Oxford Advanced Learner's Dictionary - 8th Edition

ကမ္ဘာကျော် နာမည်ကြီး Oxford တက္ကသိုလ်က ထုတ်ထားတဲ့ Oxford Advanced
Learner's Dictionary - 8th Edition ပဲဖြစ်ပါတယ်..။ အင်္ဂလိပ်စာ
လေ့လာလိုက်စားလိုတဲ့ ဝါသနာရှင်များအတွက် စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကို
ပြည့်ပြည့်စုံစုံရှင်းပြထားပြီး ၊ အသံထွက်ကိုပါ နားထောင်လို့ ရတဲ့
ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းတအုပ်ပါ..။ အင်္ဂလိပ်စာနဲ့ပဲ ပြန်ရှင်းပြထားတဲ့
(မြန်မာလိုမပါ) ၊ အင်္ဂလိပ်လို အသံထွက်ကို ပီပြင်စွာ နားထောင်လိုတဲ့
သူများအတွက် ဒီဆော့ဝဲလ်လေးက အရမ်းတန်ဖိုးရှိပါတယ်..။ ဒီ Dictionary ကို
ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ
ထည့်ပေးထားပါတယ်..။ crack ဖိုင်ထည့်နည်းက အရင်တုန်းက
ပိုစ့်တွေအတိုင်းပဲမို့ ပုံတွေအများကြီးနဲ့ မပြတော့ပဲ လိုအပ်တဲ့နေရာကိုပဲ
ပြပေးထားပါတယ်..။ နောက်ပြီး အသုံးပြုတတ်အောင်ပါ ပုံလေးနဲ့
အနည်းငယ်ပြပေးထားပါတယ်..။ ဒီ Oxford Advanced Learner's Dictionary
ကိုလိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။
အပိုင်းတစ်ပိုင်းကို 100 MB စီနဲ့ အပိုင်း ၅-ပိုင်းခွဲတင်ပေးထားပါတယ်..။
အပိုင်း ၅-ပိုင်းစလုံး ဒေါင်းယူပြီးတဲ့အခါ အပိုင်း-၁ ကနေ
ဖိုင်ဖြည်ချပေးလိုက်ရင် အဆင်ပြေပါပြီ..။ Connection အခက်ခဲကြောင့် Upload
ဆိုဒ်တခုမှာပဲ တင်ပေးဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ လင့်တွေမသေခင်
အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/
ပါ..။ ဖိုင်တွေ ဒေါင်းလော့ယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ Blog
ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို ကြည့်ပေးပါ..။
အဆင်ပြေသွားပါလိမ့်မယ်..။
အပိုင်း-၁ ကနေ ဖိုင်ဖြည်ပြီးလို့ အပိုင်း ၅-ပိုင်းပေါင်းပြီးသွားတဲ့အခါ
အောက်ကပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။ မျှားနီပြထားတဲ့ ကောင်လေးကို
၂ချက်တောက်ပြီး Install ထည့်ပေးရမှာပါ..။ မျှားအပြာရောင် ပြထားတဲ့ crack
ဖိုင်လေးကတော့ ဒီကောင်လေးကို Install ထည့်ပြီးသွားတဲ့အခါမှာ ဒီ crack နဲ့
ဖူးဖြစ်အောင် လုပ်ယူရမှာ ဖြစ်ပါတယ်..။
Install ပြီးသွားလို့ Finish ပြီးသွားတဲ့အခါမှာ No ကိုနှိပ်ပါ..။
ပြီးရင်တော့ Desktop မှာပေါ်နေတဲ့ ဒီကောင်လေးရဲ့ Icon ပုံပေါ်မှာ မျှားတင်
Right Click >> Properties >> Open File Location ကို
နှိပ်ပြီး အောက်ကပုံမှာ ပြထားတဲ့အတိုင်း crack ဖိုင်လေးကို
သွားထည့်ပေးလိုက်ပါ..။ နောက်ထပ်ပေါ်လာတဲ့ Yes တို့ Continue တို့ စတဲ့
စာသားတွေကို ထပ်နှိပ်ပေးလိုက်ပါ..။
ပြီးသွားရင်တော့ Apply >> OK ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့
ရသွားပါပြီ..။ အောက်ကပုံကတော့ ဒီ Dictionary ကို ဖွင့်ပြီး အသုံးပြုတဲ့
အခါမှာ Speaker ပုံပေါ်နေတဲ့ နေရာလေးတွေကို နှိပ်ပြီး စာလုံးတခုစီရဲ့
အသံတွေကို နားထောင်လို့ ရပါပြီ..။
အောက်ဆုံးပုံကတော့ Search နေရာမှာ မိမိရှာလိုတဲ့ စာလုံးကို ရိုက်ထည့်ပြီး
ရှာနိုင်ပါတယ်..။ အသံထွက်တွေကိုလည်း နားထောင်နိုင်ပါတယ်..။
ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ
အဆင်ပြေပါစေ..။
Source: http://lwinminbo.blogspot.com/2013/06/oxford-advanced-learners-dictionary-8th.html
- (အရှေ့သို့) အသက်အရွယ် အပိုင်းအခြားအလိုက် အဖြစ်များတဲ့ ရောဂါများ သိရဲ့လား…… စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) Auto Call Recorder Pro v3.51 for android(latest version) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို