ဓာတုပစ္စည်းထောင်ပေါင်းများစွာ ပါဝင်တဲ့ ဆေးလိပ်ကို စိတ်ကူးယဉ်ကြည့်ခြင်း


သီဟနိုင် on 2014-05-05 18:05

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ် ဆိုတာနဲ့ ရောဂါတွေရဲ့ လက်ခံကောင်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားပြီး ဖြစ်ပါတယ်။ ဘာတွေ ကနေ ဆေးလိပ်ဖြစ်လာတယ်ဆိုတာကို ဖတ်ကြည့်ပြီး စိတ်မချမ်းမြေ့စရာ ဖြစ်သွားမှာပါ။ လက်သည်းနီ ချွတ်ဆေးကအစ ကြွက်သတ်ဆေး အဆုံး ဆေးလိပ်ရဲ့ ပါဝင်ပစ္စည်းတွေဖြစ်တယ်လို့ ၀ဘ်ဆိုဒ်တစ်ခု မှာ ဖော်ပြထားပါတယ်။ အာဆင်းနစ်၊ အမိုးနီးယား နဲ့ မီးခြစ်ဆီ အပါအ၀င် ထောင်ပေါင်း များစွာသော ဓာတုပစ္စည်းတွေဟာ ဆေးလိပ်တွေထဲမှာ ပါဝင်ပါတယ်။

ဆေးလိပ်ရဲ့ ပါဝင်ပစ္စည်းတွေကတော့

။ မီးခြစ်ဆီ အဖြစ်သုံးတဲ့ ဗြူသိမ်းန်

။ အကင်မီးခြစ် မှာသုံးတဲ့ ဟက်ဆာမင်းန်

။ စက်မှုလုပ်ငန်းသုံး ပျော်ဝင်ပစ္စည်း ဖြစ်တဲ့ တူလွန်း

။ ဖယောင်းတိုင် မှာပါတဲ့ စတီးယားရစ် အက်ဆစ်

။ ကာဗွန်မိုနောက်ဆိုဒ်

။ ဗနီကာ မှာပါတဲ့ အက်ဆီတစ် အက်ဆစ်

။ ဒုံးကျည် လောင်စာဆီ အဖြစ်သုံးတဲ့ မီသနောလ်

။ ခြင်ဆေးဗူး မှာပါတဲ့ နီကိုတင်းန်

။ သုတ်ဆေး

။ အဆိပ်ဖြစ်တဲ့ အာဆင်းနစ်

။ ဘက်ထရီမှာပါတဲ့ ကဒ်မီယမ်

။ ရေဆိုးပိုက်သုံး ဓာတ်ငွေ့ဖြစ်တဲ့ မီသိမ်းန်

။ သန့်စင်ခန်း သန့်စင်ဆေး အမိုးနီးယား

စတာတွေပါပဲ။

Ref:dailymail.co.uk
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...