အင်္ဂလန်၌ အရက်ဈေးနှုန်းများ မြှင့်တင်ခြင်းက ရာဇ၀တ်မှုလျော့နည်းလာခြင်း၏ အဓိကအချက်ဖြစ်

Health Updates Journal No. 115

Cardiff University မှ လေ့လာမှုအရ အင်္ဂလန်နှင့် ဝေးလ် နိုင်ငံများတွင် အပြင်းအထန်ခိုက်ရန် ဖြစ်ပွား သည့် ရာဇ၀တ်မှုများဖြစ်ပွားမှုနှုန်းမှာ ကျဆင်းလာပြီး ယင်းကဲ့သို့ ဖြစ်ပွားရခြင်းမှာ အရက်အလွန်အ ကျွံ သောက်သုံးမှုနှုန်းမှာ ကျဆင်းလာပြီး ယင်းကဲ့သို့ဖြစ်ပွားရခြင်းမှာ အရက် အလွန်အကျွံ သောက်သုံး မှုနှုန်း ကျဆင်းလာခြင်းနှင့် အရက်ဈေးနှုန်းများမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

ရာဇ၀တ်မှုဖြစ် ပွားသည့်နှုန်းမှာ ၂၀၁၂ကထက် ၁၂ ရာခိုင်နှုန်းလျော့ကျလာကြောင်း သိရသည်။ လေ့လာသူ အဖွဲ့ ခေါင်းဆောင် Professor JonathanShepherd က ယင်းကဲ့သို့ အရက်ဈေးနှုန်းများ မြှင့်တင် လိုက်ပြီးနောက် ၁၀ စုနှစ် တစ်ခုအကြာ၌ အရက်အလွန်အကျွံသောက်သုံးမှုနှုန်းသာမက အရက် လုံးဝ မသောက်သုံးတတ်သော လူငယ်ပမာဏမှာလည်း သိသာစွာ မြင့်တက်လာကြောင်း၊ ထို့ပြင် ရာဇ၀တ်မှု ဖြစ် လွယ်သော အသက်အပိုင်းအခြားဖြစ်သည့် ၁၈နှစ် မှ ၃၀နှစ်အတွင်း လူငယ်များအသောက်အစား ကင်းမဲ့ လာခြင်းက ရာဇ၀တ်မှုနှုန်း ကျလာခြင်း၏ အဓိကအချက်တစ်ခုဖြစ်ကြောင်း ယခုလက်ရှိ၌လူငယ်များမှာ အရက်သောက်ခြင်းသာမက ဆေးနှင့် အခြားတရားမ၀င်ပစ္စည်းများ သုံးစွဲမှုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်းက ၂၇%ရှိရာမှ ယခုအခါ ၁၇%သို့ လျော့ကျလာကြောင်း ပြောကြားခဲ့သည်။ အမျိုးသားကျန်းမာရေး ဌာန NHS မှလည်း ယခုနှစ်ပါဆိုလျှင် ရာဇ၀တ်မှုဖြစ်ပွားသည့်နှုန်း ကျဆင်းခြင်းမှာ ငါးနှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရသည်။

အ၀င်း
ref:Medindia

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...