Wrong key.....

ဘုရင်တစ်ပါးဟာ စစ်မြေပြင်ထွက်ခါနီး သူ့ရဲ့ အလွန်ချောမောလှပတဲ့ မိဖုရားကို အခန်းထဲထည့်ပြီး သော့ခတ်ထားလိုက်တယ်... အဲဒီနောက် သော့ကို သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်သူ လက်ထဲထည့်ပြီး... "ကျုပ် ၄ ရက်အတွင်းမှာ ပြန်မရောက်ခဲ့လို့ရှိရင် ကျုပ်ရဲ့မိဖုရားကို ခင်ဗျားပိုင်ပြီ..." ဆိုပြီး မှာခဲ့လိုက်တယ်...
ဒီလိုနဲ့ ဘုရင်လည်း သူ့ရဲ့စီးတော်မြင်းပေါ်တက်ပြီး စစ်မြေပြင်ခရီးကို စတင်ထွက်ခွာတယ်... နာရီဝက်လောက် ခရီးနှင်ပြီးတဲ့အချိန် အနောက်မှာ ဖုန်တွေတစ်ထောင်းထောင်းနဲ့ အသံတွေကို သတိပြုမိလိုက်တယ်... ဒါနဲ့ စီးတော်မြင်းကိုရပ်ပြီး ကြည့်လိုက်တဲ့အခါမှာ သူ့ဆီကို မြင်းဒုန်းစိုင်းနှင်လာတဲ့ သူ့ရဲ့ သူငယ်ချင်း ဖြစ်နေတယ်...
အနားရောက်ရောက်ချင်းမှာပဲ "ဘယ်လိုဖြစ်လာတာလဲ??..." ဆိုပြီး ဘုရင်က မေးလိုက်တယ်..
ဒီအခါ သူငယ်ချင်းဖြစ်သူက... "သော့ မှားနေလို့ပါဗျ..." ဆိုပြီး အမောတကြီးနဲ့ ပြောလိုက်သတည်းးး။
😝😝😜😜😂😂😄😄
ref;google
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com)
- (အရှေ့သို့) Google Nik Collections... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမ်ိဳးသမီးေတြ အတြက္ေဆးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) If you plant honesty, you will reap trust.... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမ်ိဳးသမီးေတြ အတြက္ေဆးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို