အမြန်ခေတ် ကုန်တော့မည့်သူများ (သို့) အမြန် out သွားမည့်သူများ၊ သင်ပါဝင်နေပြီလား
၁။ ၈နာရီ အပြင် သင်ယူလေ့လာမူ မရှိသောလူ
လူလူချင်းရဲ့ ကွာခြားချက်ဆိုတာ အားလပ်တဲ့ အချိန်ကို ဘယ်လို အသုံးချသလဲ အပေါ် မူတည်တယ်လို့ ဖတ်မှတ်လေ့လာဖူးပါတယ်။ အောင်မြင်တဲ့ လူများကို လေ့လာကြည့်ရင် အချိန်ပိုနေသူများ၊ ပျင်ရိငြီးငွေ့နေ သူများ မဟုတ်ကြပဲ အချိန်ကို ညစ်ထုတ်နေသူများ၊ ကြိုးစားပြီး လေ့လာနေသူများ ဖြစ်ကြပါတယ်။ အားလပ်ချိန်လေးကိုလုပြီး ဘာမှမလေ့လာပဲ နေရင်တော့ အမြန် out သွားနိုင်ပါတယ်။
၂။ အသစ်အဆန်းအပေါ် တုန့်ပြန်မူ နောင်နှေးသောလူ
အသစ်အဆန်း မှန်သမျှ သံသယ ကြားထဲကနေ၊ ဆန့်ကျင်တဲ့ အသံတွေကြားထဲကနေ ထွက်ပေါ်လာတတ်ပါတယ်။ အသစ်အဆန်းတွေဟာလည်း စီးပွားရေး အခွင့်အလမ်း များစွာ လိုက်ပါလာတတ်ပါတယ်။ ခေတ်ကြီးကို အမီလိုက်နိုင်တဲ့လူ၊ ကြိုမြင်နိုင်တဲ့ လူများအဖို့ အသစ်အဆန်းအားလုံး ဟာ အခွင့်အရေးတွေကြီးကြီးပါ။ အသစ်အဆန်းကို ငြင်းဆန်နေရင်တော့ အမြန် out သွားတတ်ပါတယ်။ ဥပမာ ကာလာအိုကေ ကို မနှစ်သက်သူ၊ Smart ဖုန်းကို သုံးဖို့ ငြင်းဆန်တဲ့လူ စသည်တို့ ဖြစ်ပါတယ်။
၃။ တစ်ဦးတစ်ယောက်ထဲပဲ ရုန်းကန်တတ်တဲ့လူ
ပူးပေါင်းဆောင်ရွက်ခြင်းလောကမှာ ၁ + ၁ ဟာ ၂ ထက်ကြီးပါတယ်။ အသင်းအဖွဲ့ စိတ်ဓါတ်၊ အသင်းအဖွဲ့ ရုန်းကန်ရတဲ့ ခေတ်ကြီးဖြစ်နေပါတယ်။ ၁+၁ = ၂ ဆိုတာ သင္ခ်ာၤ ပညာရပ္ပါ။ ၁ + ၁ = ၁၁ ဆိုတာ စီးပွားရေး ပညာပါ။
၎။ စိတ်ထိခိုက်လွယ်သောလူ
ကိစ္စကြီးတာ ငယ်တာ အရေးမကြီးပါ။ သင်ရဲ့ တုန့်ပြန်မူ၊ သင်ရဲ့ အမြင် ဟာ အလွန်အရေးကြီးပါတယ်။ ကိစ္စကြီးတာ ငယ်တာ သင်ကို မထိခိုက်နိုင်ပါ။ သင် ထိုကိစ္စ အပေါ် တုန့်ပြန်မူ ဟာ သင့်ကို ဒုက္ခ ဖြစ်စေတတ်ပါတယ်။
၅။ အမြင်ကျဉ်း အမြင်တိုသောလူ
မျက်စိရှေ့ က သေးသေးမျဉ်မျဉ် လေးတွေကို အလေးထားလွန်းရင်၊ တွက်ကပ်လွန်းနေရင် ရေရှည်မှာ အကျိုးအမြတ်ကြီးကြီး ဆုံးရူံးတတ်ပါတယ်။ အလုပ်ကို ကောင်းမွန်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်မယ်။ အကျိုးအမြတ်ဆိုတာ ဘေးထွက်ရလဒ်လို့ ယူဆနိုင်ရင် အလုပ်တော်တော် များများ အောင်မြင်နိုင်ပါတယ်။ တိုက်ရိုက်ကောင်းကျိုးထက် တွယ်ဝိုက်ပြီး ရတဲ့ အကျိုးအမြတ်တွေဟာ ပိုမို အောင်မြင်စေနိုင်ပါတယ်။
၆။ ဆက်ဆံရေး အားနည်းသူများ
စိတ်ဆိုးလွယ်တဲ့လူ၊ စိတ်ပြောင်းမြန်တဲ့လူ၊ ဒေါသကြီး စိတ်ကြီးတဲ့လူများ ဟာ ဆက်ဆံရေး အားနည်းတတ်ကြပါတယ်။ သုတေသန အရ အရည်အချင်းရှိတယ။် သောတလည်းကြီးတဲ့လူများဟာ အရည်အချင်းကို သုံးဖို့ အခွင့်အရေး ပျောက်ဆုံးနေတတ်ပါတယ်။ သောတစိတ်ကို ထိမ်းသိမ်းနိုင်ပြီး ဆက်ဆံရေး ကောင်းမွန်တဲ့လူ များဟာ သူများထက် ပိုမို အောင်မြင်လွယ်ကြပါတယ်။
ရ။ အတွေးအခေါ် ခေတ်မမီတော့တဲ့ လူများ
အတွေးအခေါ် ခေတ်မီဖို့ အမြဲ လေ့လာ ဆည်းပူးနေဖို့ လိုပါတယ်။ အတွေးအခေါ် ခေတ်မမီ တော့ရင် စီးပွားရေး ပဲဖြစ်ဖြစ်၊ အခြားအလုပ်ကိုပဲဖြစ်ဖြစ် လုပ်ကိုင်ဖို့ အဆင်မပြေလှပါ။
Ref: Wechat
https://www.facebook.com/photo.php?fbid=1492505274383205&set=a.1375453979421669.1073741828.100008712392309&type=3&theater
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
- (အရှေ့သို့) ဘာက ပိုၿပီးအေရးႀကီးပါသလဲ Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်
- (အနောကျသို့) ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ် Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်