မိခင်နို့ သောက်သုံးရသော ကလေးများ နှလုံးရောဂါ ဖြစ်ပွားနိုင် ခြေနည်း

Photo:google

မွေးဖွားချိန် တွင် ပေါင်ချိန် နည်း သော ကလေးများ၊ မိခင်နို့ ကိုလည်း ကာလ တိုလောက်သာ သောက်သုံး ခဲ့ရသော ကလေးများ သည် ကြီးလာ သည့်အခါ နှလုံး ရောဂါ ဖြစ်ပွားနိုင် ခြေ ပိုများကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရသညိ။

မွေးဖွားချိန် တွင် ရှိနေသော ကိုယ် အလေးချိန်၊ နို့ချို တိုက်ကျွေးမှုသည့် ကာလအတိုအရှည်သည် နှလုံးရော ဂါ ဖြစ်ပွား စေသည့် CRP ပရိုတိန်းများ ခန္ဓာကိုယ်တွင်း အနည်းအများ ပမာဏအပေါ် တိုက်ရိုက် အကျိုး သက်ရောက်စေကြောင်း သိရ သည်။

““မွေးဖွားချိန်မှာ ကိုယ် အလေး ချိန် တစ်ပေါင် တိုးတိုင်း CRP သိပ် သည်းဆ ၅ ရာခိုင်နှုန်း ကျဆင်း ပြီး နှလုံးရောဂါ ဖြစ်ပွား နိုင်ခြေ လည်း နည်းပါး သွားရပါတယ်”” ဟု အမေရိကန် အနောက် မြောက်ပိုင်း တက္ကသိုလ် သုတေသန အဖွဲ့က ဖော်ပြသည်။ လေ့လာ တွေ့ရှိချက် ကို Proceedings of the Royal Society B ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။

မွေးဖွားပြီး ၃ လမှ ၁၂ လ ကာလထိ နို့ချို တိုက်ကျွေး ခံရသော ကလေးများ သည် CRP ပမာဏ ၂၀ မှ ၃၀ ရာခိုင်နှုန်း ထိ လျော့ပါး သွားကြကြောင်း လေ့လာတွေ့ရှိခဲ့ရ သည်။ အရွယ်ရောက် လာချိန် တွင် နှလုံးရော ဂါ ဖြစ်ပွား နိုင်ခြေ လျှော့ ချနိုင်ရန် ငယ်စဉ်မှာ နို့ချို တိုက်ကျွေး ခြင်းသည် အကောင်းဆုံး နည်းလမ်းဟု အစီရင်ခံစာ က အကြံပြု သည်။

လေ့လာမှု စစ်တမ်းကို အသက် ၂၄ နှစ်မှ ၃၂ နှစ်ကြား လူ ၇၀၀၀ ပါဝင်သည်။ နို့ချို တိုက်ကျွေးခြင်းသည် ကလေးများ ကျန်းမာစေရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ထုတ်ပြန် ပြောကြား ထားသည်။ ကလေးတစ်ယောက်ကို အနည်းဆုံး အသက် ခြောက်လ ထိ မိခင်နို့ တိုက်ကျွေး သင့်သော်လည်း ကမ္ဘာတစ်ဝန်း ထိုလမ်းညွှန်ချက် ကို လက်တွေ့ လိုက်နာသော မိခင်က ၄၀ ရာခိုင် နှုန်းသာရှိကြောင်း လည်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။

Soruce: BBC
The Messenger
လန်ဒန် ၊ ဒီဇင်ဘာ ၎

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...