မာမာလာ လက်ဖက်ရည်နှင့် AIDS
မာမာလာပင်ကရတဲ့ သစ်ခေါက် ကနေ ထုတ်ထားတဲ့ ဆေးလက်ဖက် ရည်မှာ AIDS ကို တိုက်ခိုက်နိုင်တဲ့ ဓာတ်ပေါင်းပါဝင်နေတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒီ ဆေးလက်ဖက်ရည်ကို တောင်ပစိဖိတ် ကျွန်းတစ်ကျွန်းဖြစ်တဲ့ Samoa ကျွန်းမှာ တိုင်းရင်းဆေးဆရာတွေက အသည်း ရောင်ရောဂါကို ကုသ အောင်မြင်ခဲ့ရာကနေ သုတေသနပြုဖော်ထုတ် နိုင်ခဲ့တာဖြစ်ပါတယ်။
မာမာလာ ( mamala tree )ရဲ့ သစ်ခေါက်ကနေ ဖော်စပ်ထားတဲ့ လက်ဖက်ရည်မှာ ပါဝင်တဲ့ Prostratin ကြောင့် အခုလိုဗိုင်းရပ်တွေကို တိုက် ခိုက်နိုင်တာလို့ သုတေသီတွေက ယူဆခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ Prostratin ကို စမ်းသပ်မှုများစွာ ပြု လုပ်ခဲ့ရာမှာ HIV ဗိုင်းရပ်ကို လူသားတွေရဲ့ ဆဲလ်တွေလို ကူးစက် ၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ ခိုအောင်းနေသော ကူးစက်ပြီး ဗိုင်း ရပ်တွေကို တိုက်ခိုက်နိုင်ခြင်းတွေကို တွေ့ရှိခဲ့ပါတယ်။
လက်ရှိ HIV/ AIDS မှာ အသုံးပြုနေတဲ့ ဆေးဝါးတွေဟာ လူနာရဲ့ သွေးထဲက active ဖြစ်နေတဲ့ ဗိုင်းရပ် ပမာဏကိုနည်းပါးစေဖို့ ပစ် မှတ်ထားတာကြောင့် ဆေးဝါးရပ် လိုက်တာနဲ့ ဗိုင်းရပ်တွေ လျင်မြန်စွာ များ လာနိုင်ပါတယ်။ Protratin မှာတော့ အဲဒီ အာနိသင်ကိုချေဖျက် နိုင်ခြင်းရှိမရှိနဲ့ ကိုယ်ခန္ဓာထဲကနေ ဗိုင်းရပ်ကင်းစင် အောင် ပြုလုပ်နိုင် စွမ်းရှိမရှိကိုသုတေသီတွေ လေ့လာ နေပါတယ်။ National Cancer Institute ကတော့ အသည်းရောင် ခြင်း ကို Samoa တိုင်းရင်းဆေးနည်း က ကုသနိုင်ခဲ့ခြင်းမှာ Prostratin က အဓိကပါဝင်ပစ္စည်းဖြစ်တယ်ဆို တာအတည်ပြုထားပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ Mamala အပင်ရဲ့ပင်စည်ကနေမှ prostratin ပမာဏအနည်းငယ်သာ ရရှိနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီလေ့လာမှုကို Stanford University မှ သုတေသီ Paul A Wender နဲ့အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။
ငြိမ်းအေး
Ref; PTI
Health Updates Journal
- (အရှေ့သို့) အဆုတ္ကင္ဆာရွိမရွိကို အသက်ရှူစမ်းသပ်နည်းတစ်ခုဖြင့် သိစေနိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Virginity (1) အပျို တကယ်စစ်ပါတယ် (၁) (+၁၈)Eaindra Kyaw Zin
- (အနောကျသို့) Windows မှာ Data Partition တစ်ခု သီးခြားပြုလုပ်အသုံးပြုခြင်း... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Virginity (1) အပျို တကယ်စစ်ပါတယ် (၁) (+၁၈)Eaindra Kyaw Zin