Call Schedule v3.3.6(အချိန်မှတ်ပြီးAuto ဖုန်းခေါ်ခိုင်းမယ်)
ကဲ…ဒီတစ်ခါတင်ပေးလိုက်တဲ့ apk ကတော့ အလန်းလေးပါပဲ။ဒီကောင်လေးရဲ့ အသုံးဝင် ပုံလေး ကတော့…… တခါတရံမှာပေါ့ဗျာ အရေးကြီးကိစ္စပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းဘော်ဒါတွေ ဆီကိုပဲဖြစ်ဖြစ် ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ်ပေါ့ "ဖုန်း" ဆက်ဖို့ ချိန်းထားတဲ့ အချိန်တွေကိုမေ့နေတတ်ပါတယ်။ ကျနော်အပါအဝင်ပေါ့ဗျာ။
"ချစ်ရေ…ကိုယ်မနက်ဖြန်ည ၈ နာရီတိတိမှာ ဖုန်းဆက်မယ်နော်…ဆက်ဆက်စောင့်နေ ပါနော်" လို့ဆိုပြီး ဖုန်းဆက်ဖို့မေ့သွားခဲ့ရင်တော့လေ သွားပြီ ပြဿနာတက်ပြီ ကြေကွဲပြီ အဲသလိုတွေဖြစ်တတ်ပါတယ်။ မပူနဲ့ မစိုးရိမ်နဲ့ အဲဒါတွေကို ဖြေရှင်းပေးနိုင် တဲ့ application လေးတစ်ခု ရှိပါတယ်ဗျာ။ ဒီ apk လေးက ဘယ်သူ့ဆီကို ဘယ်နှခုနှစ် ဘယ်လ ဘယ်နှနာရီ ဘယ်နှမိနစ် ဘယ်အချိန် စတာတွေကို သတ်မှတ် timmer ပေးထားပြီး အဲဒိအချိန်ရောက်ရင် သူ့ဟာသူ Auto ဖုန်းခေါ်ပေးမှာဖြစ်ပါတယ်။
အဲ တစ်ခုတော့ရှိတယ်။သူ့ဘက်ကပြန်ထူးလို့ ကိုယ့်ဘက်က မကြားမိပဲဖုန်းမကိုင်ရင်တော့ သူဘက်ကဖုန်း မချမချင်း ဘေလ် တွေတက် နေဦးမယ်နော်။ ဟဲ ဟဲ ဒါလည်းမပူပါနဲ့ဗျာ။ ကိုယ့်ဖုန်းလေးကို auto speaker ဖွင့်ပေးထား လိုက်ပေါ့ဗျာ။ဒါဆို တဖက်က ပြန်ထူးနေတဲ့ အသံကိုကြားနိုင်နေပြီပေါ့လေ။ဖုန်းနဲ့လူနဲ့တော့ အရမ်းကြီးဝေမနေစေနဲ့ပေါ့ဗျာ ဟုတ်ပီလား။ ကဲ …လေကြောသိပ်ရှည်နေလို့ မေတ္တာတွေ ပို့မနေပါနဲ့တော့။ဒီမှာပဲရပ်ပါပြီ။ အောက်မှာဒေါင်းလုပ်လင့်ခ်တွေတင်ပေးထား ပါတယ်။One Click Download လင့်ခ် ကောပေါ့။ ဒီကောင်နဲ့တွဲသုံးဖို့ Auto Call Recoder apk လေးပါတခါတည်း တင်ပေးလိုက်ပါမယ်ဗျာ။ file size 168 KB ပဲရှိပြီး version 2.0 နှင့် အထက်ဖုန်းများ အသုံးပြုနိုင်ပါတယ်။
One Click Download(တိုက်ရိုက်လင့်ခ်)
Download From "MediaFire"
Download From "Box"
Download From "dropbox"
Download From "MegaCloud"
Download From "Copy.com"
Download From "4shared"
ဒီကောင်နဲ့တွဲသုံးဖို့အတွက်
auto call recoder လေးပါ။
ဒီမှာဒေါင်းပါ။(auto call recoder)
Google Play Store မှာလေ့လာချင်ပါက…
"Go To Google Play Store ဆီသို့"
ကဲ အားလုံးအဆင်ပြေချောမွေ့  ကြပါစေဗျာ။
-ကိုဇော်သွင်
http://www.aungkyaw.com/2013/06/call-schedule-v336auto.html
- (အရှေ့သို့) gtalk ထဲမှာလူရှိန်အောင် location လိမ်ပြောတဲ့သူတွေကိုဖမ်းကြရအောင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) Root Tool တွေထဲမှာ အောင်မြင်နေဆဲ SuperOneClick v2.3.3 Root Tool Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း