Your Body Odor Could Be Your New ID Card



လုံခြုံရေး အတွက် မျက်နှာ၊ လက်ဗွေ၊ မျက်ဝန်း စသည်ဖြင့် အသုံးပြု စစ်ဆေး ကြရာကနေ အခုအခါ မှာတော့ လူ့ကိုယ် သင်းနံ့ကိုရော အသုံးပြု လာနိုင် မလား ဆိုတာကို အခု ဆောင်းပါးမှာ ဆွေးနွေး ထားပါတယ်။

၂၁ ရာစုခေတ် ဇီဝခန္ဒာသုံး လုံခြုံရေး တိုင်းတာတဲ့ စနစ်တွေ ထဲမှာ မျက်နှာ၊ လက်ဗွေ၊ မျက်ဝန်း တို့ကို အသုံးချ ထားတဲ့ စနစ် တွေတော့ တွင် တွင် ကျယ်ကျယ် သုံးနေ ကြပါပြီ။ နာမည်ကြီး ဖုန်းတွေ၊ ကွန်ပျူတာ တွေလို သေးငယ်တဲ့ ပစ္စည်းတွေ ကစလို့ အဆောက်အဦး တွေလို ကြီး မားတဲ့ ပစ္စည်းတွေ မှာတောင် အသုံးချနေ ကြပေမယ့် အဲဒီစနစ် အားလုံးဟာ လူတွေရဲ့ ရာနှုန်းပြည့် ထောက်ခံမှု ရကြတဲ့ စနစ်တွေတော့ မ ဟုတ် ကြပါဘူး။ အထူးသဖြင့် မိမိမျက်နှာ၊ ဒါမှမဟုတ် လက်ကို သက်ဆိုင်ရာ စက်မှာ မရွံမရှာ ထိကပ်ပြီး နေပေးရတဲ့ ဒုက္ခဟာ စိတ်ညစ်စရာ ကောင်းတယ် ဆိုတာ စာဖတ်သူ တွေအားလုံး ကြုံဖူး တွေ့ဖူး ကြမယ် ထင်ပါတယ်။ ဒါ့အပြင် အထက်ပါ သုံးခုသော လုံခြုံရေး စနစ်တွေ ထဲက လက်ဗွေနဲ့ မျက်ဝန်း သုံးစနစ် တွေဟာ မှုခင်း ကိစ္စတွေ လိုမျိုး မှာတောင် အသုံးပြု နိုင်အောင် ကောင်းမွန် ပေမယ့် မျက်နှာကို အသုံးချပြီး စစ် ဆေးတဲ့ စနစ်မျိုး ကတော့ အားနည်း ချက်တွေ များစွာရှိ နေသေး တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် အထက်ပါ လုံခြုံရေး စနစ်တွေနဲ့ ပတ် သက်ပြီး မေးခွန်းနှစ်ခု ထွက်လာ ပါတယ်။ မှန်ကန်မှုကို အာမခံ နိုင်တဲ့ လုံခြုံရေး စနစ် ဖြစ်နိုင်မလား။ အကယ်၍ ၁၀၀ ရာခိုင်နူန်း အာမခံ နိုင် တောင် စစ်ဆေးခံ လူထု အတွက် အပန်း မကြီးအောင်၊ ကျန်းမာရေး နဲ့လဲ ကိုက်ညီအောင် ဆောင်ရွက်ပေး နိုင်မလား။



ဟုတ်ပြီ။ ဘယ်စနစ်မှ ပြည့်စုံအောင် အာမ မခံနိုင်တော့ လူတွေ သုံးပြီး လုံခြုံရေး အတွက် စစ်ဆေး ကြပါမယ်။ အဲဒါမှာလည်း ပြဿနာတွေရှိ ပါတယ်။ စာဖတ်သူ များလည်း ကြားကြမယ် ထင်ပါတယ်။ တစ်ချို့သော လေဆိပ် တွေမှာ အ၀တ်အစား တွေကိုပါ ချွတ်ရှာလို့ ၀န်ထမ်းတွေ နဲ့ ပြည်သူတွေ ပြဿနာ တက်ကြတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အဲဒီတော့ ဘာများ သုံးပြီး စစ်ဆေး ကြမလဲ။ Spain နိုင်ငံရဲ့ Universidad Poli tecnica de Madrid နဲ့ Tech firm Ilia Sistemas SL တို့ပူးပေါင်းပြီး အဲဒီက သိပ္ပံ ပညာရှင် တွေဟာ အထက်က ပြဿနာ တွေရှိနေတဲ့ လုံ ခြုံရေး စနစ်တွေကို နောက်ကောက် ချပစ်နိုင်တဲ့ စနစ် တစ်ခုကို တီထွင် နေကြပါတယ်။ အဆိုပါ သိပ္ပံ ပညာရှင် များရဲ့ ပြောကြားချက် အရ သူ တို့ရဲ့ လုံခြုံရေး စနစ်ဟာ လူတစ်ယောက် စီတိုင်းမှာ ကွဲပြားစွာ ရှိနေတဲ့ ကိုယ်သင်းနံ့ တွေကို ခြေရာခံပြီး လူတိုင်းရဲ့ အချက်အလက် တွေကို အလွယ်တကူ ဖော်ပြ စစ်ဆေး ပေးနိုင်မယ်လို့ ဆိုပါတယ်။ မှန်ကန်ခြေ ရာခိုင်နှုန်းဟာ ၈၅ ရာခိုင်နူန်း အထိ ရှိမယ်လို့ ခန့်မှန်း ထားပေမယ့် အ နာဂတ်မှာ ဒီထက် တိုးတက် လာဖို့ ရှိပါတယ်။ ဒါ့အပြင် မျက်နှာတို့၊ လက်တို့ကို စက်နားကပ် ပေးစရာ မလိုတော့ဘဲ သက်သက် သာသာ စက် ပတ်ဝန်းကျင်ကို ဖြတ်သန်း သွားရုံသာ လိုအပ်မယ့် စနစ် ဖြစ်တာကြောင့် ပြည်သူတွေ ကလည်း လိုလိုလားလား ပူပေါင်း ဆောင်ရွက် နိုင်ကြ မှာလည်း ဖြစ်ပါတယ်။



ဒီစနစ်နဲ့ ပတ်သက်လို့ တီထွင်ဆဲ ဖြစ်တာမို့ အသေးအစိတ် အချက်အလက် တွေတော့ မထွက်ပေါ် လာသေးပါဘူး။ ဘာလိုပဲ ဖြစ်ဖြစ် စစ်ဆေး သူဘက်ကော၊ စစ်ဆေးခံ သူဘက်ကပါ နှစ်ဦးနှစ်ဖက် အလွယ်တကူ ဆောင်ရွက် နိုင်တဲ့ စနစ် ဖြစ်တာမို့ မကြာတော့တဲ့ အနာဂတ်ကို မျှော်လင့် စောင့်စား ကြရုံသာ ရှိပါတော့ တယ်လို့ သတင်းပါးရင်း နိဂုံးချုပ်အပ်ပါတယ်။

Images from muscleandfitness, huffpost, jagran, mashable. Source: mashable.com

Author Paing Hmu Ko
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...