Media Communicatin ဘာသာရပ်အတွက် ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်


photo;www.webster.ac.th

Webster University (Thailand Campus) မှ Media Communication ဘာသာရပ်ကို လျှောက်ထား လိုသူ မြန်မာကျောင်း သား၊ ကျောင်းသူများအတွက် ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ် မည်ဖြစ်ကြောင်း သိရသည်။

မြန်မာကျောင်းသား၊ ကျောင်းသူများသည် ၅၀ ရာခိုင်နှုန်း ပညာသင်ဆုနှင့် ၃၀ ရာခိုင်နှုန်း အာရှတိုက်သား ပညာသင် ထောက်ပံ့ကြေးကို လျှောက်ထားနိုင်မည်ဖြစ်သည်။ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ခံစားခွင့်များကို ကျောင်းလခများမှ လျှော့ချပေးသွားမည်ဖြစ်ပြီး အမေရိကန်ဘွဲ့ကြိုတန်းဖြစ်သော BA Media Communication အတွက် ကျောင်းလခမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၁၂၅၀ ဖြစ်ပြီး လေးနှစ်ကြာ သင်ယူ ရမည်ဖြစ်သည်။ ဘွဲ့လွန်တန်းဖြစ်သော MA Media Communication အတွက် ကျောင်းလခမှာ ကန်ဒေါ် လာ ၁၅၆၇၃ ဖြစ်ပြီး ၁၅ လကြာမြင့်မည်ဖြစ်သည်။ မေလနှင့် သြဂုတ်လများမှာ ဘွဲ့ကြိုတန်းအ တွက် ကျောင်းဖွင့်ချိန်များဖြစ်ပြီး မေ၊ သြဂုတ်နှင့် အောက်တိုဘာလများမှာ ဘွဲ့လွန်တန်းအတွက် ကျောင်းဖွင့် ချိန် များဖြစ်သည်။

ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးလျှောက်ထားလိုသူများသည် ပညာရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများနှင့် အခြားလူမှုရေးလှုပ်ရှားမှု အသိအမှတ်ပြု စာရွက်စာတမ်းများကို ကိုယ်တိုင် ယူဆောင်ကာ Myanmar Search International Co.,Ltd ဖုန်း - ၂၅၀၉၂၉၊ ၃၈၉၉၁၅၊ ၀၉၅၁၀၃၉၁၅ သို့ သွားရောက်လျှောက်ထားနိုင်မည် ဖြစ်သည်။

Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...