လူသားသွေးကိုမှီခိုနေရမှုမှ ကင်းလွတ်စေမည့် ဓာတ်ခွဲခန်းထုတ်သွေးတုတီထွင်
Wellcome Trust အဖွဲ့ကြီးမှ မတည်ထူထောင်ပေးထားသည့် စတာလင်ပေါင် ၅ သန်းကို အရင်းအနှီးပြု လုပ်ကာ သွေးတု တီထွင်ထုတ်လုပ်နေသော ပညာရှင်အဖွဲ့တစ်ဖွဲ့သည် လာမည့် ၂ဝ၁၆ ခုနှစ်တွင် လူသားထံမှ မှီခိုနေရသည့် သွေးအစား သွေးတု ဖြင့် လူ့အသက်များကို ကယ်တင်နိုင်တော့မည်ဖြစ်ကြောင်း ABC သတင်းတွင်ဖော်ပြထားသည်။
စကော့တလန်နိုင်ငံ ဂလပ်စ်ဂိုတက္ကသိုလ်နှင့် အီဒင်ဘတ်တက္ကသိုလ်တို့ပူးပေါင်းပြီး သွေးနီဥများအတွင်း Pluripotent သွေးဆဲလ်များကို အစားထိုးနိုင်ရန် ရှာဖွေတွေ့ရှိမှုကြောင့် သိပ္ပံပညာရှင်များ အဖွဲ့က ယင်းဆုကြေးကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
စကော့တလန်နိုင်ငံ အမျိုးသားသွေးလှူဘဏ် (SNBTS) ၏ဦးဆောင်ညွှန်ကြားမှုဖြင့် ယင်းတက္ကသိုလ်နှစ်ခု သည် NHS သွေး အစားထိုးကုသခြင်း လုပ်ငန်းများကို သုတေသနပြုလုပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ABC သတင်းတွင်ဖော်ပြထားသည်။
ယင်းသွေးတုအစားသွင်း ကုသခြင်းကို ယင်းအဖွဲ့သည် လွန်ခဲ့သည့် ခြောက်နှစ်ခန့် ကတည်းက ဆောင် ရွက်နေခြင်းဖြစ်ပြီး ယခုအခါ Wellcome Trust အဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် ဓာတ်ခွဲခန်းအတွင်း သွေးတု များကို ထုတ်လုပ်သွားနိုင်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။
ယခုအခါ stem cells များကို သွေးနီဥများအဖြစ်သို့ပြောင်းလဲခြင်း၏လုပ်ငန်းမှာ ၉ဝ ရာခိုင်နှုန်း ခန့် အောင်မြင်နေပြီဖြစ် ကြောင်း၊ ယခင်က ငါးရာခိုင်နှုန်းခန့်သာ အောင်မြင်ခဲ့ရာမှ တိုးတက်မှု ရရှိလာခဲ့ခြင်းဖြစ်ကြောင်း ဂလက်စ်ဂိုတက္ကသိုလ်မှ ဂျွန်နီ မောက်သ်ဖို့ဒ်ကပြောကြားသည်။
မောက္ခပညာရေး Magazine
- (အရှေ့သို့) Facebook ပေါ်တွင် အငြင်းပွားကြပြီးနောက် သူငယ်ချင်းကို ဓားဖြင့် ၆၅ ချက်ထိုးသတ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Flibanserin အမျိုးသမီးတွေ အတွက်ဆေးAcer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) "မြင့်မြတ် ပြောတဲ့ သူ့လက်တွဲဖော် အကြောင်း" စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Flibanserin အမျိုးသမီးတွေ အတွက်ဆေးAcer Aspire E1-510P-2671 Laptop Review