MSc Computer Science Courses with Placement Year ကို မြန်မာ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်နိုင်မည်



ယူကေနိုင်ငံရှိ University of Hertfordshire မှ MSc Computer Science Courses with Placement Year ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် စတင် ပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။ တက်ရောက် လိုသူများ အနေဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်၍ လျှောက်ထားနိုင်မည်ဖြစ်သည်။

စာသင်နှစ်မှာ ၂ နှစ် ကြာမြင့်မည် ဖြစ်ပြီး သင်ကြားပို့ချရာတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၅ ခုနှစ်မေလတွင် စာတွေ့ပို့ချမည် ဖြစ်သည့် အပြင် ၂၀၁၅ ခုနှစ် မေလ မှ ၂၀၁၆ ခုနှစ် မေလ အတွင်းတွင် လက်တွေ့ လုပ်ငန်းခွင်တွင် ဝင်ရောက် လုပ်ကိုင်ရမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ်မေလ မှ စက်တင်ဘာလ တွင် Project ကို ပြုလုပ်ရမည် ဖြစ်ပြီး Work Placement Year ကို မတက်ရောက်လိုပါက ၁ နှစ်အတွင်း MSc Computer Science ဘွဲ့ကို ရရှိနိုင်မည် ဖြစ်သည်။

University of Hertfordshire တွင်သင်ကြားပေးလျက်ရှိသော ဘာသာရပ်များတွင် Accounting and Accounting and Finance, Aerospace Engineering, Automotive Engineering, Business, Computer Science and IT, Electrical and Electronic Engineering, Law, Mass Communications, Mathematics, Mechanical Engineering, Physics and Astrophysics များသည် ထင်ရှား ကျော် ကြားသော ဘာသာရပ်များဖြစ်သည်။

MSc Computer Science Courses with Placement Year Program နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ University of Hertfordshire ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်သော Regent Consultancy Services Co.,Ltd ခြံအမှတ် (R2) ၊ အောင်မြေသာစည်အိမ်ရာ၊ အောင်ချမ်းသာ (၂) လမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်း- ၀၁- ၅၃၀၅၆၄၊ ၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃ သို့ ဆက် သွယ် မေးမြန်း ဆွေးနွေးနိုင်မည် ဖြစ်သည်။

Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...