ပြင်ဦးလွင်မှာ ဒွေးအကြောင်း ပြန်ပြောပြတဲ့ သားညီ



သားညီက ဇာတ်ကား ၅ ကား ရိုက်ကူးဖို့ ပြင်ဦးလွင် ကိုရောက်ရှိနေပါတယ်။ ဒီဘက်နှစ်ပိုင်းမှာ ရိုက် ကူး ရေး များလာလား၊ ဖျော်ဖြေ ပွဲတွေ သွားတာများလာ လားမေးတော့..

“ဒီဘက်နှစ်ပိုင်းတော့ ရိုက်ကူးရေး များလာတယ်။ သရုပ်ဆောင် အနေနဲ့ တစ်လ ၂ ကား၊ ၃ ကား ပုံမှန် ရိုက်ဖြစ်သလို ဒါရိုက်တာ အနေနဲ့လည်း တစ်လ တစ်ကားလောက်တော့ ရိုက်ဖြစ်တယ်” လို့ ပြောပါတယ်။

ဒါရိုက်တာ အနေနဲ့ ရိုက်မယ့် ဇာတ်တွေ စုထားပြီလားမေးတော့ “ကျွန်တော့် အားနည်းချက်က အဲဒါပဲ။ သူများ ဒါရိုက်တာတွေလို ဇာတ်ကို ကြိုရှာထားတာ မရှိဘူး။ လာအပ် မှ အသည်းအသန် ရေးတာ။ အခုဆို လာအပ်တဲ့ လူတွေ များလာတော့ ဇာတ်တွေတော့ ကြိုရှာထား၊ စုထားရတော့ မှာပါ” လို့ ပြောပါ တယ်။

မေလ ၇ ရက်နေ့ ဒွေးမွေးနေ့ မှာ ပြင်ဦးလွင် မှာပဲရှိနေတဲ့ သားညီကို အစ်ကိုဖြစ်သူ မွေးနေ့ပွဲ နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ် ခဲ့လဲမေးတော့ “မှတ်မှတ်ရရ ကတော့ အစ်ကို့ရဲ့ နောက်ဆုံးမွေး နေ့ ၄၂ နှစ်ပြည့်ပေါ့။ အဲဒီ မွေးနေ့ကို ဒီမေမြို့မှာပဲ လုပ်ခဲ့ တာဗျ။ သူရယ်၊ ကျွန်တော်ရယ် ညနေဘက် မြို့ဦးစေတီ မှာ ဆီမီး ပူဇော်တာတွေ လုပ်ခဲ့တာပေါ့။ မနေ့ ကမနက်မှာ အစ်ကို့ မွေးနေ့ အတွက် မြို့ဦးစေတီ သွားတယ်။ ဆီမီး ပူဇော်တယ်။ သူ့အတွက် အမျှဝေတယ်။ ညနေကျတော့ မဟာ အံ့ထူးကံသာမှာ အစ်ကို့အတွက် ရည်စူးပြီး ရွှေ သင်္ကန်း ကပ်လှူခဲ့တယ်” လို့ပြောပါတယ်။

ပြင်ဦးလွင် ရောက်ရင်တော့ အစ်ကိုရဲ့ ပုံရိပ်တွေကို ပိုမြင်ယောင်ကြောင်း၊ ဒွေး ကတော်တန်ရုံ မကြောက် တတ်ဘဲ တစ်ခါ တော့ သူ သရဲခြောက်ခံရတဲ့ အကြောင်း ကြောက်ကြောက် လန့်လန့်နဲ့ လာ ပြောပြီးသူ့ အစ်ကိုကြောက်တာ အဲဒီတစ်ခါပဲ သူတွေ့ဖူးခဲ့ တယ်လို့ သားညီ ကပြောပါတယ်။

နယ်ပရိ သတ်နဲ့ သားညီတွေ့တဲ့အခါ နယ် ပရိသတ်က ဘာပြောလဲ မေးတော့ “ဝနေတယ်၊ ဝိတ် လျှော့ဖို့၊ ဇာတ်ကားတွေ ပြန်ရိုက်စေချင်ကြ တယ်။ အဲဒီလို ပြောတော့ ဝမ်းသာ တယ်။ အခု အချိန်ထိ မှတ်မှတ်ရရနဲ့ ဇာတ်ကား တွေအ ကြောင်းပြောကြ၊ အားပေးနေကြလို့ ကျွန်တော့် အတွက် အား တစ်ခုဖြစ်ပါတယ်” လို့ ပြောပါတယ်။

သားညီ ရဲ့သားဖြစ်သူက ၆ နှစ် ရှိပြီ ဖြစ်ပြီး အခုအခါ မှာတော့ သားညီ ဆယ်တန်းအောင်ခဲ့တဲ့ အောင် ဆန်း သူရိယ လှသောင်း ကျောင်း မှာ ကျောင်း တက် ဖို့ ပြင်နေပြီ လို့ ပြောပါ တယ်။ သားဖြစ်သူက ရုပ်ရှင် ထက် ဂီတကို ပို စိတ်ဝင်စားပြီး အင်္ဂလိပ် သီချင်းဆို၊ အင်္ဂလိပ် သီချင်းတွေ နားထောင်တာ များတယ် လို့ ပြောပြခဲ့ပါတယ်။

Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...