ရေချိုးခြင်းက အမောပြေစေနိုင်ပါတယ်



အားကစား လုပ်ပြီးရင်ပဲ ဖြစ်ဖြစ်၊ အလုပ်အရမ်းပင်ပန်းလို့ မောပန်းနေရင်ပဲ ဖြစ်ဖြစ် ရေချိုးလိုက်ပါက တကယ်အမော ပြေစေနိုင်ပါတယ်။

ရေချိုးခြင်းဟာ ခန္ဓာကိုယ် သန့်ရှင်းရုံတင်မကဘဲ စိတ်ကိုပါ အသစ်တစ်ဖန် လန်းဆန်းစေမှာပါ။ ဥပမာ - ညိုနွမ်းနေသော သစ်သီးဝလံတွေဟာ ရေနှင့် ထိတွေ့လိုက်မယ်ဆိုရင် ချက်ချင်း လန်းဆန်းလာသလို ဖြစ်ပါ တယ်။

ဒါကြောင့် ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေပြီ ဆိုရင်တော့ ရေချိုးဖြစ်အောင်ချိုးလိုက်ပါ။

နောက်တစ်ခုကတော့ ညဘက်အလုပ်ပင်ပန်းလို့ ရေမချိုးဘဲ မအိပ်ပါနဲ့။ ရေမချိုးဘဲ အိပ်မယ်ဆိုရင် မနက် အိပ်ယာထ လန်းဆန်းတက်ကြွမှု မရှိဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့တာ အတွက် နေ့စဉ်နေ့တိုင်း ရေချိုးသင့်ပါတယ်။

ကျော်လင်းနိုင်
(ကျန်းမာရေးနှင့် အလှအပ သတင်းများ )

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...