၁ မိနစ်အတွင်း လက်ဖ၀ါးတွေနူးညံ့အောင် ပြုလုပ်နည်း
ကြမ်းတမ်းနေတဲ့ သင့်လက်ဖ၀ါးတွေကို အချိန် ၁ မိနစ်အတွင်းမှာ နူးညံ့ သွားစေမယ်ဆိုရင် သင် အံ့သြ သွားလေမလား။ မယုံ မရှိပါနဲ့ ။ အခုဘဲ လုပ်ကြည့်လိုက်ပါ။ ကြမ်းထော်နေတဲ့ လက်ဖ၀ါးတွေ ညက်ညော သွားစေရုံမက၊ ၀င်းမွတ် လာတော့ မှာ ဖြစ်ပါတယ်။
အသုံးပြုရမည့် ပစ္စည်းများမှာ-
သကြား (လ္ဘက်ရည်ဇွန်း ၂ ဇွန်း ခန့် )
သံလွင်ဆီ(သို့ )အုန်းဆီ (လ္ဘက်ရည်ဇွန်း ၂ ဇွန်း ခန့် )
အဆင့်(၁)
သကြား ၂ ဇွန်းခန့်ကို လက်ဖ၀ါးထဲသို့ ထဲ့ပါ။ ပြီးရင် သံလွင်ဆီ (သို့) အုန်းဆီ ၂ ဇွန်းခန့် ကို လောင်းထဲ့ပါ။
အဆင့်(၂)
သကြား နဲ့  ဆီတွေ ရောသမသွားအောင် လက်ဖ၀ါး နှစ်ဖက်ကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ပါ။ (ထို အရောအနှောတွေ အောက်သို့  ကျမသွားအောင် လက်ဖ၀ါးချင်း သေသေချာချာ ပွတ်တိုက်ပါ)
အဆင့်(၃)
အသားထဲသို့ စိမ့်ဝင်သွားအောင် လက်ဖ၀ါးနှစ်ဖက်ကို စက်ဝိုင်း ပုံသဏ္ဍာန် အဖြစ် ပုံစံအမျိုးမျိုး ပွတ်ပေးပါ။ လက်ဖ၀ါးတွေကို အားရအောင် ပွတ်ပြီးတဲ့အခါ လက်ခုံ၊ လက်ဖမိုးတွေကိုပါ ဆက်၍ ပွတ်တိုက်ပေး လိုက် ပါဦး။
အဆင့်(၄)
အားရပြီဆိုပါက လက်ကို ဆပ်ပြာဖြင့် ဆေးကြောပါ။ ပြီးရင် body လိုးရှင်း တစ်ခုခု လိမ်းပေးလိုက်ပါ။ ကဲ သင့်လက်တွေ အရင်ကနဲ့ တူသေးလား။ အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အိမ်တွင်းဖြစ် ၀ိုင်ချက်လုပ်နည်း ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) Myanmar Thingyan Songs Apk ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်