ခရီးသွားစဉ် ခြေထောက်ရောင်ရမ်းခြင်းနှင့်ကျန်းမာရေး
Health Updates Journal
ခရီးရှည်ထွက်ကြတဲ့အခါမှာ ခြေကျင်းဝတ်တွေ၊ ခြေထောက်တွေ ရောင်ရမ်းခြင်းဟာ မကြာခဏတွေ့ရ လေ့ရှိတဲ့ပြဿနာတစ်ခုပါပဲ။ ပုံမှန်အားဖြင့် ကျွန်တော်တို့တွေလမ်း လျှောက်တဲ့အခါမှာ ခြေထောက်ကြွက်သားတွေကို ညှစ်ပေးသလို ဖြစ်တဲ့အတွက် ခြေထောက်မှာရှိတဲ့ သွေးတွေကို နှလုံးကိုပြန်ရောက် အောင်ကူညီပေးသလိုဖြစ်ပါတယ်။ ဒါပေမယ့် ခရီးရှည်ထွက်ကြတဲ့အခါ ကားပေါ်၊ ရထားပေါ်၊လေယာဉ်ပျံ တွေပေါ်မှာ ခြေထောက်ကို တွဲ လောင်းချထားတဲ့ အချိန်ကြာလာရင် ခြေထောက်တွေ ရောင်ရမ်းလာတတ်တာသဘာဝပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ခြေထောက်ရောင်ရမ်း ခြင်းဟာ တခြားပြဿနာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။
ဘယ်အခါမှာ ဆေးဝါးကုသစစ် ဆေးမှုခံယူသင့်လဲ။
ဖိုးသောကြာ
ref:Medindia

-အချိန်ကြာမြင့်စွာ မလှုပ်မရှား နေတဲ့အချိန်မှာ ခြေထောက် ရောင်ရမ်းတာဟာ ပြဿနာမဟုတ်ပေမယ့် လှုပ်ရှားမှုတွေ ပြန်လုပ်ပြီးနာရီ အတော်ကြာတဲ့အထိ အရောင်မကျတဲ့အခါ၊
-ခြေတစ်ဖက်ထဲ ရောင်ရမ်းနေတဲ့အခါ
-ခြေထောက်ရောင်တာအပြင် နာကျင်မှုတွေနဲ့ပါ တွဲလာတဲ့အခါ
-ခြေထောက်ရောင်တာနဲ့အတူ နွမ်းနယ်တာတွေ၊ အသက်ရှုကြပ်တာတွေနဲ့တွဲလာတဲ့အခါတွေမှာ ဆေးကုသမှုခံယူဖို့လိုပါတယ်။
-ခရီးသွားစဉ် ခြေထောက်ရောင်တာကို ဘယ်လိုသက်သာအောင်ဘာတွေ လုပ်သင့်သလဲ။
-ခရီးရှည်ထွက်တော့မယ်ဆိုရင် အင်္ကျီအကြပ်၊ ဘောင်းဘီအကြပ် တွေဝတ်မယ့်အစား ပေါ့ပေါ့ပါးပါး တွေသာဝတ်ဆင်သင့်ပါတယ်။
-ခရီးရှည်သွားစဉ်မှာ ခြေကျင်းဝတ်နဲ့ဒူးတွေကို မကြာခဏလှုပ်ရှားပေးသင့်ပါတယ်။
-အလျဉ်းသင့်တိုင်း လမ်းထထ လျှောက် ပေးသင့်ပါတယ်။
-ခြေချိတ်ထိုင်ခြင်းကို ရှောင်ရှားသင့် ပြီး အလျဉ်းသင့်တိုင်းထိုင်နေတဲ့ပုံစံ ကို မကြာခဏပြောင်းပေးသင့်ပါ တယ်။
-ခရီးသွားစဉ်မှာ အသီးဖျော်ရည်တွေ၊ မကြာခဏသောက်ပေးသင့်ပါတယ်။

- (အရှေ့သို့) လမစေ့မီမွေးသောကလေးများတွင် သကြားဓာတ်ဂျယ်(Dextrose gel)က ဦးနှောက်ပျက်စီးမှုအား ကာကွယ်ပေးနိုင် Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) ရယ်လိုက်တိုင်း သွားဖုံးပေါ်နေပြီလား Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...