နော်ဝေအစိုးရက ပေးအပ်မယ့် အပြည့်အဝပညာသင်ဆု လျှောက်ထားနိုင်



နော်ဝေအစိုးရက ပေးအပ်မယ့် အပြည့်အဝပညာသင်ဆုကို မြန်မာကျောင်းသားတွေ ဖေဖော်ဝါရီလ ၂၁ ရက်နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ Asian Institute of Technology (AIT) မှဥက္ကဋ္ဌ Worsak Kanok Nukulchai က ဆိုပါတယ်။

အေအိုင်တီကျောင်းမှာ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ၊ Environment, Resources and Development နဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ၊ Management နဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ လျှောက် ထားနိုင်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ အင်္ဂလိပ်စာ အရည်အချင်းကောင်းမွန်ရမှာ ဖြစ်ပြီး မိမိအရင်တက်ရောက်ခဲ့တဲ့ကျောင်းရဲ့ တက္ကသိုလ်အမှတ်စာရင်း လိုအပ်တယ်လို့ သိရပါတယ်။

ယခုနှစ်မှာ ကျောင်းသားအယောက် ၄၀ ဝန်းကျင်ကို အပြည့်အဝ စကောလားရှစ်နဲ့ ခေါ်ယူမှာဖြစ်ပြီး စကောလားရှစ် ရွေးချယ်ခံရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေက အေအိုင်တီကျောင်း အခြေစိုက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တက်ရောက်ရမှာ ဖြစ်တယ်လို့သိရပါတယ်။

ယခုစကောလားရှစ်ကို လျှောက်ထားချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ www.ait.asia မှာ လျှောက်ထားနိုင်သလို ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒို၊ အဆောင် (ဘီ) မှာ ၁၅ ရက်နေ့မှာ နောက် ဆုံးထားပြီး လျှောက်လွှာတင်နိုင်တယ်လို့ သိရပါတယ်။

ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၄၄)၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...