သွေးနီဥပေါက်ကွဲသောကြောင့်ဖြစ်သော သွေးအားနည်းရောဂါ

လူတယောက် နေမကောင်းတဲ့အခါ ဆရာဝန်များက မျက်စိအောက်ကို ကြည့်တတ်ကြပါတယ်။ နီနေရင် သွေးအားကောင်းတယ်။ ဖြူနေရင် သွေးအားနည်းတယ်ဆိုပြီး အကြမ်းဖျင်းသတ်မှတ်ကြပါတယ်။ သွေးအား နည်းတယ်ဆိုတာ အသက်အရွယ် ကျားမပေါ်မူတည်ပြီး ခွဲခြားထားသော သွေးနီဥ ပမာဏထက် နည်းခြင်း ကိုခေါ်ပါတယ်။ ဒီသွေး အားနည်းရတဲ့ အကြောင်းအချက်များစွာ ရှိပါတယ်။ သွေးနီဥတွေကို အဓိကအား ဖြင့် ရိုးတွင်းချဉ်ဆီမှ လုံလုံလောက်လောက် ထုတ်လုပ်ပေးပါတယ်။ သွေးနီဥတလုံးရဲ့ သက်တမ်းကလည်း ရက်ပေါင်း၂၀-တောင် ကြာပါတယ်။ သွေးအားနည်းရောဂါ တမျိုးဖြစ်တဲ့ သွေးနီဥပေါက်ကွဲခြင်းမှာ သွေးနီဥ များဟာ ပျက်စီးကုန်တာ ဖြစ်ပါတယ်။ သွေးနီဥများ ပေါက်ကွဲပျက်စီးရခြင်း အကြောင်းရင်း များစွာရှိပါ တယ်။ မွေးရာပါရောဂါများဖြစ်သော...
၁။ သွေးနီဥ တည်ဆောက်ရာ ပုံမှားယွင်းခြင်း။ ( ဥပမာ-Thalassaemia )၊
၂။ သွေးနီ၏ ပြင်ပအသွင် ပုံစံမှားခြင်း။
၃။ သွေးနီဥ တည်မြဲဖို့အတွက် လိုအပ်သောပစ္စည်း ချို့တဲ့ခြင်း။ (ဥပမာ-G6PD ဓာတ် ချို့တဲ့ခြင်း ) စတာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့်ဖြစ်စေ ငှက်ဖျားပိုးကြောင့်ဖြစ်စေ ခန္ဓာကိုယ်၌ ခုခံအားများလွန်းသောကြောင့်ဖြစ် စေ သွေးနီဥတွေ ပေါက်ကွဲနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ သွေးအားနည်းခြင်း၊ အသည်းနဲ့ သရက်ရွက် ကြီးလာခြင်း၊ မျက်စိဝါ အသားဝါလာခြင်း၊ ဆီးဝါလာခြင်းတို့ အပြင် အခြားရောဂါအခံတွေရဲ့ လက္ခဏာတွေပါတွဲပြီး ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီရောဂါလက္ခဏာတွေ အများကြီးထဲမှာမှ G6PD deficiency အကြောင်း ပြောပြချင်ပါတယ်။
ဒီ G6PDဆိုတာ သွေးနီဥ ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးတဲ့ ဓာတ်အကူပစ္စည်းတမျိုး ဖြစ်ပါတယ်။ ဒီ G6PDဓာတ် ချို့တဲ့တဲ့အခါ သွေးနီဥဟာ လျှင်မြန်စွာ ပျက်စီးတတ်ပါတယ်။ ဒီရောဂါဟာ ယောက်ျားလေးများ မှာ အဓိက ဖြစ်ပွားတတ်ပါတယ်။ ဒီဓာတ်ချို့တဲ့တဲ့အခါမှာ ပြတဲ့လက္ခဏာတွေကတော့...
၁။ မွေးကင်းစတွင် အသားဝါခြင်း၊ အသားဝါခြင်းဟာ မွေးပြီး ၃-ရက်လောက်မှာ ဖြစ်တတ်ပြီး ဆိုးရွားကာ သွေးလှယ်ရသည်အထိ လိုအပ်တတ်ပါတယ်။
၂။ ဆေးတမျိုးမျိုး သောက်ခြင်းမှလည်း ရုတ်တရက် သွေးအားနည်းသွားတတ်ပါတယ်။ ( ဥပမာ-ငှက်ဖျား ဆေး Primaquine.ပဋိဇီဝဆေးအချို့ )
၃။ ပရုပ်လုံးကို ကိုင်တွယ်သုံးစွဲမိခြင်း။
၎။ ဖျားခြင်း၊ မအီမသာဖြစ်ခြင်းတို့မှတဆင့် ဆီးအမည်းရောင် သွားခြင်း။
၅။ တချို့တွင် ပဲကြမ်းကြော်စားပြီးမှ ရောဂါလက္ခဏာ ပြခြင်းများ ရှိတတ်ပါတယ်။ G6PD ဓာတ် ချို့တဲ့သူတွေ ဟာ နာတာရှည်ရောဂါသည်တွေ မဟုတ်ကြပါဘူး။ ဒါကြောင့် ဒီရောဂါရှိတဲ့ ကလေးရဲ့မိဘတွေကို ရောဂါနှင့် ပတ်သက်ပြီး ရှောင်ရန် ဆောင်ရန်တွေ ပြောပြပေးရပါတယ်။ ရှောင်ရမယ့် ဆေးစာရင်းကို ပေးထားရပါ မယ်။ ဒီစာရင်းတွေအပြင် ဘယ်ဆေးကိုမှ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။
ပဲကြမ်းကြော် စားခြင်းနဲ့ ပရုပ်လုံးသုံးခြင်းကို ရှောင်သင့်ပါတယ်။ ဒါကြောင့် အစားအသောက် အမူအကျင့် ကို ထိန်းသိမ်းခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
( ဒေါက်တာ သပြေမွန် )
မင်္ဂလာသတင်းစဉ်
- (အရှေ့သို့) ဆေးရောင်စုံ လေယာဉ်များ... JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) Myanmar Model and Actress ချမ်းမီမီကို JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...