အသက် ၆၅ နှစ်အထက် သက်ကြီးသူများကို လစဉ် ကျပ်နှစ်သောင်းခွဲ ထောက်ပံ့ရန် စီစဉ်

အသက် ၆၅ နှစ်အထက် ရှိသော သက်ကြီး အရွယ်များကို တစ်လလျှင် ကျပ်နှစ်သောင်း ခွဲ ထောက်ပံ့နိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ က ပြောကြားသည်။
ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော်၌ ချင်းပြည်နယ် ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်ဇာတလန်းက အသက် ၆၅ နှစ်အထက် ရှိသော သက်ကြီးရွယ်အိုများကို တစ်လလျှင် ကျပ်သုံးသောင်းနှုန်း ထောက်ပံ့ရန် INGO၊ NGO များနှင့် ပူးပေါင်းရန် အစီအစဉ် ရှိမရှိ မေးမြန်းချက်ကို ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ ထောက်ပံ့ရန် INGO၊ NGO များနှင့် ပူးပေါင်း ညှိနှိုင်းထားပြီ ဖြစ်ပြီး အသက် ၆၅ နှစ်နှင့် ၉၀ ကြား သက်ကြီးရွယ်အိုများကို ဘဏ္ဍာနှစ်အလိုက် ရရှိသည့် ဝင်ငွေအပေါ် မူတည်၍ တစ်နှစ်ပြီးတစ်နှစ် တိုးမြှင့်ထောက်ပံ့နိုင်ရေး ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိတွင် အသက် ၆၅ နှစ်အထက် သက်ကြီးအရွယ်များအတွက် ထောက်ပံ့မည့်ငွေကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် တောင်းခံထားခြင်း မရှိသော်လည်း အသက် ၉၀ နှင့် ၁၀၀ နှစ်ကြား အဘိုးအဘွားများ အတွက် ထောက်ပံ့မည့်ငွေကို ထည့်သွင်းတောင်းခံထားပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့အပြင် အသက် ၁၀၀ နှစ်အထက် သက်ကြီးဘိုးဘွားများကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လစာများမှ ၂၅ ရာခိုင်နှုန်းကို စုဆောင်း၍ အဘိုးအဘွား တစ်ဦးလျှင် ကျပ်နှစ်သိန်း စီ ထောက်ပံ့နိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) အစားအသောက်နှင့် ဓာတုအန္တရာယ် ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) အသက်ကြီးလာလေ ဦးနှောက် စွမ်းရည် ပိုမြင့်လာလေ ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်