ဘက်တီးရီးယားများက မျက်ကပ်မှန် သန့်စင်ဆေးရည်၌ ပြဌာန်းထားသည့်အချိန်ထက် ပို၍ကြာကြာ အသက်ရှင်နိုင်


Health Updates Journal No. 114

UK မှ တရားဝင်အစိုးရထုတ် ပြန်ကြေညာချက်များအရ အင်္ဂလန်၌ နှစ်စဉ် microbial keratitis ဟုခေါ်သည့် မျက်ကြည်လွှာတွင် အနာဖြစ်ပြီး အမြင်အာရုံဆုံးရှုံးသည့် ဝေဒနာရှင်ပေါင်း ၆၀၀၀ခန့် ကြုံတွေ့ရကြောင်း သိရသည်။ လီဗာပူးတွင် ကျင်းပသည့် ပိုးမွှားဗေဒနှစ်ပတ်လည်အစည်းအဝေး၌ ယင်းကဲ့သို့ ဖြစ်ပွားရသည့် အဓိကအကြောင်းမှာ မျက်ကပ်မှန်မှတစ်ဆင့် ကူးစက်ခြင်း ဖြစ်ပြီး မျက်ကပ်မှန်သန့်စင်ဆေးရည်အား ယဉ်ပါးနေသော ပိုးမွှားအသစ်များ ထွက်ပေါ်နေကြောင်း ပြောကြားခဲ့သည်။ University of Liverpool မှ သုတေသီများက Keratitis က ဖြစ်စေသော Pseudomonas aeruginosa အမျိုးအစား ကိုးမျိုးအား ပုံမှန် သုံးနေကျ မျက်ကပ်မှန်သန့်စင်ဆေးရည်၌ ဆယ်မိနစ် စိမ်ထားရာ အများစုမှာ ဆယ်မိနစ်အတွင်း သေ သွားသော်လည်း P.aeruginosa 39016 အမျိုးအစားမှာ သေဆုံးခြင်းမရှိဘဲ လေးနာရီကြာထိ ဆက်လက် ရှင်သန်နေကြောင်း တွေ့ခဲ့ရသည်။

အင်္ဂလန်၌ မျက်ကပ်မှန်သုံးစွဲသူ သုံးသန်းကျော်ရှိပြီး သင့်လျော်သည့် မျက်ကပ်မှန်ဆေးရည် ရရှိရန် လေ့လာ မှုများ ဆက်လုပ်သွား မည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

အပိန်လေး
ref: Medindia

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...