The blind man with a lamp.....
တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ နေထိုင်တဲ့ မျက်မမြင် လူတစ်ယောက် ရှိတယ်... သူဟာ ညဘက် အပြင်ထွက်တဲ့ အခါတိုင်း လက်ထဲမှာ မီးအိမ်ငယ် တစ်လုံးကို အမြဲတမ်း ယူဆောင်သွားလေ့ ရှိတယ်...
ညတစ်ညမှာတော့ မီးအိမ်ကို ဆွဲပြီး အပြင်ထွက်ချိန် သူသွားနေတဲ့ လမ်းမှာပဲ ဖြတ်လျှောက်လာတဲ့ လူတစ်စုက သူ့ကိုတွေ့တဲ့အခါ... " ခင်ဗျားက မျက်စိမှ မမြင်ရတာ... ဘာဖြစ်လို့ မီးအိမ်ကို ယူလာ ရတာလဲ... ယူလာလဲ ဘာမှမြင်ရမှာမှ မဟုတ်တာဗျာ..." လို့ပြောပြီး လှောင်ပြောင် ရယ်မောကြတယ်...
ဒီအခါ မျက်မမြင်က ယဉ်ကျေးသိမ်မွေ့စွာ ပြန်ပြောလိုက်တာက...
"ဒီမီးအိမ်က ကျုပ်အတွက် မဟုတ်ပါဘူးဗျာ... ခင်ဗျားတို့လို မျက်စိမြင်ရတဲ့ သူတွေအတွက်ပါ... မျက်မမြင် ဒုက္ခိတ တစ်ယောက် လာနေတာကို မတွေ့ပဲ ဝင်တိုက်မိမှာ စိုးလို့ပါ...."
Moral: Think twice before you speak...
©greenyatra/google
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com)
- (အရှေ့သို့) If you plant honesty, you will reap trust.... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) မွေးနေ့လက်ဆောင်... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို