ဂျာမန် အမျိုးသားများက ကမ္ဘာ့အဆိုးဆုံး လိင်ဆက်ဆံဖက်ဖြစ်လာ
ဂျာမန် အမျိုးသားများသည် ကမ္ဘာပေါ်တွင် အညံ့ဖျင်း ဆုံး လိင် ဆက်ဆံဖက် များဖြစ်ကြောင်း
သုတေသန ၀က်ဘ်ဆိုဒ် တခု ဖြစ်သည့် Onepoll.com ၏ စစ်တမ်း တစ်ခုကို ကိုးကားကာ
တယ်လီဂရပ်ဖ် သတင်းစာက ယခင်သီတင်းပတ် တွင် ရေးသားခဲ့သည်။
အဆိုပါ ၀က်ဘ်ဆိုဒ်က နိုင်ငံပေါင်း၂၀ မှ အမျိုးသား အတော် များများနှင့် ကာမ စပ်ယှက်ဖူးသည့်
အမျိုးသမီး ၁၅,၀၀၀ ကို စစ်တမ်းကောက် ခံပြီးနောက် ယခုကဲ့သို့ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
ထိုအညံ့စာရင်း၌ ဂျာမန် လူမျိုးများပြီးလျှင် အင်္ဂလိပ်လူမျိုးများမှာ ဒုတိယနေရာမှရှိကာ ဆွီဒင်များကမူ တတိယ လိုက်သည်။
ဂျာမန် လူမျိုးများသည် ရေချိုးရန် ပျင်းရိလေ့ရှိပြီး အနံ့အသက် မကောင်းတတ်ကြောင်း၊ အင်္ဂလိပ်များကမူ ကာမစပ်ယှက်မှုကို အမျိုးသမီးကပင် ဦးဆောင်လှုပ်ရှားစေလို၍ ပျင်းရိသူများ ဖြစ်ကြောင်းနှင့် ဆွီဒင် လူမျိုးများမှာမူ သုက်လွှတ်စောသဖြင့် ကာမသုခကို အပြည့်အ၀ မပေးနိုင်သူများ ဖြစ်ကြောင်း စစ်တမ်း တွင် ဖြေဆိုခဲ့သည့် အမျိုးသမီးများက ဆိုသည်။
အညံ့စာရင်းတွင် နံပါတ် ၄ နေရာချိတ်သော ဒတ်ခ်ျများမှာမူ မိမိ၏ အမျိုးသမီးအဖော်အပေါ် အသာစီးယူရန် ဆန္ဒပြင်းပြလေ့ရှိကာ နံပါတ် ၅ နေရာတွင် ရှိသော အမေရိကန်များကမူ စပ်ယှက်ချိန်တွင် ပွဲကြမ်းတတ်သည် ဟု ဆိုသည်။
ဂရိလူမျိုးများကမူ စပ်ယှက်မှု တဖွဲ့တနွဲ့ နိုင်လွန်းပြီး အချိန်ကြာကြာ ဆွဲတတ်သောကြောင့် စိတ်မရှည် စရာ ကောင်းသူများအဖြစ် နံပါတ် ၆ နေရာတွင်ရှိကာ ကိုယ်ဆန္ဒပြည့်ရန်သာ အာရုံစိုက်ပြီး မိမိအဖေါ် အမျိုးသမီး၏ ကာမသုခပြည့်ဝမှုကို အလေးမထားသော ဝေလနယ်သားများကမူ နံပါတ် ၇ နေရာကို ရရှိသွားသည်။
ကာမစပ်ယှက်စဉ် မလိုအပ်ဘဲ အသံကျယ်လွန်းသော စကော့လူမျိုးများကမူ အညံ့စာရင်း နံပါတ် ၈ နေရာတွင် ရှိသည်။
ကာမစပ်ယှက်မှုပြုစဉ် ချွေးထွက်လွန်းသည်ဟု မှတ်ချက်ပြုခံရသည့် တူရကီလူမျိုးများက နံပါတ် ၉ နေရာနှင့် အမွေးအမြှင် ထူလွန်းသောကြောင့် အမျိုသမီးများ နှာခေါင်းရှုတ်လေ့ရှိသည့် ရုရှားလူမျိုးများက နံပါတ် ၁၀ နေရာတွင် အသီးသီးရှိကြသည်။
ကာမစပ်ယှက်ရာတွင် အမျိုးသမီးများကို သာယာမှု အပေးနိုင်ဆုံးသူများအဖြစ် မှတ်ချက် ပေးခံရသူများတွင် စပိန်လူမျိုးများက နံပါတ် ၁ နေရာတွင်ရှိပြီး ၎င်းနောက်တွင် ဘရာဇီး၊ အီတလီ၊ ပြင်သစ်၊ အိုင်းရစ်၊ တောင် အာဖရိက၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဒိန်းမတ် နှင့် ကနေဒါ အမျိုးသားများ ရှိကြောင်း အဆိုပါစစ်တမ်းက ဆိုသည်။
Myanmar Times
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ငါးနှစ်အရွယ်ကောင်လေး မိုက်ခရိုဆော့၏ ပရော်ဖက်ရှင်နယ် စာမေးပွဲအောင်မြင် ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ
- (အနောကျသို့) ငါး လိုင်ချီးသီး အရည်ဆမ်း ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ