ရာသီဥတု ကြမ်းတမ်းလွန်းသည့် အာတိတ်ဒေသမှ ရောင့်ရဲသော ဘဝများ



ပတ်ဝန်းကျင် တစ်ခုလုံး အရိုးခိုက်မတတ် အေးချမ်းနေသည်။ နေရာတိုင်းလိုလို ဆီးနှင်းများကို မြင်နေရပြီး ကြမ်းတမ်းခက်ထန်လှသည့် ဝင်ရိုးစွန်းလေကလည်း ဖြတ်သန်းတိုက်ခတ်နေသည်။ ထိုမျှ ဆိုးရွားသော နေ ရာတွင် ရှင်သန်နေထိုင်နေသူများ၏ ဓလေ့သဘာဝကို ဘရိုင်ယန် အလက်ဇန္ဒားက သွားရောက်၍ မှတ် တမ်း ဓာတ်ပုံရိုက်ယူခဲ့သည်။ အလက်ဇန္ဒားသည် ကမ္ဘာ့မြောက်ဖျား အာတိတ်စက်ဝိုင်းတွင် နေထိုင်သည့် ချက်ချီ၊ ဒိုလ်ဂန်၊ အီဗန်၊ ခန်တီ၊ ကိုမီ၊ နီနတ်စ်နှင့် ငါနာဆန် မျိုးနွယ်များ၏ နေထိုင်မှု စရိုက်သဘာဝများကို ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။



၎င်းသည် အာတိတ်ဒေသ၏ ထူးခြားသော သဘာဝ ပတ်ဝန်းကျင် ပုံရိပ်များကိုလည်း မှတ်တမ်းတင်ခဲ့ သည်။ ကောင်ရေ (၁၀၀၀)ကျော်မျှ စုပေါင်းပြေးလွှားနေသည့် ရိန်းဒီးရား သမင်အုပ်ကြီးများမှ စ၍ ကောင်း ကင်ယံတွင် ထွန်းပနေသည့် ဝင်ရိုးစွန်း အလင်းလှိုင်းများ အပါဝင် ဓာတ်ပုံအများအပြားကို အလက်ဇန္ဒားက လက်စွမ်းပြ ရိုက်ကူးခဲ့သည်။ အာတိတ်စက်ဝိုင်း နယ်နိမိတ်တွင် ပါဝင်သည့် ဆိုက်ဘေးရီးယား ဒေသ အတွင်း၌ အလက်ဇန္ဒား ရိုက်ကူးခဲ့သော ဓာတ်ပုံ (၄၀)ခန့်ကို လန်ဒန်မြို့၊ ဟော်နီမန်ပြတိုက်တွင် စတင် ခင်းကျင်း ပြသထားခဲ့သည်။


ရာသီဥတု ကြမ်းတမ်းပြီး ကျယ်ပြောလှသော ဆိုက်ဘေးရီးယား ဒေသသည် ထိုအရပ်တွင် မှီတင်းနေထိုင် သူများကို တောင်ဘက်ပိုင်းရှိ ကမ္ဘာ့လူသားများနှင့် အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ အာတိတ်ယဉ်ကျေးမှုများ ယခုခေတ်တွင် တစ်စထက်တစ်စ လျော့နည်းပျောက်ကွယ်လာသော်လည်း စီးပွားရေးအရရော၊ ဓလေ့ထုံးစံအရပါ ယဉ်ကျေးမှုဟောင်းများကို လိုက်နာကျင့်သုံးမှုများ ရှိနေဆဲဟုလည်း သိရှိရသည်။


Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...