သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း


အခုဖြစ်နေတဲ့ သတင်းလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်ပါတယ်။ အဲဒီ သတင်းစာမှာ ပါတဲ့ဟာက ပြီးခဲ့တဲ့ နှစ်က ဟာပါ။ ခုချိန်မှာ တရားဝင် ကွာရှင်းပြီးသား စာချုပ်စာတန်းတွေ ကျွန်တော့မှာရှိပါတယ်။ ပန်ပန်ကလဲ တရားဝင်ပြီးလို့ ကျွန်တော့ကို လက်ခံခဲ့တာ။ အဖြစ်မှန်ကို မသိပဲ ထင်ရောင်ထင်မှား ကောလဟာလ တွေရေးနေကြတဲ့ အတွက် ကျွန်တော် တကယ် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်လဲ မိန်းမရှိရဲ့သားနဲ့ သူများသားသမီးကို စေ့စပ်ဘို့ ကြိုးစားမှာ မဟုတ်ဘူး။ ပန်ပန်ကလဲ မလွတ်လပ်တဲ့သူဆို လက်ခံမဲ့ မိန်းကလေး အတန်းအစား မဟုတ်ဘူး။ ကျွန်တော်ပန်ပန့်ကိုရဘို့ သူကိုယ်တိုင်က အမွေဖြတ်ခိုင်းလို့ ကျွန်တော့အိမ်ကို "ကျွန်တော့ကို အမွေဖြတ်လိုက်" လို့ပြောပြီး ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပြီး အိမ်ပေါ်က ဆင်းလာခဲ့တာ။ ကျွန်တော် အရမ်းချမ်းသာတဲ့ လူလဲ မဟုတ်ဘူး။ သူ့ကိုရဘို့ ကျွန်တော့ ဘဝကို သုညက စရတာပါ။
ကျွန်တော် တကယ်ချစ်ပြီး တန်ဘိုးထားရတဲ့ ဖြူဖြူစင်စင် မိန်းကလေးတယောက်... ကျွန်တော့ကြောင့် မဟုတ်မမှန် ကောလဟာလတွေ ပြန့်နှံ့သွားတဲ့ အတွက် ကျွန်တော့ဘက်က သူ့အပေါ်မှာ တသက်လုံးတာဝန်ကျေနိုင်အောင်ကြိုးစားသွားမှာပါ။
အခု လူတွေ ရေးနေကြတဲ့ comment တွေနဲ့ ကျွန်တော်တို့ လက်တွေ ကြုံတွေ့ ခံစားနေရတာတွေ နဲ့ တခြားစီပါပဲ။ မြန်မာ မိန်းကလေး တစ်ရောက် အနေနဲ့ ကျွန်တော့ကြာင့် အခုလို အရေးခံရတာ ကွန်တော့မှာ တာဝန်ရှိတယ်။ အားလုံးသိအောင် ပြောပြတာပါ။ ကျေးဇူးတင်ပါတယ်။
Okkar Kyaw (Facebook)
- (အရှေ့သို့) ဇနီးနှင့်စကားများပြီး လင်ယောင်္ကျားဖြစ်သူ ပေါင်းသတ်ဆေး သောက်ကာသေဆုံး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း