ရာဇာမင်းကားရဲ့ ယာဉ်မောင်း လိုင်စင်ပိတ်သိမ်းခံထားရသူဖြစ်ဟုဆို

ဓာတ်ပုံ- ကိုစိုးမင်းလွင်ဖေ့စ်ဘုတ်
ရာဇာမင်းမှန်လုံယာဉ်မှ ယာဉ်မောင်း လိုင်စင်ပိတ်သိမ်းခံထားရသည့် ကာလအတွင်း ယာဉ်မောင်း လိုင်စင် မရှိဘဲ ယာဉ်တက်ရောက်မောင်းနှင်ကြောင်း ပေါ်ပေါက်
ယာဉ်မောင်းလိုင်စင် ရာသက်ပန်ပိတ်သိမ်းနိုင်သည်အထိ အရေးယူရန်ဆောင်ရွက်နေ
နေပြည်တော် မေ ၁၅ မေ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က ၁၄ ဦးသေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့သည့် ရာဇာမင်းမှန်လုံယာဉ် တိမ်းမှောက်ခဲ့မှုဖြစ်စဉ်တွင် အဆိုပါယာဉ်အား မောင်းနှင်သူမှာ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရသူဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူနိုင်ရေး
ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ရာဇာမင်း မှန်လုံယာဉ်၏ ယာဉ်မောင်း ဦးမင်းခန့် (ခ) ထွန်းခန့်စိုးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အတွင်း ၎င်းမောင်းနှင်သောယာဉ်ဖြင့် ဆလွန်းယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့အား တိုက်မိခဲ့သဖြင့် ၎င်း၏ယာဉ်မောင်း လိုင်စင်အမှတ် င/ ၁၃၀/၁၁ အား သုံးနှစ် ပိတ်သိမ်းခံထားရသူဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံထားရသည့် ကာလ အတွင်း ယာဉ်မောင်းလိုင်စင်မရှိဘဲ ယာဉ်အား တက်ရောက်မောင်းနှင်ရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ် ပွား ခဲ့ကာ လူအများသေဆုံး၊ ဒဏ်ရာရရှိ စေခဲ့သဖြင့် ၎င်း၏ ယာဉ်မောင်းလိုင်စင်အား ရာသက်ပန် ပိတ်သိမ်းနိုင်
ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြထား
ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)

ဧရာဝတီ Blog
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ဆီးချိုသွေးချို မကြောက်ရင် ဒါတွေများများသောက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးEi Chaw Po (အိချောပို)..Cytotec (Misoprostol) ဆေးသုံးနည်းသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS
- (အနောကျသို့) နှစ်ဆယ်နဲ့ဝယ်ထားတဲ့ ထိုင်ခုံဟောင်းထဲက ဒေါ်လာလေးသောင်းတွေ့ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးEi Chaw Po (အိချောပို)..Cytotec (Misoprostol) ဆေးသုံးနည်းသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS