ကြောက်မက်ဖွယ်ရာ ထူးဆန်းရောဂါများ...
အသက်(၅၂)နှစ်အရွယ် ပေါ်တူဂီက Jose ဆိုသူဖြစ်ပါတယ်... ထူးဆန်းရောဂါတစ်မျိုးကြောင့် အသားပိုတွေဟာ မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်နေပြီး... အရေးပေါ်ခွဲစိတ်ကုသမှုတွေ မလုပ်ရင်တော့ အသက်ရှုပိတ်ပြီး သေဆုံးနိုင်တဲ့ အန္တာရာယ်ရှိပါတယ်... အဲဒီအသားပိုတွေကြောင့်ပဲ မျက်လုံးတစ်ဖက် လည်း ကွယ်နေပါပြီ... ဒီရောဂါဟာ သူ့ရဲ့အသက်(၁၁)နှစ်မှာ စတင်ခဲ့ပြီး... အသက်(၁၆)နှစ်လောက်မှာ စတင်ကြီးထွားလာတာပါ... အဲဒီနောက် တနေ့တခြား ပိုပြီးကြီးလာတယ်လို့ ဆိုပါတယ်....။
တရုတ်လူမျိုး Huang Chuncai ဆိုသူဖြစ်ပါတယ်... Neurofibromatosis ရောဂါတစ်မျိုးကြောင့် မျက်နှာပေါ်မှာ ထွက်နေတဲ့ အသားပို စုစုပေါင်းအလေးချိန်ဟာ ၂၃ ကီလိုခန့် ရှိပါတယ်... ၂၀၀၈ ခုနှစ်မှာ ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ပါတယ်... ပထမတစ်ကြိမ်မှာ မျက်နှာမှ အသားပို (၁)ကီလို ဖယ်ရှားပစ်ခဲ့ပြီး... ဒုတိယတစ်ကြိမ်မှာတော့ ၄ ကီလိုခွဲ ဖယ်ရှားခဲ့တယ်... ဒါပေမဲ့ မျက်နှာပေါ်မှာ အသားပို ၁၇ ကီလိုခွဲ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်...။
တရုတ်နိုင်ငံက အသက်(၅၈)နှစ်အရွယ် Huang Liqian ဆိုသူဖြစ်ပါတယ်... ၁၅ ကီလိုအလေးချိန်ရှိတဲ့ လည်ပင်းက အသားပိုကြီးကို ၂၀၀၇ ခုနှစ်မှာ ခွဲစိတ်ဖယ်ရှားပစ်ခဲ့ပါတယ်... ၁၉၉၀ ခုနှစ်က စတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်...။
တရုတ်နိုင်ငံ ကျေးလက်ဒေသတခုက အသက် (၂၉)နှစ်အရွယ် Chen Zongtao ဆိုသူဖြစ်ပါတယ်... Neurofibromatosis ရောဂါကြောင့် သူ့ရဲ့ခြေထောက်ပေါ်က အသားပိုကြီးဟာ အသက်(၂)သား အရွယ်က စတင်ခဲ့တယ်လို့ ဆိုပါတယ်... နှစ်ကြာလာတာနဲ့အမျှ ပိုမိုကြီးထွားလာပြီး အလေးချိန် ကီလို (၇၀)ကျော်ခန့် ရှိလာတယ်လို့ ဆိုပါတယ်... ခွဲစိတ်ကုသမှုတွေ ခံယူဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးလို့ ဆိုပါတယ်...။
တရုတ်နိုင်ငံက အသက်(၈)နှစ်အရွယ် Gao An-ni ဆိုသူဖြစ်ပါတယ်... မွေးဖွားစဉ်ကတည်းက အောက်နှုတ်ခမ်းမှာ အသားပိုတစ်ခု ပါလာတယ်လို့ ဆိုပါတယ်... ဒါပေမဲ့ အဲဒီအချိန်ကတည်းက ပုံမှန်ဆေးဝါး ကုသမှုတွေ မလုပ်နိုင်ခဲ့ပါဘူး... ၂၀၀၇ ခုနှစ်မှာ ဆရာဝန်ဆီ သွားရောက်ပြသခဲ့ပါတယ်... ဆရာဝန်က နှုတ်ခမ်းကို ခွဲစိတ်ဖယ်ရှားပြီး ပုံမှန်အတိုင်းပြန်ဖြစ်အောင် ပြုလုပ်ရင် မိသားစုအတွက် ငွေးကြေးအမြောက်အများ ကုန်ကျမယ်လို့ ဆိုတဲ့အတွက်ကြောင့် ဘာမှမလုပ်ပဲ အိမ်ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်...။
ဗီယက်နမ်နိုင်ငံက Lai Ti Dao ဟာ သူမရဲ့ လျှာပေါ်က အသားပို သေးသေးကလေးကနေပြီး... နှစ်ကြာလာတာနဲ့အမျှ သူမရဲ့ခန္ဒာကိုယ် သုံးပုံတစ်ပုံခန့်ရှိတဲ့ အသားပိုကြီးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်... အစားစာရာနဲ့ စကားပြောရာမှာ အခက်ခဲရှိလာပြီး... အသားပိုကြီးရဲ့ အလေးချိန်ကြောင့် လမ်းလျှောက်တဲ့အခါမှာတောင် ခက်ခဲလာပါတယ်... တဖြည်းချင်း အသက်ရှုလမ်းကြောင်းကို ပိတ်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ ခုနှစ်မှာ ၁၀ နာရီကြာ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့ပြီး အသားပို ၄ ကီလိုခွဲကို ဖယ်ရှားပစ်ခဲ့ပါတယ်...။
အသက် (၂၇)နှစ်အရွယ် Phuong ဆိုသူဖြစ်ပါတယ်... မျက်နှာပေါ်က အသားပိုကြီးဟာ သူ့အသက် (၇)နှစ်အရွယ်မှာ စတင်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်... ခွဲစိတ်ကုသမှု (၃)ကြိမ်တိုင်တိုင် ခံယူခဲ့ပြီးသော် လည်း အသားပိုဟာ ပြန်ပြီးကြီးထွားလာပါတယ်... ခွဲစိတ်ရာမှာ သွေးဆုံးရှုံးမှုများတာကြောင့် ဆရာဝန်တွေကလည်း မကိုင်တွယ်ရဲသေးပဲ အခြေအနေစောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်....။
ပြင်သစ်နိုင်ငံက အငြိမ်းစားကျောင်းဆရာမ Chantal Sebire ဆိုသူဖြစ်ပါတယ်... ရှားပါးကင်ဆာ တစ်မျိုးကြောင့် မျက်နှာပေါ်မှာ အသားပိုတွေဖြစ်လာခဲ့ပါတယ်... ဒါပေမဲ့ ဆေးကုသဖို့ ငြင်းဆိုခဲ့ပါတယ်...၂၀၀၈ ခုနှစ် မတ်လမှာတော့ သူမရဲ့ အိပ်ယာပေါ်မှာ သေဆုံးနေတာကို တွေ့ရတယ်လို့ဆိုပါတယ်... သဘာဝအတိုင်းသေဆုံးတာမဟုတ်ပဲ နောက်ပိုင်း ဆေးစစ်ချက်တွေအရ Barbiturate ဆေးတမျိုးနဲ့ မိမိကိုယ်ကို သေကြောင်းကြံခဲ့တယ်လို့ ဆိုပါတယ်...။
သတ္တ၀ါအားလုံး အနာရောဂါများမှ ကင်းဝေးနိုင်ကြပါစေ.........
ကိုကား...Sunny/internet/ By Ko Myo
- (အရှေ့သို့) ထွေရာလေးပါး...၄၉ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ထွေရာလေးပါး...၄၈ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'