ဘရာဇီးက အမွှာပူးမြို့


ဘရာဇီးနိုင်ငံ တောင်ဘက်ပိုင်း Cândido Godói (ကန်ဒီဒိုဂေါ်ဒီ) လို့ အမည်ရတဲ့ မြို့ငယ်လေးဟာ အမွှာ ပူး မြို့ အဖြစ် လူသိထင်ရှား ရှိပါတယ်။ လူဦးရေ ၇၀၀၀ ဝန်းကျင် ရှိပြီး ၇၀၀ ကျော်ဟာ အမွှာပူး တွေ ဖြစ် ပါတယ်။

၁၉၆၃ ခုနှစ်လောက်က ယင်းနယ်ဘက်မှာ ဂျာမနီတို့ အုပ်စုပ်ပြီး ဟစ်တလာ ရဲ့ နာဇီတပ်မှ သုတေသနနဲ့ တပ်များ နေထိုင် ပါတယ်။ ဂျာမနီ နာဇီ တပ်မှ ဆေးပညာ သုတေသန ပညာရှင် Josef Mengele ယင်း နယ်မှာ နေထိုင်ပြီး ဟစ်တလာ အတွက် စစ်သားကောင်းများ မွေးထုတ် ပေးရမယ့် ပရောဂျက်ကို ဦးစီး လုပ်ရပါတယ်။ သူ ဖော်စပ်တဲ့ DNA ဓာတု ဓာတ်နဲ့ မြို့ငယ်တွင်းက အမျိုးသမီး တွေကို စမ်းသပ် ဖြစ်ခဲ့ပြီး ရလာတဲ့ ရလဒ် ကတော့ အမွှာပူးတွေ ဆက်တိုက် မွေးဖွားခြင်း ဖြစ်ပါတယ်။

ယင်း မတိုင်ခင်က အမွှာမွေးနှုန်း သိပ်မရှိ ပေမယ့် Josef ရောက်လာ ပြီးမှ အမွှာပူး မွေးနှုန်းဟာ သိသိ သာသာ ကို တိုးတက်ခဲ့ခြင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်စွမ်း၊ ဥဏ်စွမ်း ပြည့်ဝတဲ့ စစ်သား များ မွေးထုတ် ဖို့ ဖြစ်ပေမယ့် အမွှာပူး မွေးတဲ့ ရလဒ်နဲ့ပဲ အဆုံးသတ် သွား ပါတယ်။

ယနေ့အထိ တိုင်ပဲ အမွှားမွေးနှုန်းဟာ မြင့်တက် နေဆဲ ဖြစ်ပါတယ်။ ဘရာဇီး မှာရော၊ ကမ္ဘာမှာရော အမွှာပူး အမွေးဖွားဆုံး မြို့နယ် တစ်ခု အဖြစ် လူသိ ထင်ရှား ရှိပါတယ်။ အာဂျင်တီးနား နယ်စပ်မှာ ရှိပြီး အများစုက ဂျာမန် လူမျိုး တွေ ဖြစ်ပါတယ်။ ဘရာဇီး နိုင်ငံတွင်းက အချို့မိသားစုတွေ ဆိုရင် အမွှာပူး လိုချင် လွန်းလို့ ယင်း နယ်က အမျိုးသား၊ အမျိုးသမီး များနဲ့ ပေါင်းဖက်ရဖို့ ပြောင်းရွှေ့ နေ ထိုင်ခြင်း၊ ဖူးစား ရှာခြင်းများ ရှိကြောင်း သိရပါတယ်။ .

အောင်ခမ်း (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...