ဝက်ခြံရောဂါ ( acne)


photo:www.tareendermatology.com

ဆေးသုတေသီတို့ရဲ့ အဆိုအရ ၀က်ခြံရောဂါ (acne) သည် အရေပြားရောဂါများတွင် ဖြစ်ပွားမှူ အများဆုံး အရေပြားရောဂါတစ်မျိုးဟု သိထားရပါသည်။ တကယ်တန်းတွင်လည်း လူတိုင်းသည် ၀က်ခြံ ရောဂါကြောင့် အနည်းနှင့် အများဆိုသလို စိတ်ညစ်နေကြရပါသည်။ အထူးသဖြင့် လှချင်ပချင်သော ဆယ်ကျော်သက် လူငယ်များတွင် ပိုဖြစ် လေ့ရှိသဖြင့် ၀က်ခြံရောဂါကို ဆယ်ကျော်သက် ရန်သူဟုပင် တင်စားနိုင်ပါသည်။

ဘယ်အရွယ်မှာ ၀က်ခြံပိုဖြစ်တတ်သလဲ

အသက် ၁၂ နှစ် မှ ၁၇ နှစ် ကြားတွင် ပိုဖြစ်လေ့ရှိပါသည်။ ယောက်ကျားလေးများတွင် လူပျိုဖြစ်သည့် အခါ စတင်ထွက်ရှိလာသည့် အင်ဒရိုဂျင် ( androgen) ခေါ် ကျားဟော်မုန်းကြောင့် ဖြစ်ပြီး ၊ မိန်းကလေးများ တွင်မူ ဓမ္မတာသွေးပေါ်ချိန်တွင် မဟော်မုန်းဓါတ်များ ပြောင်းလဲ ခြင်းကြောင့် ဖြစ်ပါသည်။ လူပျို ၊ အပျို မဖြစ် ခင် တစ်နှစ်မှ သုံးနှစ်အတွင်း ၀က်ခြံပိုး ဘက်တီးရိးယားများသည် အဆမတန် ပိုမိုပေါက်ပွားလာပြီး မူလ တစ်စတုရန်းစင်တီမီတာတွင် ဘက်တီးရီးယား ဆယ်ကောင် ၀န်းကျင်ခန့်သာရှိရာမှ ထိုအချိန်တွင် အကောင်ရေ တစ်သန်းအထိ တိုးတတ်များပြားလာပါသည်။

အသက်အရွယ်ကိုလိုက်၍ ၀က်ခြံဖြစ်ပွားမှုနှုန်း တဖြည်းဖြည်းလျော့ကျလာပြီး -
၂၅ နှစ် မှ ၃၄ နှစ် အတွင်းတွင် 8%
၃၅ နှစ်မှ ၄၄ နှစ် အတွင်းတွင်မူ 3 % သာ ဖြစ်ပွားတော့ကြောင်း သုတေသနပြုချက်များအရ လေ့လာတွေ ရှိရပါသည်။

ဝက်ခြံရောဂါဖြစ်စေတဲ့ ပိုးက ဘာလဲ

အရေပြားအတွင်းရှိ အဆီအိပ်များထဲတွင် ပိုးရှိနေပါသည်။ ၀က်ခြံကို ဖြစ်စေသောပိုးမှာ Propionibacterium acane ဖြစ်ပါသည်။ သာမန်အခြေအနေတွင် ဒုက္ခ မပေးပါ။ အရေအတွက်လည်း အနည်းငယ်သာရှိပါသည် ၄င်း ဘက်တီးရီးယားသည် ပရိုပီရိုးနစ် အက်ဆစ်( Propionic acid) ကို ထုတ်ပေးသည်။ ယင်းအက်ဆစ်သည် အရေပြားအတွင်းရှိ အဆီအိပ် (Sebacious gland) အတွင်းရှိ အဆီများ( Fatty acid) ကို ကျဲအောင် ပြုလုပ်၍ အရေပြားပေါ်သို့ ထုတ်ပေးသည်။ ထို့ကြောင့် ၄င်းပိုး အမည်ကို propionicbacterium acane ဟု ခေါ်ရခြင်း ဖြစ်ပါသည်။

ဘယ်နေရာတွေမှာ ၀က်ခြံပိုဖြစ်သလဲ

လူ့ခနာကိုယ်တွင် အဆီအိပ် များရှိသည့် နေရာတိုင်းတွင် ၀က်ခြံ ဖြစ်ပါသည်။ အဆီအိပ်များသည် မျက်နှာ တွင် အများဆုံးရှိ၍ ၀က်ခြံရောဂါသည် မျက်နှာတွင် အများဆုံးဖြစ်သည်ကို တွေ့ရပါသည်။ ဒုတိယ အများ ဆုံးနေရာမှာ ရင်ဘက်နှင့် ကျောကုန်းနေရာများဖြစ်သည်။ အဆီအိပ် လုံးဝမရှိသော လက်ဖုဝါးနှင့် ချေ ဖုဝါးနေရာတို့တွင် ဘယ်တော့မှ ၀င်ခြံ မပေါက်ပါ။

ဝက်ခြံဖု ဘယ်လိုပေါက်လာသလဲ

ဝက်ခြံရောဂါ ဖြစ်ပွားလာပုံကို အဆင့်လေးဆင့်ဖြင့် ပြောပြပါမည်။

အဆင့် (၁) အဆီအိပ်ဂလင်းရှိ အဆီထုတ်ပြွန် ပိတ်သွားခြင်း
ဗီတာမင် အေချို့တဲ့ ခြင်းကြောင့် ပြွန်နံရံပေါ်ရှိ ဆဲများ ပျက်စီးကြွေကျသဖြင့် အဆီထုတ်ပေးသော ပြွန်ငယ် ပိတ်သွားပါသည်။

အဆင့် (၂) အဆီအိပ်ဂလင်းမှ အဆီပိုထုတ်ခြင်း
အင်ဒရိုဂျင် ဟော်မုန်း( ကျားဟော်မုန်း) သည် အဆီအိပ်မှ အဆီ ပိုထုတ်ရန် လှုံဆော်ပေးသဖြင့် အဆီအိပ် အတွင်း အဆီ ပိုမို များပြားလာပါသည်။ အဆီအိပ်သည် သာမန်အခြေအနေအတိုင်း ပွင့်နေလျှင် ပြသနာ မရှိသော်လည်း ပြွန်ပိတ်နေသော အခါ အဆီအိပ်များသည် တင်းပြီး ဖေါင်းလာပါသည်။

အဆင့် (၃) အဆီများ အပြင်သို့ တိုးထွက်လာခြင်း
အဆမတန်များပြားလာသော အဆီများသည် အရေပြား၏ အပေါ်မျက်နှာပြင်သို့ အဆီပြွန်မှ တဆင့် အတင်း တိုးထွက်လာပါသည်။ ထိုအခါ လေနှင့်ထိတွေ့၍ (Oxidation ) ဓါတ်တိုးခြင်း ဖြစ်သွားပြီး ၀က်ခြံ၏ထိပ်တွင် မည်းနေသော အဆံကလေး ဖြစ်သွားပါသည်။ ၄င်းကို ၀တ်ဆံမည်း ( Black hole or open camdone) ဟုခေါ်ပါသည်။ အကယ်၍ ဆီထွက်ရန် အပေါက်သည် လုံးဝပိတ်ဆို့နေပါက လေနှင့် မထိသည့်အတွက် အမည်းစက် မဖြစ်ဘဲ အဖြူဆံ ၊ ၀တ်ဆံဖြူ ( White hole or closed comedone) ဖြစ်သွားပါသည်။

အဆင့် (၄) ၀က်ခြံရောဂါပိုး ပေါက်ပွားခြင်း
၎င်းပိတ်နေသော အဆင့်ပင်သည်လျှင် ၀က်ခြံရောဂါပိုးပေါက်ပွားရန်အတွက် အသင့်လျှော်ဆုံး အခြေ အနေပင် ဖြစ် ပါသည်။ အကြောင်းမှာ ၀က်ခြံရောဂါပိုး ( Propionicbacterium acane ) သည် လေမဲ့ အခြေအနေတွင်သာ ပေါက်ပွားနိုင် ပြီး ပြွန်ပွင့်၍ လေနှင့် ထိတွေ့နေပါက မပေါက်ပွားနိုင်ပါ။ ပိတ်နေသောကြောင့် ၀က်ခြံပိုးများ များစွာပေါက်ပွားလာပြီး ၄င်းမှထုတ်လိုက်သော အဆိပ်များသည် ပတ်ဝန်းကျင်ရှိ ဆဲများကို ထိခိုက်ပျက်စီး ရောင် ရမ်းစေလာပါတော့သည်။ ထို့ကြောင့် ၀က်ခြံမှာ ယောင်ပြီး တင်းလာရခြင်းဖြစ်ပါသည်။

ဘာတွေအစားများလို့ ဖြစ်တာလဲ

(၁) အိုင်အိုဒင်းဓါတ်ပါသော အစားအစာများ

အိုင်အိုဒင်းဓါတ်သည်မရှိမဖြစ် လိုအပ်သော သတ္တုတစ်မျိုး ဖြစ်သည်။ လူခနာကိုယ်အတွက် အလွန် အရေးကြီးသော သိုင်းရွိုက် ဟော်မုန်း ထုတ်လုပ်ရာတွင် သုံးသည့် အခြေခံပစ္စည်း ဖြစ်သည်။ တစ်နေ့တာ အတွက် လိုအပ်သော အိုင်အိုဒင်း ပမာနကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) မှ ထုတ်ပြန်ပေးထားပါသည်။

အသက်အရွယ်အလိုက် အိုင်အိုဒင်းဓါတ်လိုအပ်မှူ
၊—————————————————————————-
Age Required amount ( mic gram/ day) 12 years 200
၊—————————————————————————–

မြန်မာနိုင်ငံတွင် အိုင်အိုဒင်း ချို့တဲ့မှု ပပျောက်စေရန် အိမ်သုံးဆားများတွင် လိုအပ်သော အိုင်အိုဒင်းဓါတ်ကို တွက်ချက်၍ ထည်းထားပေးပါသည်။ လိုအပ်သည်ထက် ပိုမို စားသုံးပါက အလွန်အန္တရယ် များလှပါသည်။ မရီမဖြစ်လို အပ်သော်လည်း ပိုစားပါက အရေအပြားနီမြန်းခြင်း ၊ နှလုံးခုံ မမှန်ခြင်း၊ ချေလက်များ ထုံ၍ မသည်ချင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များတွင် အိုင်အိုဒင်းဓါတ် ချို့တဲ့လျှင် မကောင်းသလို ပိုလျှံလျှင်လည်း သန္ဓေသားကို ထိခိုက်ပါသည်။

နေ့စဉ်စားသုံးသော ဆားတွင် လိုအပ်သော အိုင်အို ဒင်းဓါတ်ပါပြီးဖြစ်သောကြောင့် အိုင်အိုဒင်း ဓါတ်ပါသော အစားအစာများကို လွန်စွာစားသုံးမိပါက ၀က်ခြံရောဂါ ဖြစ်စေပါသည်။ အထူးသဖြင့် ပင်လယ်စာ ( ပင်လယ်ငါး၊ ပြည်ကြီးငါး၊ ငါးမန်းတောင်) တို့တွင် အိုင်အိုဒင်းဓါတ် လွန်စွာပါဝင်သည်။ ထို့ကြောင့် ၀က်ခြံရာဂါဖြစ်သူများ အဓိက ရှောင်ရန် ဖြစ်ပါသည်။ ထို့ပြင် အိမ်သုံးဆားတွင်ပါဝင်သော အိုင်အိုဒင်း သည်လည်း ၀က်ခြံ ဖြစ်နေသူများကို ပိုဆိုးစေနိုင်သဖြင့် ခေတ္တလျော့စားသင့်ပြီး ရောဂါပျောက်မှသာ ပုံမှန်ပြန်စား သင့်ပါသည်။(လိုအပ်သည်မှအပ)။

(၂) အိုင်အို ဒင်းပါသော အားဆေး

အချို့အားဆေးများတွင် အိုင်အိုဒင်းဓါတ် များစွာပါဝင်ရာ မလိုအပ်ဘဲ ၄င်းအားဆေးကို သောက်သုံးနေပါက ၀က်ခြံရောဂါ ဖြစ်ပွားမှုများရှိလာပြီး ၄င်းအားဆေးကို မဖြတ်ပါက ၀က်ခြံကု သရာတွင် ပျောက်ကင်းမှု မရှိဘဲ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မိမိလိုအပ်သော သင့်တော်သော အားဆေးကိုသာေ၇ွးချယ်သောက် သုံးရန် အကြံပြုပါသည်။

(၃) နွားနို့

ဝက်ခြံပေါက်လျှင် နွားနို့ကို မသောက်သင့်ပါ။ အကြောင်းမှာ
(၁) နွားနို့တွင်ပါဝင်သော အိုင်အိုဒင်းဓါတ်ကြောင့် လည်းကောင်း
(၂) နွားနို့တွင်ပါဝင်သော ဟော်မုန်းဓါတ်များကြောင့် လည်းကောင်း( androgen)
(၃) နွားနို့တွင်ပါဝင်သော ပြည့်ဝဆီ (Saturated fat) များကြောင့် လည်းကောင်း
(၄) နွားနို့တွင်ပါဝင်သော သကြားဓါတ်( Milk sugar) ကြောင့် လည်းကောင်း

အထက်ပါလေးချက်ကြောင့် နွားနို့သောက်ခြင်းသည် ၀က်ခြံရောဂါကို ပိုမိုဆိုးရွားစေသည့်အတွက် ၀က်ခြံပေါက်ချိန်တွင် နွားနို့ကို ရှောင်ကြည်သင့်ပါသည်။

(၄) စားသုံးဆီ

စားသုံးဆီသည်လည်း ၀က်ခြံရောဂါကို ပိုမိုဆိုးရွားစေပါသည်။ ဆီ(သို့) အဆီသည် ခန္ဒာကိုယ်အတွက် မရှိမဖြစ် အရေးပါပြီး အလွန်အကျွံ့ စားပါကလည်း ကျန်းမာရေးကို ထိခိုက်စေသဖြင့် သင့်တင့်မျှတစွာ စားရန် လိုအပ်ပါသည်။

ကျွန်ပ်တို့စားသုံးနေသော အဆီကို အဓိက အားဖြင့် အုပ်စုကြီး (၃) စု ခွဲံထားပါသည်။
၎င်းတို့မှာ (၁) ပြည့်ဝဆီ ( Saturated fat) (၂) မပြည့်ဝဆီ (Unsaturated fat) (၃) ပြောင်းလဲဆီ (Trans fat) တို့ ဖြစ်ကြသည်။

(၁) ပြည့်ဝဆီ ( Saturated fat)

ပြည့်ဝဆီသည် လူခန္ဒာကိုယ်အတွက် မည်သို့မျှ အကျိုးမပြုပါ။ ဆိုးကျိုးကိုသာ ပေးသည်ဖြစ်၍ တတ်နိုင် သမျှရှောင် သင့်ပါသည်။

စားသုံးပါက သွေးအတွင်းရှိ ကိုလက်စထရော (cholestrol) များလာခြင်း၊ LDL များ လာခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ ၊ ကိုယ်တစ်ပိုင်းသေခြင်း တို့ ဖြစ်တတ်ပြီး
ဝက်ခြံပေါက်နေသော လူငယ်များတွင်လည်း ၀က်ခြံများပိုမိုထွက်ရှိအောင်၊ ဖြစ်ပြီးလျှင်လည်း
မပျောက်အောင် ဒုက္ခပေးပါသည်။

၎င်းပြည့်ဝဆီသည် အခန်းအပူချိန်တွင် ခဲနေတတ်ပါသည်။ ( မိမိအိမ်တွင်သုံးသောဆီသည် ပုလင်းထဲတွင် ထားနေရင်းမှ သာမန်အပူချိန်တွင် ခဲသွားလျှင် ပြည့်ဝဆီဟု ယူဆနိုင်သည်၊ ဆောင်းတွင်းဘက် အေးလို့ ခဲခြင်းမဟုတ်ပါ)။ ပြည့်ဝဆီများမှာ ၀က်ဆီ၊ အမဲဆီ၊ စားအုန်းဆီတို့ ဖြစ်ကြသည်။

ယနေ့ဈေးကွက်အတွင်းရှိ စားသုံးဆီအမျိုးမျိုးတွင် ပါဝင်သော ဆီအမျိုးအစားများ

ဆီအမျိုးအစား ပြည့်ဝဆီ မိုနိုဆီ ပေါ်လီဆီ

၁။ နေကြာဆီ ၁၁% ၂၀% ၆၉%
၂။ သံလွင်ဆီ ၁၄% ၇၇% ၉%
၃၊ နှမ်းဆီ ၁၄% ၄၀% ၄၆%
၎။ မြေပဲဆီ ၁၈% ၄၉% ၃၃%
၅။ ထောပတ်သီးဆီ ၂၀% ရ၀% ၁၀%
၆။ စားအုန်းဆီ ၅၂% ၃၈% ၁၀%
၇။ ဟင်းရွက်ဆီ ၈၀% ၄% ၁၆%
၈၊၊ အုန်းဆီ ၉၂% ၆% ၂%

ထို့ကြောင့် ၀က်ခြံပေါက်နေသော သူများအနေဖြင့် စားအုန်းဆီဖြင့် ချက်ထားသော အစားအစာများ၊ ဘူးသီးကြော်၊ အရံဟင်းများ၊ကို ခေတ္တရှောင်ထား ရမည်ဖြစ်သည်။ စားအုန်းဆီကို ကျန်းမာသော သူများသာ စားရန်သင့်ပါသည်။ ထို့ပြင်ပြည့်ဝဆီများစွာ ပါဝင်သည့် မလိုင်၊ ထောပတ်၊ နို့၊ နို့ထွက် ပစ္စည်းများ ရှောင်နိုင် ပါက အကောင်းဆုံးဖြစ်ပါသည်။ ၀က်ခြံ ပျောက်သွားလျှင် ပြန်သောက်နိုင်ပါသည်။

(၂) မပြည့်ဝဆီ ( Unsaturated fat)

မပြည့်ဝဆီတွင် (၁) မိုနိုဆီ ( Monounsaturated fatty acid) (၂) ပေါ်လီဆီ (Polyunsaturated fatty acid) ဟူ၍ နှစ်မျိုးပါဝင်သည်။ (၁) မိုနိုဆီမိုနိုဆီသည် ၀က်ခြံ ရောဂါဖြစ်သူများအတွက် စားသုံရန် သင့်တော်သော ဆီ ဖြစ်သည်။ ၄င်းတို့မှာ သံလွင်ဆီ၊ မြေပဲဆီ၊ အယ်လ်မွန်စေ့အဆီ၊ သစ်အယ်စေ့ ဆီ၊ ထောပတ်သီးအဆီ တို့ဖြစ်သည်။

(၂) ပေါ်လီဆီပေါ်လီဆီတွင် နှစ်မျိုးပါဝင်သည်။ ၄င်းမှာ (၁) Omega 3 နှင့် (၂) Omega 6 တို့ဖြစ်သည်။ (၁) Omega 3 သည် ၀က်ခြံရောဂါအတွက် သင့်လျှော်သော ဆီဖြစ်သည်။ ၄င်းတို့မှာ အဆီများသော ရေချိုငါး( ငါးမြင်း၊ ငါးကြင်း၊ ငါးကြီးဆီ၊ သံလွင်ဆီ) (၂) Omega 6 သည် ၀က်ခြံရောဂါ အတွက် ရှောင်ကြည်ရမည့် ဆီဖြစ်သည်။ ၄င်းတို့မှာ စားသုံးဆီ အများစုတွင် ပါဝင်သည်။

(၃) ပြောင်းလဲဆီ

ပြောင်းလဲဆီဆိုသည်မှာ မပြည့်ဝဆီများကို ဟိုက်ထရိုဂျင် အက်တမ်များသွင်းကာ ဆီကိုခဲသွား စေပြီး ပြည့် ၀ဆီဖြစ်အောင် ပြုလုပ်ထားသော ဆီများကို ဆိုလိုသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြင့် ဆီများတာရှည်ခံ ခြင်း၊ ဆီချည်းမနံခြင်းစသာ့် အကျိုးကျေးဇူးရရှိနိုင်သည် စူပါမားကတ်များတွင် အများဆုံး သုံးသည်။

၎င်းသည် ကျန်းမာရေးကို ထိခိုက်စေပြီး ၀က်ခြံရောဂါဖြစ်နေသူများ အထူးရှောင်ကြည်သင့်သည်။

ဝက်ခြံရောဂါဖြစ်လျှင် ဘာတွေစားရမှာလဲ

(၁) သွပ်ဓါတ်နှင့် ကြေးနီဓါတ် (Zinc and Copper)

သွပ်ဓါတ်သည် ၀က်ခြံရောဂါ ကုသရာနှင့် ကာကွယ်ရာတွင် အရေးပါသော သတ္တုတစ်မျိုးဖြစ်သည်။
သွပ်ဓါတ်သည် ၀က်ခြံရောဂါပိုးကို ပျောက်ကင်းစေရုံမျှမကဘဲ ဆီးကျိတ်ကြီးခြင်း၊ ဆံပင်ကျွတ်၍ ထိပ်ပြောင်ခြင်းတို့ကိုလည်း သက်သာစေပါသည်။ ထို့ပြင် သွပ်ဓါတ်သည် ကိုယ်ခံအား စနစ်ကို လည်း ကောင်းမွန်စေသည်။ အနာကျက်လည်း မြန်စေသည်။ အရေပြားအလှကုန် ထုတ်လုပ်ရာတွင် မပါမဖြစ် ပစ္စည်း ဖြစ်သည်။ သာမန်ဆေးပြားများသည် အူမှ စုပ်ယူမှု မကောင်းသောကြောင့် အာနိသင် နည်းနေနိုင်ပြီး နည်းစနစ်မှန်စွာ အထူးထုတ်လုပ်သော Zinc sulfate ရေဆူဆေးပြားများသည်သာ အူမှ စုပ်ယူရန် ကောင်းမွန်၍ အကျိုးများသည်ကို တွေ့နိုင်သည်။၎င်းထက်ပိုကောင်းသည့်ဆေးမှာ Zinc gluconate ဖြစ်သည်။ ဥရောပတွင် အလွန်တွင်ကျယ်စွာ သုံးနေပြီဖြစ်သည်။ နင်းထက် ပိုကောင်းသော ဆေးတစ်ခု ထီက်လာပြန်ရာ ၄င်းမှာ Zinc pico-linate နှင့် Zinc monomethionine ဖြစ် သည်။ ဆေးဝယ်ယူရာတွင် ပါဝင်သော ဆေးကို ဂရုပြု၍ ၀ယ်သင့်သည်။

သွပ်ဓါတ်ပါသောဆေးများကို သောက်သုံးလျှင် ၀က်ခြွရောဂါအတွက် အစပိုင်းလျှင် ၂၀ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ်သောက်ရန်လိုအပ်ပြီး၊ လေးပတ်ပြည့်လျှင် တစ်နေ.နှစ်ကြီမ် ၊ ရှစ်ပတ်ပြည့်လျှင် တစ်နေ့ တစ်ကြိမ် နှင့် ၁၂ ပတ်ပြည့်သည်အထိ သောက်ရန်လိုအပ်သည်။

အကယ်၍ ၁၂ ပတ် ပြည့်၍ မသက်သာလျှင် သွပ်ဓါတ်ချို့တဲ့မှုကြောင့် ဖြစ်သည်မဟုတ်ဘဲ အခြား အကြောင်းကြောင့်ဖြစ်သည်ဟု ယူဆနိုင်သဖြင့် ဆေးကို ဆက်မသောက်ဘဲ ရပ်နားရမည်။

သတိပြုရန်မှာ သွပ်ဓါတ် နင့်ကြေးနီဓါတ်တို့သည် အပြန်အလှန် ပြိုင်ဆိုင်ဆန့်ကျင်မှု (Competitive inhibition) ရှိသဖြင့် သွပ်ဓါတ်ကို ကြာရှည်စွာသောက်လျှင် ကြေးနီဓါတ် ချို့တဲ့သွားနိုင်ပါသည်။ အလားတူပင် ကြေးနီဓါတ်များနေလျှင်လည်း သွပ်ဓါတ်ချို့တဲ့ သွားဓါတ်ပါသည်။

အိမ်၌ ကြေးနီ ရေပိုက်များသုံးခြင်း၊ ကြေးခွက်ဖြင့်ရေသောက်ခြင်း၊ ကြေးနီပါသော ဆေး( အားဆေးနှင့် သနေတားဆေးများ) သုံးစွဲခြင်းသည် သွပ်ဓါတ်ကိုချို့တဲ့စေနိုင်ပြီး ၀က်ခြံ ပိုဖြစ်စေနိုင်ပါသည်။

သတိ ။ ။ (၀က်ခြံရောရှိသူများ အားဆေးသောက်လျှင် သွပ်ဓါတ်ပါသော ဆေးကိုရွေးရန်နှင့် ကြေးနီဓါတ် မပါသောဆေးကို ရွေး၇န်ဖြစ်ပါသည်။)

သွပ်ဓါတ်ပါသော အစားအစာများမှာ အခွံမာအသီးများ၊ အဆံများ၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့်ပဲမျိုးစုံတို့ဖြစ်သည်။

(၂) ခရိုမီယမ်

ခရိုမီယမ်ဓါတ်ချို့တဲ့လျှင် ၀က်ခြံဖြစ် နိုင်ပါသည်။ အထူးသဖြင့် ဆီးချုရောဂါ ရှိသူများ ခရိုမီယမ် ချို့တဲ့သဖြင့် ၀က်ခြံပေါက်နိုင်ပါသည်။ ခရိုမီယမ်ချို့တဲ့၍ ၀က်ခြံပေါက်သူကို ခရိုမီယမ်ပေးလျှင် ပျောက်ပါသည်။ ထို့ပြင် ၄င်းသည် အေ၇ပြားယောင်၇မ်းမှုကိုလည်း သက်သာစေနိုင်ပါသည်။ ထို့ပြင် ၄င်းသည် အဆီ ကျစေနိုင်ပြီး ကိုယ်အလေးချိန်ကျစေပါသည်။ အ၀လွန်ရောဂါရှိသူများ ၄င်းကိုပေးပါက ကိုယ်အလေးချိန် တဖြည်းဖြည်း ကျလာကြောင်းတွေရပါသည်။ ထို့ပြင် ခရိုမီယမ်သည် ပါးရည်တွန့်ခြင်း၊ အရေပြားခမ်းခြောက်ခြင်းကို သက်သာစေပါသည်။ အေ၇ပြားကိုလည်း နုပျိုစေသည်။

ခရိုမီယမ်ပါသော အစားအစာများမှာ ဆလက်ရွက် ၊ကြက်သွန်နီ၊အာလူး စသည်. မီးဖိုချောင်သုံး ပစ္စည်းများ၊ တဆေး၊ တင်လဲရည်၊ အမဲအသည်း၊ ဆန်၊ ဂျုံ နျင့် ပဲ စသည့်ကောက်ပဲသီးနှံများ၊ နှင့်ပန်းသီး အခွံတွင်လည်း ပါဝင်ပါသည်။

သာမန် လူကြီးတစ်ယောက်အတွက် နေ့စဉ် ၂၀၀ မှ ၆၀၀ မိုက်ခရိုဂရပ် လိုအပ်ပြီး ၀က်ခြံရောဂါဖြစ်ပါက ၆၀၀ မိုက်ခရို ဂရမ် ထပ်မံစားသုံးရန် လိုအပ်ပါသည်။

(၃)အပင်မှ ရသော အဖန်ဓါတ်များ

အသီး၊ အပင်တို့မှ မှရသော အဖန်ဓါတ်မှာ ၄င်းတို့တွင် ပါဝင်သော တင်နင်(Tannins) ကြောင့်ဖြစ်သည်။ ဖန်သော အရသာရှိသည်။ ၄င်းတို့ပါဝင်သော အရည်ကို ညှစ်၍ အ၀တ်သန့်ဖြင့်မျက်နှာပေါ်အုပ်ပေးလျင် ၀က်ခြံပိုးသေစေပါသည်။ စားလျှင်မပျောက်ပါ။

၎င်းပါဝင်သော အသီးများမှာ ဆီးဖြူသီး၊ ဖန်ခါးသီး၊ တို့ဖြစ်ကြသည်။

(၄) သက်ရင်းကြီးမြစ်၊ သက်ရင်းကတိုး

၎င်းတွင် အခါးဓါတ်( diterpene) ကြွယ်ဝစွာ ပါဝင် ၍ ၀က်ခြံရောဂါပိုးကို သေစေနိုင်သော အာနိသင်ရှိပါ သည်။ ၄င်းပင်စည်နှင့် အခေါက်ကို သနပ်ခါးကဲ့သို့ သွေးလိမ်းပါက ၀က်ခြံပျောက်သည်ဟု တိုင်းရင်းဆေး တွင် ဖော်ပြထားပါသည်။

ဆေးဝါးဖြင့်ကုသခြင်း

(၁) လိမ်းဆေးများ

(၁) ဘင်ဇိုင်းပရောက်ဆိုက် ပါသော လိမ်းဆေးများ
(Topical Benzyl Peroxide)
(၂) ဗီတာမင်အေ ပါသော လိမ်းဆေးများ
(Topical tretinoin)
(၃) ပဋိဇီဝလိမ်းဆေးများ
(Topical antibiotics)

(၁) ဘင်ဇိုင်းပါသောလိမ်းဆေးများ(Topical Benzyle Peroxide)

အသုံးပြုပုံ

မလိမ်းမီ လိမ်းမည့်နေရာတ၀ိုက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောခြင်း၊ အမွေးအမြင်ရိပ်ခြင်း (အမျိုး သားမျက်နှာ)ကိုပြုလုပ်ပါ။ လိမ်းပြီးလျှင် နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့ပါစေနှင့်။ ထိပါက မျက်နှာ တစ်ခုလုံးနီရဲ၍ အရေပြားထိခိုက်ပါသည်။ ဆေးတစ်မျိုးတည်းကိုသာ လိမ်းပါ။ ဆေးလိမ်းထားသည့် တစ်နာရီအတွင်း အခြားမည်သည့်ဆေးမျှ ထပ်မလိမ်းရပါ။ အခြားဆေးလိမ်းလိုပါက ရေဖြင့်ဆေးပြီးမှ သာ ပြန်လိမ်းပါ။ နေလောင် ထားသော အရေပြားများ၊ ထိခိုက်ဒါဏ်ရာ ရထားသော အရေပြားများကို မလိမ်းရပါ။ ၁၂ နှစ်အောက် ကလေးငယ်များ မသုံးရပါ။

ဆိုးကျိုး

အရေပြားယားယံခြင်း၊ ရောင်ခြင်း၊ ဆေးနှင့်ထိသော ဆံပင် ၊ အိပ်ယာခင်း၊ ခေါင်းအုံး၊ မွေ့ယာ စသည် အရောင်ကျွတ်ခြင်းတို့ ဖြစ်တတ် သောကြောင့် ဆေးနှင့် မထိစေရန် ဂရုစိုက်ရပါမည်။

(၂) ဗီတာမင် အေပါသော လိမ်းဆေးများ

အသုံးပြုပုံ

စတင်လိမ်းခါစတွင် အနည်းငယ်သာလိမ်းပြီး တစ်နေ့ တစ်ကြိမ်သာလိမ်းပါ။ တစ်ပတ်ကြာ၍ ဘာမှ မဖြစ် မှ ဆေးအညွန်းထဲကအတိုင်း တဖြည်းဖြည်းတိုး၍ လိမ်းပါ။

သတိပြုရန်

ဆေးလိမ်းပြီးတစ်နာရီအတွင်း မျက်နှာသစ်ခြင်း ၊ ရေဖြင့်ဆေးခြင်းမလုပ်ရပါ။တစ်နာရီအတွင်း အခြား မည်သည့်ဆေးမျှ ထပ်မလိမ်းရပါ။ တစ်နာရီကျော်လျှင် မျက်နှာသစ်၊ ရေဆေးခြင်းပြုလုပ်နိုင်ပါသည်။ ဆေးကို အနည်းဆုံးသုံလ သုံးရန်လိုပါသည်။

ဆိုးကျိုးများ

လိမ်းသည့်နေရာတစ်ဝိုက်တွင် အရေပြားခြောက်သွေ့ခြင်း၊နီမြန်းခြင်း၊ အရေပြားအဖက်လိုက်ကွာကျခြင်း၊ အရေပြားယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း တို့ ဖြစ်တတ်ပါသည်။

အခြားကောင်းကျိုး

အသားအရည်ကို ချောမွေ့စေခြင်း၊ တင်းတိပ်နှင့် မှည့်ခြောက်တို့ကိုပါ ပျောက်ကင်းစေခြင်း၊ အသားအရည် လှပစေခြင်းတို့ကို ရရှိစေပါမည်။

ဆိုးကျိုးများကိုရှောင် စေနိုင်ရန်မှာ ဆရာဝန်များနှင့် ပြရန်လိုအပ်ပေသည်။

ဈေးကွက်ထဲတွင် ၄င်းပါသောဆေးများမှာ Renova/ Retin-A/ Stieva-A/ Vitinoin/Retisol-A
တို့ဖြစ်ကြသည်။

(၃) ပဋိဇီဝလိမ်းဆေးများ

ဝက်ခြံသည် ရောင်လျှင်သော်လည်းကောင်း၊ နာကျင်လျှင်သော်လည်းကောင်း၊ ဘက်တီးရီးယား ပိုးများ ၀င်ရောက်သည်ဟု ယူဆနိုင်သဖြင့် သောက်ဆေး ၊လိမ်းဆေးများနှင့်ကုသရန် လိုအပ်လာပါသည်။ ဆရာဝန်နှင့်ပြရန် လိုအပ်ပါသည်။

အသုံးများသောလိမ်းဆေးများမှာ
1. Erythromycin + s a
2.Clindamycin + s a
3.Sulfacetamide +salicylic acid တို့ဖြစ်ကြသည်။

အခြားထိုးဆေးနှင့် သောက်ဆေးတို့မှာ အန္တရယ်ရှိ၍ ဆရာဝန်နင့်သာ မေးမြန်းကုသပါရန် ပြောလိုပါသည်။

References
http://www.skincarephysicians.com
http://www.magicofayurveda.com
http://www.medicalnewstoday.com
http://www.natural-acane-treatment.com
http://www.absoluteacaneinfo.com
http://www.primev.com

June Moe That( UMMG )
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...