ကမ္ဘာ့အချမ်းသာဆုံးနှင့် အလှူဒါန်းဆုံး ပုဂ္ဂိုလ်များထဲက တစ်ဦး Chuck Feeney


Chuck Feeney လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ အိုင်းရစ်-အမေရိကန် ဘီလျံနာ တစ်ဦး ဖြစ်ပါတယ်။ ကိုရီးယား စစ်ပွဲ ကာလက အမေရိကန် လေတပ်မှာ စစ်မှုထမ်းခဲ့ပြီး စစ်ပြီးချိန် မှာတော့ ဟောင်ကောင်မှာ မိတ်ဆွေ တစ်ဦးနဲ့ Duty Free ကုန်စုံဆိုင်တွေ စဖွင့် ပါတယ်။

ခရီးသွားများ အတွက် အခွန်သက်သာ ကုန်ပစ္စည်းများ ရောင်းချ ပေးရင်း အမေရိက၊ ဥရောပ နဲ့ အာရှ နိုင်ငံ များ အတွက် လုပ်ငန်းကို တိုးချဲ့ အောင်မြင် လာခဲ့ စေပါတယ်။ ၁၉၉၆ ခုနှစ်လောက်မှာ ကတည်းက သူ့လုပ်ငန်းဟာ the world's largest travel retailer လို့ အသိမှတ် ပြုခံရပြီး Chuck Feeney ဟာလည်း လူသိထင်ရှား ဘီလျံနာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၁၉၈၀ ကျော်ကတည်းက Feeny ဟာ ကြွယ်ဝ ချမ်းသာ နေခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရှိတဲ့ ငွေကြေးနဲ့ ၁၉၈၂ ခုနှစ်မှ အလှူအတန်း ပြုလုပ်ရန် ဖောင်ဒေး ရှင်းတစ်ခု စတင်တည်ထောင်ပြီး Atlantic Philanthropies လို့ အမည်ပေးထားပါတယ်။

အမေရိကန်ဒေါ်လာ ၆.၃ ဘီလျံကျော် ကြွယ်ဝ ချမ်းသာတဲ့ chuck ဟာ ယနေ့မှာ ၂ မီလျံကျော်ပဲ ရှိပါတော့ တယ်။ အကြောင်းကတော့ သူပိုင်ဆိုင်တဲ့ ငွေကြေးရဲ့ ၉၉ ရာခိုင်နှုန်းကို အလှူအဒါန်း ပြုလုပ် လိုက်ခြင်း ဖြစ် ပါတယ်။ ဖောင်ဒေးရှင်းကို ပေးအပ်ခဲ့ ပါတယ်။ ယနေ့မှာ သူဟာ ကမ္ဘာမှာ အလှူစိတ်အား အထက်သန်ဆုံး ဘီလျံနာများထဲမှာ တစ်ဦး အဖြစ် အသိအမှတ် ပြုခံထား ရကြောင်း သိရ ပါတယ်။
.
Ref:wiki
အောင်ခမ်း (ရိုးရာလေး)

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...