မေ ၂ ရက်နေ့ မိုးလေ၀သခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

မေလ ၁ ရက်နေ့ မနက် ၇း၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ အရှေ့ပိုင်း၊ မြောက်ပိုင်း နဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ် ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မေ ၂ ရက်နေ့
မြန်မာ့ပင်လယ်ပြင်အခြေအနေက မြန်မာ့ကမ်းရို တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်း ငယ်သာရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက်ရှိနိုင်ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အညွှန်းကိန်းတန်ဖိုး ၁၄ အောက် ကျဆင်းနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုး ၁၃.၉ အထိ ရှိနိုင်တဲ့ မြို့ကတော့ တောင်ကြီးမြို့ဖြစ်ပါတယ်။ ကျန်ဒေသတွေကတော့ ၁၂ ကနေ ၁၃ ကျော်အထိ မြင့်တက်နိုင်ပါ တယ်။ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း အနိမ့်ဆုံးတန်ဖိုး ၁၂ ဒဿ မ ၄ ဖြစ်နိုင်တာကတော့ မြစ်ကြီးနား နဲ့ ကော့သောင်းမြို့တွေ ဖြစ်ပါတယ်။



ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အနည်းငယ်ကျဆင်းနိုင်ပေမယ့် လွန်ကဲအဆင့်ကနေ ကျဆင်း နိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ကျရောက်စေမယ့် အနေအထိုင်တွေကို မပြုလုပ်ဖို့ တိုက်တွန်း လိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၁ ဒီဂရီစင်တီဂရိတ် ကနေ ၃၆ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၇ ဒီဂရီ စင်တီဂရိတ် ကနေ ၄၂ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက်သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် မဖြစ်ပေါ်နိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တို့မှာ နေရာကွက်ကြား မိုးရွာနိုင်ပြီး သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်း၊ တနင်္လာရီ တိုင်းတောင်ပိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးအနည်းငယ် ရွာနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၉ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ်ဖြစ်ထွန်း နိုင်ပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...