အပလီကေးရှင်းများက ဝေမျှလိုက်သော အချက်အလက်များကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ ထိန်းချုပ်ခွင့်ရ


ဧပြီ ၃၀ ရက်က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပသော ဖေ့စ်ဘွတ်ခ် F8 Developers Conference ၌ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇကာဘာ့ဂ် မိန့်ခွန်းပြောနေစဉ် (Robert Galbraith/REUTERS)

အင်တာနက် အသုံးပြုမှု၏ ထိပ်တန်းနေရာတစ်ခု ဖြစ်လာစေရန် ကြိုးပမ်းနေစဉ် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် စိုးရိမ်မှုများ ပြေလျော့စေရန် ကြိုးပမ်းမှု တစ်ခုအဖြစ် အသုံးပြုသူများက ကြားခံ Application အသုံးပြုနိုင် ရန် ဝေမျှလိုက်သော ပုဂ္ဂိုလ်ရေး အချက်အလက်များကို အသုံးပြုသူများအား ကန့်သတ်ခွင့်ပြုသည့် ကဏ္ဍသစ်များ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက စတင်မိတ်ဆက်လိုက်သည်။

ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ အနေဖြင့် အီးမေးလ်လိပ်စာတစ်ခု ရိုက်ထည့်ခြင်း (သို့မဟုတ်) သီးခြား အကောင့်တစ်ခု ဖန်တီး၍ ဖေ့စ်ဘွတ်ခ်သို့ ဝင်ရာက်ခွင့်ပြု ခြင်းထက် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် ကိုယ်ရေးအချက် အလက်များ အသုံးပြု၍ ဝင်ရောက်ခွင့်ပြုရန် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ကြားခံ မိုဘိုင်းဖုန်း Application ရေးဆွဲ သည့် လုပ်ငန်းများစွာကို မကြာမီ နှစ်များအတွင်း အောင်မြင်စွာ တွန်းအားပေးနိုင်ခဲ့သည်။

ယင်းရလဒ်ကြောင့် ကမ္ဘာ့ နံပါတ်(၁) လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အတွက် တန်ဖိုးရှိ သော အချက်အလက်များ စွာရရှိခဲ့သည်။

သို့သော် ပုဂ္ဂိုလ်ရေးအချက် အလက်များသို့ ကြားခံ Appli-cation ရေးဆွဲသူများ ဝင်ရောက် ခွင့်ရ ရှိနိုင်ခြင်းနှင့် ပတ်သက်သည့် စိုးရိမ်မှုများကိုလည်း မြင့်တက် လာစေသည်။

ဖေ့စ်ဘွတ်ခ်အကောင့်သို့ ကိုယ်ပိုင်အချက်အလက် အသုံးပြု ဝင်ရောက်ရမည့် ဆော့ဖ်ဝဲအသစ်ကို အမည် မဖော်ဘဲ ဝင်ရောက်မှုဟုခေါ်ပြီး အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ မည်သည့် အချက်အလက်များအား ကြားခံဆော့ဖ်ဝဲရေးသူများ မြင်ခွင့်ရှိသည်ဆိုခြင်းကို ထိန်းချုပ်နိုင်သည်ဟု အမှု ဆောင်အရာရှိချုပ် မာ့ခ်ဇကာဘာ့ဂ်က ဆန်ဖရန်စစ္စကိုမြို့တွင် ဧပြီ ၃၀ ရက်က ကျင်းပသော ဖေ့စ်ဘွတ်ခ်၏ ဆော့ဖ်ဝဲရေးသူ များ ညီလာခံ၌ ပြောကြားသည်။

ယခုကဏ္ဍသစ်များကြောင့် ဖေ့စ်ဘွတ်ခ်အကောင့်ကိုသုံး၍ Application များ ဝင်ရောက်အသုံးပြုခြင်းနှင့် ပတ်သက်၍ အသုံးပြု သူများကို သက်တောင့်သက်သာ ပိုရှိစေလိမ့်မည်ဟု ၎င်းက ပြောကြားသည်။

—Ref: Reuters
7Day Daily
No.366 Friday, May 2, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...