ထူးဆန်း ကလေးငယ်....
သူကတော့...တရုတ်နိုင်ငံ၊ Guizhou ခရိုင် Liuchang ရွာကလေးက ၆ နှစ်သားအရွယ်ရှိ "လီလီ" ဆိုတဲ့ ထူးဆန်း မိန်းကလေးငယ် တစ်ယောက်ပဲဖြစ်ပါတယ်... ဒီကလေးငယ်ရဲ့ ဘယ်ဘက်မျက်နှာပြင် တခြမ်းလုံးမှာ အမွေးအမျှင်တွေပါတဲ့ အမဲရောင်အစက်အပြောက်ကြီးတခု ဖုံးလွှမ်းထားပြီး... ခန္ဒာကိုယ်တပြင်လုံးပေါ်မှာ လည်း အရွယ်စုံ အမဲအစက်အပြောက်တွေနဲ့ ပြည့်နေပါတယ်...
လီလီရဲ့ဘ၀မှာ ကံမကောင်းခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်... မိခင်ဖြစ်သူဟာ သူမအသက် (၂)နှစ်သားအရွယ်က အိမ်ကနေထွက်သွားပြီး ပြန်မလာတော့ဘူးလို့ ဆိုပါတယ်...အဲဒီနောက် ဖခင်ဖြစ်သူဟာလည်း လီလီ ကို ကလေးထိန်းဌာနကို ပို့လိုက်ပြီးနောက် သူလည်း ပျောက်ချင်းမ လှ ပျောက်သွားခဲ့ပါတယ်... ကြင်နာတတ်တဲ့ ဆွေးမျိုးတစ်ဦးကြောင့်သာ သူမနေထိုင်တဲ့ ရွာကို ပြန်ရောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်...
အခုဆိုရင် လီလီ ဟာ ကျောင်းစတက်ရတော့မယ့် အရွယ်ကို ရောက်နေပါပြီ... စာသင်ကျောင်းဟာ အိမ်ရှေ့နားလေးတင် ရှိနေပေမဲ့... သူမအနေနဲ့ ကျောင်းတက်ဖို့အတွက် အခက်အခဲ တစ်စုံတရာ ရှိနေပါတယ်...
ခန္ဒာကိုယ်တပြင်လုံးပေါ်မှာ မွေးရာပါ အမည်းအစက်အပျောက်ကြီးတွေ ပါလာတဲ့ လီလီ ဟာ... အဲဒီအတွက် မိဘနှစ်ပါးက စွန့်ပစ်ထွက်ခွာသွားတာကို ခံခဲ့ရပြီးပြီ... ဖခင်ဖြစ်သူ ပို့လိုက်တဲ့ ကလေးထိန်းဌာနမှာ နှစ်ဝက်လောက် နေစဉ်ကာလတုန်းကလည်း. အခြားကလေးတွေ ကြောက်လှန့် တာတွေဖြစ်လို့ ဌာနတာဝန်ခံဖြစ်သူက လီလီ ကို လာပြန်ခေါ်ရန် မိဘဖြစ်သူတွေကို သတင်းစာထဲမှာ ကြော်ငြာပြီး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်...
ဒီအမည်းအစက်ကြီးတွေဟာ ယားယံပြီး နာကျင်မှုတော့ မရှိဘူးလို့ လီလီ က ဆိုပါတယ်... အမည်းစက်ကြီးတွေပေါ်မှာ အမွေးအမျှင်တွေလည်း ထွက်နေပါတယ်... သူမရဲ့ ခန္ဒာကိုယ် ၆၀ ရာခိုင်းနှုန်ကျော်မှာ အဲဒီအမည်းအစက်တွေနဲ့ ပြည့်နေပါတယ်...
ကမ္ဘာလောကကြီးအကြောင်း... လူတွေအကြောင်း... ဘာမှမသိသေးတဲ့ လီလီ ကတော့ အမြဲတမ်းပဲ လန်းဆန်းတက်ကြွနေပြီး... ရယ်မောရတာကို နှစ်သက်တယ်လို့ ဆိုပါတယ်... ကစားဖော်တွေကို ရှာဖွေကစားပြီး... အချို့ကလေးငယ်တွေကတော့ လီလီ ကို ကြောက်လှန့်ပြီး ထွက်ပြေးကြတယ်လို့ ဆိုပါတယ်...
လီလီ ရဲ့အိမ်ရှေ့ အကွာအဝေးမီတာ (၁၀၀)လောက်မှာ ကျေးရွာမူလတန်းကျောင်း ရှိပါတယ်... ဒါပေမဲ့ ကျောင်းထဲကို သူတခါမှ မသွားဖူးပါဘူး... ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့မိသားစုတွေက ဆင်းရဲချို့တဲ့ကြသလို... အခြားကလေးငယ်တွေက သူ့ကိုမြင်ရင် "မျောက်မလေး" လို့ လှောင်ပြောင် ခေါ်ဝေါ်ကြတာကို သေမလောက်ကြောက်ကြတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်...
ဒီလိုဆိုရင် လီလီ ရဲ့ဘ၀ရှေ့ရေးဟာ မသေချာမရေရာမှုတွေနဲ့...........။
ကိုးကား- ChinaSmack/internet/ By Ko Myo
http://lwanmapyay.blogspot.com/
- (အရှေ့သို့) လူသားမျက်လုံးတွေကို Microscope ခေါ် အနုကြည့်မှန်ဘီလူးနဲ့ကြည့်ရင် ဒီလိုမြင်ရတယ်..... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) အမေရိကန်သမ္မတ ဘားရက် အိုဘားမားရဲ့ ငယ်စဉ်ဘ၀ပုံရိပ်ဟောင်းတချို့...... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..