First Look: Nissan GT-R NISMO

Godzilla ဟု နာမည်ကြီးသည့် Nissan GT-R ၏ စွမ်းရည်မြင့် NISMO ဗားရှင်း ထွက်ရှိလာပြီး ဖြစ်ပါတယ်။ ဤ GT-R NISMO အနေဖြင့် စွမ်းရည်မြင့် ၃.၅ လီတာ Twin-Turbo V6 အင် ဂျင် တပ်ဆင် ထားပြီး မြင်းကောင်ရေ ၅၉၅ ကောင်အားနှင့် အင်ဂျင်ရုန်းအား ၄၈၀ ပေါင်-ပေတို့ဖြင့် ကြောက်မက် ဖွယ် စွမ်းအားကို ထုတ်လုပ်ပေးမည် ဖြစ်သည်။



မူရင်း GT-R အနေဖြင့် မြင်းကောင်ရေ ၅၄၂ ကောင်အားနှင့် အင်ဂျင်ရုန်းအား ၄၅၅ ပေါင်-ပေ ရှိပြီး ၁.၇ တန် အလေးချိန်ရှိသည့် ကိုယ်ထည်အား ၂.၈ စက္ကန့်ဖြင့် ၀-၆၀ မိုင်နှုန်းအထိ ရောက်ရှိအောင် စွမ်းဆောင် နိုင်ခဲ့သည်။ ယခု NISMO ၏ အမြန်နှုန်းမှာမူ လျော့နည်းသွားသည့် အလေးချိန်နှင့် ပိုများလာ သည့် မြင်းကောင်ရေအား တို့ကြောင့် ၀-၆၀ မိုင်နှုန်းအား ၂.၅ စက္ကန့်ဖြင့် ရောက်ရှိနိုင်မည် ဖြစ်သည်။

အံ့သြသွားပါသလား။ ဒါ ဘာဟုတ်သေးသလဲ။ Williams F1 အဖွဲ့မှ အင်ဂျင်နီယာများနှင့် Nismo အင်ဂျင် န ယာများ ပူးပေါင်း ဖန်တီးထားသည့် Track Pack အမျိုးအစားတွင်မူ လိုအပ်သလို ပြောင်းလဲ ချိန်ဆနိုင်သည့် Suspension Dampers များ၊ Spoiler ၊ ကာဘွန်ဖိုင်ဘာ အစိတ်အပိုင်းများနှင့် အထူးပြုလုပ်ထားသည့် ထိုင်ခုံ များ ပါဝင်လာမည်ဖြစ်ပြီး အလေးချိန်မှာလည်း ၆၅ ကီလို လျော့နည်းသွားမည် ဖြစ်သည်။



Track Pack ထည့်သွင်းထားသည့် GT-R NISMO သည် ကမ္ဘာပေါ်တွင် အခက်ခဲ အရှုပ်ထွေးဆုံး ပြိုင်ကားကွင်း ဟု နာမည်ကြီးသည့် ဂျာမနီနိုင်ငံမှ Nurburgring ကွင်း တစ်ပတ်အား ၇.၀၈.၇ မိနစ်ဖြင့် အရောက် မောင်း နှင်နိုင်ခဲ့ ကြောင်းလည်း သိရှိရသည်။ ဤ စံနှုန်းမှာ ဒေါ်လာ ၈၇၀၀၀၀ တန် Porsche 918 စူပါကားထက် ၁၁ စက္ကန့်သာ လျော့နည်းသည့် စံနှုန်းပင် ဖြစ်သည်။

သာမန် GT-R နဲ့ GT-R NISMO တို့ရဲ့ အဓိက ကွာခြားချက်များကတော့ အင်ဂျင်ပိုင်းမှ လေဝင် (intake) နှင့် အိတ်ဇော (exhaust) စနစ်များ၊ ပိုမိုကြီးမားသည့် တာဘိုယူနစ်များပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Suspension ပိုင်း တွင်လည်း ပြိုင်ကားစစ်စစ် ပုံစံရရှိစေရန် ဖန်တီးထားသည့် ပုံမှန်ထက် ပိုမိုမာကျောသည့် စပရင်များနှင့် suspension စနစ်မှာ ထွက်ပေါ်လာသည့် စွမ်းအင်တုံ့ပြန်မှုကို ကားထံမရောက်စေဘဲ လျှော့ချပေးသည့် suspension dampers များ၊ ပိုမိုကြီးမားသည့် ဟန်ချက် ထိန်းညှိပေးသည့် anti-roll bars များ ပါဝင်လာ မှာ ဖြစ်ပါတယ်။

ဘော်ဒီပိုင်းမှာတော့ ပိုမို aerodynamic ဖြစ်တဲ့ ကိုယ်ထည် အစိတ်အပိုင်းများ တပ်ဆင်ပေးထားလို့ ပွတ်တိုက်မှု ကို လျော့နည်းစေသလို လေထုဖိအားကိုလည်း ပိုမိုများပြာစေမှာ ဖြစ်ပါတယ်။ စူပါပြိုင်ကား တစ်စီး အနေနဲ့ ဤ အချက်များနဲ့ ပြည့်စုံမှသာ စံချိန်တင် အမြန်နှုန်းနဲ့ မောင်းနှင်ရာမှာ ဟန်ချက်မပျက် ဘဲ မောင်းနှင်နိုင်မှာ ဖြစ်ပါ တယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၉၀၀၀ ကနေ စတင်မယ်လို့ သိရှိရပါတယ်။

mmconsumerguide

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...