မြေပဲ ထောပတ် စားသုံးသည့်မိန်းကလေးများ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါး
ဝါရှင်တန် စက်တင်ဘာ ၂၉ မြေပဲ ထောပတ် သို့မဟုတ် အခွံမာသီးများကို တစ်နေ့လျှင် နှစ်ကြိမ် စားသုံး သည့် မိန်းကလေးများ သည်အသက်၃၀ အရွယ်တွင် ရင်သား ကင်ဆာဖြစ်ပွားမှု အလားအလာ ၃၉ ရာခိုင်နှုန်းထိ လျော့နည်းနိုင်ဖွယ်ရှိကြောင်း အမေရိကန်သုတေသန ပညာရှင်များက လေ့လာတွေ့ရှိ ထားသည်။
ဝါရှင်တန်တက်္ကသိုလ်နှင့် ဟားဗက်ဆေး တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း အသက် ၉ နှစ်နှင့် ၁၅ နှစ်အရွယ် မိန်းကလေး ၉၀၃၉ ဦးနှင့် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် တွင် အသက် ၁၈ နှစ်မှ ၃၀ အရွယ် အမျိုးသမီးများကြား မြေပဲထောပတ် သို့မဟုတ် အခွံမာသီး စားသုံးသူ များနှင့် စားသုံးခြင်း မရှိသည့် သူများအကြား လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ရာ ၎င်းအစားအစာများ စားသုံးသည့် သူများသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါးသည်ကို လေ့လာ တွေ့ရှိခဲ့ကြောင်း FOX သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့ကြောင့် မြေပဲထောပတ် စားသုံးခြင်းသည် အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပွားမှု အန္တာရာယ်ကို လျှော့ချ ပေးနိုင်ဖွယ် ရှိကြောင်း ၀ါရှင်တန်ဆေး တက္ကသိုလ် ကင်ဆာရောဂါ တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနမှ ဒေါက်တာ ဂရာဟမ်ကိုလ်ဒစ်ဇ်က ၎င်း၏တွေ့ရှိချက်ကို အကြံပြု ပြောကြားထားသည်။
မြ၀တီ
- (အရှေ့သို့) မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောက်သို့) Nero 2014 Platinum 15... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ