ပညာရှင်များ၏ ဓါတ်ပုံများအား ဝေဘန် အကြံပြုချက်များ (၁) Photo Clinic (1)

ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများကို ဝေဘန်ချက်ပေးခြင်း နှင့် အပြုသဘော အကြံပြုခြင်း များမှာ ဓါတ်ပုံ ပညာရှင်များနှင့် Phpto Editor များဖြစ်ကြသည့် John Cosgrove, Rakesh Nawarni နှင့် Kath Cosgrove တို့ဖြစ်ကြပါသည်။ အဆိုပါ ပညာရှင်များက ၄င်းတို့ထံပေးပို့ အကြံပြုချက် တောင်းခံထား သော ဓါတ်ပုံများ အပေါ် ဝေဘန်အကြံပြု ချက်များနှင့် ပတ်သက်၍ ရေးသားထားသည့် ဆောင်းပါးများမှ အပိုင်းအ လိုက် ကောက်နှုတ်ကာ ဆီလျှော် သကဲ့သို့ ဘာသာပြန် ထားခြင်း ဖြစ်ပါသည်။

ဓါတ်ပုံနှင့်ပတ်သက်သည့် ဝေဘန် အကြံပြုချက်ကိုသာ ဖေါ်ပြခြင်း ဖြစ်သော ကြောင့် ဓါတ်ပုံ ရှင်၏ အမည်နှင့် ဝေဘန်အကြံပြုသည့် ဓါတ်ပုံပညာရှင် တို့၏ အမည်များကို အတိအကျ ဖေါ်ပြခြင်း မပြုတော့ပါ။ ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများ၏ အရည်အသွေးမှာ မူရင်း ဓါတ်ပုံများ၏ အရည် အသွေး မဟုတ်ဘဲ စာအုပ်မှ တစ်ဆင့် ကူးယူထားသည့် အရည်အသွေးသာ ဖြစ်ပါသည်။ ရိုက်ကူးသည့် ကင်မရာဆိုင်ရာ အချက်အလက်များကို ရနိုင်သမျှ ဖေါ်ပြထားပါသည်။

Flower Power

Nikon D 70

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ရိုက်ကွက် ( Scene ) ကို ကောင်းစွာ မြင်တတ်သည် ( Very well seen ) ။ အရောင် ကို ကောင်းစွာ အသုံး ချတတ်သည်။
၂။ Main Subject ဖြစ်သည့် ဗေဒါ ပန်းဘေး တွင်ရှိသည့် အရာများက Main Subject ကို အနှောက် အယှက် ( Distract) ဖြစ်နေစေသည်။
၃။ Main Subject သည် ပုံ ( Frame) ၏ အလယ် တည့် တည့် တွင် ရောက်နေသည်။ Composition ပုံမကျ ဖြစ်နေသည်။

အကြံပြု ချက်
ပုံမှာ စိတ်ဝင်စားဘွယ်ရာ ကောင်းသည့် ပုံ ဖြစ်သည်။ ဗေဒါရွက်များကို လှပသည့် နောက်ခံ အရောင် အဖြစ် ရောက်အောင် စိတ်ဝင်စားဘွယ်ရာ ဖန်တည်း နိုင်သည်။ သို့သော် အချို့သော သေနေသည့် အရွက် အညို ရောင်များက ပုံကို အနှောက် အယှက် ပေးနေသည်။ ယခုထက်ပို၍ Tight Crop လုပ်လျှင် ပိုကောင်း မည်။

Curious Little Fellow

Panasonic DMC FZ 5.
Speed 1/250, f 3.3

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ဤကဲ့သို့ မြန်လျှင် လှသည့် သတ္တ၀ါကို အမိအရ ရိုက်နိုင်ခြင်းမှာ ကင်မရာ Setting တော်သည်ဟု ဆိုရမည်။
၂။ ဓါတ်ပုံ Composition သဘော အရ အားနည်း သည့် အနေအထား ဖြစ်နေသည်။
၃။ ဓါတ်ပုံသည် ပြတ်သားသင့် သလောက် ပြတ်သားမှု မရှိ။

အကြံပြု ချက်
Wildlife ကို ရိုက်ရာတွင် စိတ်ရှည် ရမည် ဆိုသည့်အတိုင်း စိတ်ရှည်စွာ စောင့်နိုင် ကာ ကင်မရာ Setting ကိုလည်း မှန်ကန် စွာ ထားနိုင်သဖြင့် ဤကဲ့သို့ လျှင်မြန်သည့် သတ္တ၀ါကို အရအမိ ရိုက်နိုင်ခြင်း ဖြစ်သည်။ ချို့ ယွင်းချက်မှာ Main Subject ဖြစ်သည့် သတ္တ၀ါ ( Meer kat ) မှာ ပုံ၏ အလယ် တွင် ရောက်နေသည်။ Rule of Thirds အရ နေရာချထားရန် လိုသည်။

Turning Blade

Nil

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ရိုက်ကွက် ကို ကောင်းစွာ မြင်တတ်သည် ( Well Seen)။
၂။ Strong Graphical Elements များကို ကောင်းမွန် လှပစွာ ဖေါ် ပြနိုင်သည်။
၃။ Main Subject သည် Frame ၏ အလယ် တဲ့တဲ့ နေရာသို့ ရောက်လွန်း သည်။

အကြံပြု ချက်
လွန်စွာကောင်းမွန်သည့် ရိုက်ချက်ဖြစ်သည်။ သို့ရာတွင် Subject ကို ပုံ၏ အလယ် ရောက်လွန်း သည့် နေရာတွင် ထားခြင်းထက် Centre of the Fan ကို Rule of Thirds ပုံစံအတိုင်း ၀င် အောင် ပြန်၍ Crop လုပ်ရန် သင့်သည်။

Roses

Nil

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ရိုက်ကွက် ကို ကောင်းစွာ မြင်တတ်သည် ( Well Seen)။
၂။ ဒုတိယ နှင်းဆီပန်းက Main Subject ဖြစ်သည့် နှင်းဆီပန်း အကြီးကို အာရုံ အနှောက် အယှက် ဖြစ်နေစေသည်။
၃။ Selected Depth of Field ကို ကောင်းမွန်လှပစွာ အသုံးချထားသည်။

အကြံပြု ချက်
Main subject ကို ရွေး၍ လှပ စွာရိုက် နိုင်သည်ကို တွေ့ရသည်။ ဒုတိယ နှင်းဆီ ပန်း အား ပုံ အတွင်း ထည့် လိုက်ခြင်းဖြင့် Main Subject အပေါ် အာရုံ စိုက်မှု လျှော့ သွားစေသည်။ ဒုတိယ နှင်းဆီပန်း ကို ဖျောက်နိုင်ရန် Tight Crop လုပ်သင့်သည်။ နောက်ခံ Background က ရှေ့ ရှိ Subject ကို အနှောက် အယှက်ပြုနေသည်ကို သတိပြုသင့်သည်။ Background သည် ၄င်း၏ရှေ့ ရှိ Subject ကို အနှောက် အယှက် ( Distraction ) မဖြစ်စေ ရန်မှာ အထူးအရေး ကြီးသည်။

Dancer

Camera - Nikon D-70
Lens - Nokor 80-200mm, f 2.8
Speed 1/500Sec, f-4.0

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်-
၁။ ရိုက်ကွက် ကို ကောင်းစွာ မြင်တတ်သည် ( Well Seen)။
၂။ Composition ကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ထားသည်။
၃။ အရောင် ကို အကောင်းဆုံး အသုံးချထားသည်။

အကြံပြု ချက်
အလွန်ကောင်းမွန်သည့် ပုံဖြစ်သည်။ Line of Tension ကို Drama ဆန်စွာ တွေ့မြင်နိုင်သည်။ ပုံ၏ Bright and Strong Colour က ကြည့်သူ၏ အာရုံကို လွတ်မထွက်သွားအောင် ဆွဲဆောင်ထားသည်။ ကချေသည် ၏ မျက်နှာ Expression နှင့် Solid Lines တို့ က ပုံ၏ အား (Impact ) ကို ထပ်ကာ ပံ့ ပိုးပေး ထားပြန် သည်။

Credit: ဆရာဦးစိုးလှိုင် (Country Road)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...