ငါးနှစ်အရွယ်ကောင်လေး မိုက်ခရိုဆော့၏ ပရော်ဖက်ရှင်နယ် စာမေးပွဲအောင်မြင်
ဗြိတိန်နိုင်ငံမှ အသက်ငါးနှစ် အရွယ် ကောင်လေး တစ်ဦးသည် မိုက်ခရိုဆော့ဖ်မှ တရားဝင်ပြုလုပ်
သည့် ပရော်ဖက်ရှင်နယ်အ ဆင့် စာမေးပွဲကို ဖြေ ဆိုအောင်မြင်ခဲ့ပြီး ၎င်းသည် ယင်းစာမေးပွဲကို
အောင်မြင်သည့် ကမ္ဘာ့ အသက် အငယ်ဆုံး သူ တစ်ဦးဖြစ်လာ သည်ဟု ယူပီအိုင် သတင်းဌာနက
နိုဝင်ဘာလ (၁၄)ရက်နေ့က ဖော်ပြခဲ့သည်။
ယခုအသက်(၆)နှစ် ရှိပြီဖြစ်သည့် အေရန်ကွာရှီ သည် မိုက်ခရိုဆော့ စာမေးပွဲကို ဖြေဆိုသည့်အချိန်
တွင် အသက် ၅ နှစ် ၁၁လ အရွယ်ဖြစ်ပြီး ဘာမင်ဂန်တက္ကသိုလ်၌ ဖြေဆိုခဲ့ခြင်းဖြစ်ကာ ယင်းစာမေးကို ကြီးကြပ်သည့် ကျောင်းအုပ်ချုပ်ရေး အဖွဲ့အကြီးအကဲများက ၎င်းသည် အသက်ငယ်ရွယ် လွန်းသည့် အတွက် သေချာစေရန် မိုက်ခရိုဆော့ကုမ္ပဏီသို့ ကြိုတင် အကြောင်းကြားခဲ့ ကြောင်း သိရသည်။
၎င်းသည် ယခုအခါ ကမ္ဘာ့ အသက်အငယ်ဆုံး မိုက်ခရိုဆော့၏ တရားဝင် ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ် လာပြီ ဖြစ်သည်။ " ကျွန်တော်တို့ သူ့အတွက် အရမ်းဂုဏ်ယူပါတယ်။ အနာဂတ်မှာ ဒီထက်တိုးတက်ဖို့ စာမေးပွဲတွေ ထပ်ဖြေသွားဖို့သူ့မှာ အစီအစဉ်တွေရှိပါတယ်။ အခုလက်ရှိမှာတော့ ကျောင်းစာကိုဘဲ အာရုံ စိုက်နေပါတယ်" ဟု၎င်း၏ ဖခင်က အိတ်ဇ်ပရက်စ် သတင်းစာကို ပြောကြားခဲ့သည်။
"သူက အသက်ငယ်ငယ်နဲ့ ကွန်ပျူတာတွေကို အရမ်းစိတ်ဝင်စားပါတယ်။ အဲ့ဒီအတွက် ကျွန်တော်က သူ့ကို ဟာ့ထ်ဝဲလ်၊ ဆော့ဝဲလ်နဲ့ အင်စတောလင်း ပရိုဂရမ်တွေကို စပြီး သင်ပေးခဲ့ပါတယ်"ဟု ၎င်းက ဆိုသည်။
ကွာရှီသည် ၎င်းရရှိထားသည့် မိုက်ခရိုဆော့ အောင်လက်မှတ်ကို ၎င်း၏အိပ်ခန်းမှာ ချိတ်ဆွဲပြ ထားကြောင်း သူ၏ ဖခင်က ဆိုသည်။
Myanmar Times
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကမၻာ့ အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel) ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ
- (အနောကျသို့) ဂျာမန် အမျိုးသားများက ကမ္ဘာ့အဆိုးဆုံး လိင်ဆက်ဆံဖက်ဖြစ်လာ ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ