့် ဂရုစိုက်မှုပို ပေးလေ့ ရှိကြောင်း သိရသည်။ လေ့လာမှုများက သမားတော် များနှင့် ၎င်းင်းတို့၏ ကြင်ဖက်များအားဆေး ပညာရှင် အချင်းချင်း လက်ထပ်ရာမှာ မည်ကဲ့သို့ပြုမူကြသည် ဆိုသည့် ဖြစ် ရပ်မှန်များကို မေးမြန်ခဲ့ကြသည်။
မိုင်ကိ
Ref;Medindia
ရလဒ်များအရ ဇနီးမောင်နှံနှစ်ဦးတွင် တစ်ဦးက သမားတော်ဖြစ်စေ (သို့) နှစ်ဦးစလုံး သမားတော်ဖြစ်နေသည့် အိမ်ထောင်စုများ၌ အောက်ပါ နည်းစနစ်များအား လိုက်နာကြောင်း တွေ့ခဲ့ရသည်။ (၁) အချင်းချင်း အပြန်ပြန် အလှန်လှန် အားကိုးခြင်း၊ (၂) မိသားစုဝင်တိုင်း၏ တန်ဖိုးကို နားလည်ကြခြင်း၊ (၃) မူဝါဒစည်း ကမ်းများကို အတူတူ ချမှတ်ကြခြင်း၊ (၄) မိသားစုဆက်ဆံရေးမှာ သမား တော်ပါဝင်ခြင်း၏ကောင်းကျိုးကို အသိအမှတ်ပြုခြင်း စသည်တို့ကို လိုက်နာလေ့ရှိကြောင်း တွေ့ရသည်။ အင်တာဗျူးများတွင် ပါဝင်သူများက အိမ်တွင် ၎င်းတို့တာဝန်က ဘာဆို တာကို နားလည်ကြပြီး၊ မိမိ၏ အဖော်က မည်သည့်တာဝန်များကို လုပ်ဆောင်နိုင်ကြောင်း နားလည် ကြသည်ကို တွေ့ခဲ့ရသည်။ သမားတော်များကိုပြုလုပ်ခဲ့သည့် အင်တာဗျူးများ၌ မိသားစု၊ အိမ်ထောင်ဖက်နှင့် ဝေးကွာနေခြင်းက ၎င်းင်းတို့၏အလုပ် အပေါ်ကို သက်ရောက်မှုရှိစေ ကြောင်းဖြေကြားခဲ့သည်။
မိုင်ကိ
Ref;Medindia
Health Updates Journal No,(132)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook