Facebook ပေါ်က BFF ဂျင်းအကြောင်း...
ခုတစ်လော facebook ပေါ်မှာ ဂျင်းထည့်ခံနေရတာကတော့ 'BFF' ဆိုတဲ့ စကားလုံးပါ... သူ့ရဲ့အရှည်ကောက်က 'Best Friend Forever' ပါ...
ဂျင်းထည့်သူတွေက Facebook CEO မာ့ခ်ဇူကာဘက်က သင်တို့ ဖေ့စ်ဘွတ် အကောင့်တွေ လုံခြုံစိတ်ချရဖို့အတွက် BFF ဆိုတဲ့ စကားလုံးကိုသုံးပြီး နည်းပညာတစ်ခုကိုထည့်သွင်းထားတဲ့အကြောင်း... Comment မှာ BFF လို့ ရိုက်ထည့်ပါ တကယ်လို့ BFF ဆိုတဲ့ စာလုံးက အစိမ်းရောင် ပေါ်နေတယ်ဆိုရင် သင့်အကောင့်ဟာ လုံခြုံစိတ်ချရတဲ့အကြောင်း... တကယ်လို့ အစိမ်းရောင် မပေါ်ပဲ အခြားအရောင် တစ်ခုခုပေါ်ရင် သင့်အကောင့်ဟာ အလွယ်တကူ အခိုးခံရနိုင်တာကြောင့် သင့်ရဲ့ Password ကို အမြန်ဆုံး ပြောင်းဖို့လိုကြောင်း ဂျင်းထည့် ရေးသား ထားပါတယ်...
ဒီဂျင်း ဘယ်ကနေလာတယ်ဆိုတဲ့ ဇစ်မြစ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး... ဒါပေမယ့် facebook ပေါ်မှာတော့ သူရှယ်ငါရှယ်နဲ့ တောမီးတစ်ခုလို ချက်ချင်းပျံ့နှ့ံသွားပါတယ်...
ထစ်ခနဲ့ဆို အယုံလွယ်တတ်ကြတဲ့ ကျနော်တို့ မြန်မာတွေရဲ့အကျင့်က အရိုးစွဲနေတယ်လို့ပဲ ဆိုရလေ မလား... ရုပ်ထုက မျက်ရည်ကျတယ်ဆိုလဲ လွယ်လွယ်ကလေး ယုံတာပဲ... Page အတုတွေနဲ့ ဂျင်းထည့် ထားတဲ့ ကံစမ်းမဲတွေဆိုလည်း Like ထား share ထား မန့်ထားကြတာ မြင်မကောင်း...
အမှန်ကတော့... ခုတစ်လော ဖေ့စ်ဘွတ်ပေါ်မှာ ဂျင်းလုပ်ခံနေရတဲ့ 'BFF' အပါအဝင် 'congratulations' 'xoxo' 'you're the best' 'best wishes' 'you got this' စတဲ့ စကားလုံးတွေဟာ မကြာသေးခင်က facebook က မိတ်ဆက်ပေးလိုက်တဲ့ features အသစ်တွေပါ... ဒီစကားလုံးတွေကို comment box မှာ တခုချင်းစီ ရိုက်ထည့်ကြည့်ရင် သူ့ရဲ့ကိုယ်ပိုင်အရောင်နဲ့ animation effects တွေကို တွေ့ရမှာပါ... ဥပမာ congratulations ဆိုတဲ့ စကားလုံးကို ရိုက်ထည့်လိုက်ရင် လိမ္မော်ရောင်ပြောင်းပြီး မိုးပျံပူပေါင်းတွေ တက်လာတာကို တွေ့ရမှာပါ... best wishes ဆိုတဲ့ စကားလုံးကို ရိုက်ထည့်လိုက်ရင်လည်း အနီရောင်ပြောင်းပြီး လက်နှစ်ဖက်နဲ့ ပန်းတွေကြဲလိုက်တာကို တွေ့ရမှာပါ...
အလားတူပဲ bff ရဲ့ ကိုယ်ပိုင်အရောင်က အစိမ်းရောင်ပါ... comment box မှာ ရေးလိုက်ရင် အစိမ်းရောင် ပေါ်လာတာကို တွေ့ရပါမယ်... တကယ်လို့ မစိမ်းခဲ့ရင်လည်း မိမိအကောင့်လုံခြုံရေးနဲ့ လုံးဝမသက်ဆိုင်ပဲ မိမိရဲ့ browser setting ကြောင့်.. ဒါမှမဟုတ် မိမိရဲ့ Facebook က update မဖြစ်တာ.. ဒါမှမဟုတ် မိမိ device က ဒါကို support လုပ်ခြင်း မလုပ်ခြင်းနဲ့သာ သက်ဆိုင်ပါကြောင်း....။
လူအချင်းချင်း ဂျင်းထည့်ခြင်း ကင်းရှင်းကြပါစေ....
လွမ်းမပြေ သုတရပ်ဝန်း
- (အရှေ့သို့) လီနင်ရုပ်တု... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောက်သို့) ရေခွက် ၄ လုံးပဲ ရှိလို့ပါဆရာ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'