သက်ငြိမ်ပုံများ ရိုက်ကူးခြင်း - Shooting of Still Life Photography

စကားဦး

ယခုမှတ်စုကို ရေးသားရာ၌ Photo and Video Magazine-Photo Clinic ၏ အကဲဖြတ် ဓါတ်ပုံပညာရှင် John Cosgrove ရေးသားထားသည့် Still Life’s ဆောင်းပါး၊ ဖိလစ်ပိုင်လူမျိုး သြစတေးလျှ နိုင်ငံသား Still Life အမြင့်တန်း ( Professional) ဓါတ်ပုံပညာရှင် Alfonso Calero တို့၏ ဆောင်းပါး နှင့် Still Life Professional Photographer ဖြစ်သူ Simon Bray ၏ Get Started with Still Life Photography ဆောင်းပါးများကို အခြေခံကာ ရေးသားထားခြင်း ဖြစ်ပါသည်။

ဘာသာပြန်ရာတွင် အချို့ သော နည်းပညာဆိုင်ရာ အင်္ဂလိပ်ဘာသာ အသုံးအနှုံးများအား မြန်မာ ဘာသာ ပြန်ဆိုပါက လိုရင်း မရောက်ဘဲ ဝေ့ လယ်လယ် ဖြစ်တတ်သဖြင့် မူရင်း အင်္ဂလိပ်ဘာသာအတိုင်း ပင် ရေးထားပါသည်။

နမူနာပုံများမှာမူ အဆိုပါ ဆောင်းပါးများတွင် ပါရှိသည့် ပုံများကို ပြန်လည် ကူးယူ ဖေါ်ပြထား ခြင်း ဖြစ်ပါ သည်။ အချို့ သော ပုံများကိုမူ စာအုပ်မှတစ်ဆင့် ကူးယူ ဖေါ် ပြထားသည့်ပုံများ ဖြစ်သည့်အတွက် မူယင်း ပုံ များ၏ အရည်အသွေး မဟုတ် ကြောင်းကြို တင် ဖေါ် ပြအပ်ပါသည်။



Indoor Still Life နမူ နာ ပုံ။

Indoor Still Life နမူ နာ ပုံ။

Still Life Photography.

Still Life Photography ဆိုသည့် စကားစုကို ဘာသာပြန်ရာတွင် လုံးကောက် ဆန်ဆန် ဘာသာပြန်သည့် “ သက်ငြိမ် ပုံများ ရိုက်ကူး ခြင်း “ ဆိုသည်က ပို၍ သင့်မြတ်မည် ထင်သည့်အတွက် ထိုအတိုင်း ပင် ဘာသာ ပြန် လိုက် ခြင်းဖြစ် ပါသည်။

Still Life Photography ၏ အဓိပ္မါယ်ရင်းမှာမူ နေ့စဉ် လှုပ်ရှားမှု ဘ၀အတွင်း တွေ့ မြင်နေကျ လှုပ်ရှားမှု ကင်းမဲ့သည့် အရာများ ဖြစ်သော သစ်သီးများ၊ ပန်းများ၊ ပန်းကန် ခွက်ယောက်များ၊ စသည့် သက်မဲ့ ပစ္စည်း များကို သဘာဝ အတိုင်း မဟုတ်ဘဲ Lighting, Arrangement, Angle စသည်တို့ကို စိတ်တိုင်းကျ စီစဉ် ရိုက်ကူးသည့် နည်း ဖြစ်ပါသည်။

အချို့ သော ဓါတ်ပုံ ပညာရှင်များက အာရုံ ဖမ်းစားရာ (Center of Interest – COI ) တစ်ခု ထည်း ကိုသာ အလေး ပေး ရိုက်ကူးသည့် ရိုက် နည်း ဟု ဆိုပါသည်။ သို့ ရာ တွင် ယခု အချိန်တွင် COI တစ်ခု ထက် မက ပိုနေသည့် ပုံ များလည်း ရှိ နေသည် ကို တွေ့ ရပါသည်။ ဤ ကဲ့ သို့ စိတ်ကြိုက် ဆင်ရိုက် သည့် နည်း ဖြစ် သောကြောင့် စတူဒီယို ထဲတွင် ဆင်ရိုက် တာတွေ အားလုံး ဟာ Still Life Photography ဘဲ ဟု အချို့သော ဓါတ်ပုံ ပညာ ရှင်များ က ဆိုကြ ပါသည်။

စင်စစ်အားဖြင့် ဤရိုက်ကူးနည်းသည် လူအများ နေ့စဉ် တွေ့ မြင်နေ ကြ ပစ္စည်းပစ္စယများကို ရိုက် ကူးခြင်း ဖြစ် သည့်အတွက် အမြင် ဆန်းသစ်ကာ စိတ် ၀င်စားဘွယ်ရာ ကောင်းလာအောင် အလင်းရောင် (Light) ကို အမျိုးမျိုး ပြင်ဆင် ပေး ခြင်း ၊ Subject များအား လှပဆန်းကျယ်စွာ ( Arrangement ) ပြင်ဆင် ထား ရှိခြင်း တို့ ဖြင့် ရိုက်ကူးသည့် နည်း ဖြစ်ပါသည်။


Outdoor Still Life နမူနာ ပုံ။


Outdoor Still Life နမူနာ ပုံ။

Still Life Photography ရိုက်ကူး ခြင်း။

Still Life Photography ရိုက်ကူးရာတွင် ပြင်ပတွင် Outdoor ရိုက်ကူးခြင်း နှင့် စတူဒီယိုကဲ့သို့ အဆောက်အအုံအတွင်း Indoor ရိုက်ကူးခြင်းဟူ ၍ နှစ်မျိုး ရှိပါသည်။

Outdoor Still Life Shooting.

ပြင်ပ တွင် Still Life ရိုက်ကူးရန် နေရာ ပစ္စည်း မြောက်များစွာ ရှိနေပါသည်။ သို့ သော် မိမိ က အဆိုပါ ပစ္စည်း ( Subject ) ကို မည်ကဲ့သို့ တင်ပြ မည် နည်း ဆိုသည့် စိတ်ကူးသည် အရေး အကြီးဆုံး ဖြစ်ပါ သည်။ ပြင်ပ ၌ Still Life ရိုက်ရာ တွင် မူ စတူဒီယို အတွင်း ရိုက်သကဲ့သို့ Subject Arrangement, Composition နှင့် Lighting တို့ ကို စိတ် ကြိုက် ဆင်ရိုက်၍ မရ သဖြင့် မည်ကဲ့ သို့ ပုံစံမျိုး ရိုက် မည် ဆိုသည့် စိတ်ကူး ဥာဏ်ကွန့်မြူ မှု နှင့် Camera Angle တို့ က များစွာ အရေး ကြီး လာပါသည်။

Outdoor Still Life Shooting နှင့် ပတ်သက်၍ ဓါတ်ပုံ ပညာ ရှင် Alfonso Calero က Outdoor Still Life Shooting ရိုက် ရန် အတွက် အလွယ် ဆုံး နှင့် အကောင်း ဆုံး နေရာသည် ဈေး ( Market Place ) ဖြစ်ဟု ဆိုပါသည်။ Outdoor Still Life Shooting ရိုက်ရန် များစွာ ပေါ များ သော နေရာ ဖြစ်ပါသည်။

နေ့ ခင်း နေ၏ အလင်း ရောင် သည် Portrait ရိုက်ရန် မကောင်းစေကာမူ Outdoor Still Life Shooting ရိုက်ရာတွင်မူ ရူပ်လုံးကြွ လာစေသည့် အလင်း မျိုး ဖြစ်ပါသည်။ ဈေး နေရာ တွင် ရိုက်ပါက အောက်ပါ အချက်များကို ဆောင်ရွက်ရန် ဓါတ်ပုံ ပညာရှင် Alfonso Calero က အကြံပြု ထားပါသည်။ အောက်တွင် သုံး ထားသည့် “ ကျွန်တော် “ ဟူသော အသုံး အနှုံးသည် ဓါတ်ပုံပညာရှင် Alfonso Calero ကို ကိုယ်စားပြု ပါသည်။

At the Market Place.

၁။ ဈေး အတွင်း ရိုက်ရာ ၌ မရိုက်မှီ ဆိုင်ရှင်ထံ ခွင့် တောင်းရပါမည်။ ဈေး ၀ယ် လာသူများကို အနှောက် အယှက် မဖြစ်စေရန် လိုပါသည်။ တတ်နိုင်သမျှ မြန် မြန်ပြီး အောင် ရိုက်ရပါမည်။ ယဉ်ကျေး သိမ်မွေ့ စွာ ရိုက်ရပါမည်။

Pick a Theme.

၂။ မရိုက် မှီ ဈေး အတွင်း လှည့်လည် ကြည့်ပါ။ မည်သည့် အရာများသည် စိတ်ဝင် စားဘွယ်ရာ ဖြစ်သည် ကို အရင် လေ့လာပါ။ ပြီးမှ သာ အကောင်းဆုံးနေရာ များ တွင် ရိုက်ပါ။ ပုံ များကို တစ်ပုံ မက ပို၍ ရိုက်ထား ရန် လိုပါသည်။

ဓါတ်ပုံပညာရှင် Alfonso Calero ကမူ ၄င်း Tasmania ရှိ Evandale Market တွင် ရိုက်ခဲ့သော လဘက် ရည်ခွက်၊ မုံ့ ဖုတ်သည့်အိုး စသည့် အောက်ပါပုံများကို နမူနာ ပြထားပါသည်။









Lighting.

၃။ အချို့သော ဓါတ် ပုံ ပညာရှင်များသည် Mid-Day Light ဖြင့် ရိုက်ခြင်း ကို ရှောင် ကြပါသည်။ ကျွန်တော့် အနေနှင့်မူ အထက်တွင် ဖေါ်ပြပြီး ဖြစ်သကဲ့သို့ Mid-Day Light သည် Portrait အတွက် အတော် အဆင် မပြေ လှ သည့် အလင်း ဖြစ် စေကာ မူ Still Life ရိုက်ရာ တွင် အဆိုပါ အလင်းရောင်ကြောင့် ထွက်လာ သည့် Crisp shadows က ပုံကို Simple geometric shapes ပေါ်လာစေသည့် အတွက် ကျွန်တော် ကြိုက် သည့် အလင်းရောင် ဖြစ်ပါသည်။ ပြင်ပ၌ Still Life ရိုက်ရာတွင် ဤ ကဲ့သို့ High-contrast lighting က ပိုကောင်းပါသည်။

Iinteresting Angles.

၎။ Subject ပေါ်သို့ ကျ နေသော နေရာင်ချည်၏ Angle ကို လေ့လာရပါမည်။ ထိုအချက်မှာ အရေး ကြီးပါ သည်။ ရိုက် ရမည့် Subject များ မိမိ ရွေးထားသည့် Lighting angle နှင့် Intensity အတွင်း အားလုံး ကျနေစေရန် လိုပါမည်။ အပေါ်မှ မိုး ၍ ရိုက်လျှင် Subject များအပေါ် မိမိအရိပ် မထိုး နေစေရန် သတိပြု ရပါမည်။

Use one focal length.

၅။ Theme တစ်ခု အတွက် ပုံ များကို များစွာ ရိုက်လျှင် Focal Length တစ်ခု ထည်း ဖြင့် ရိုက်ရပါမည်။ ကျွန်တော် အနေနှင့် မူ ပုံ အားလုံးကို 35mm ဖြင့် ရိုက်ပါ သည်။ သို့ ဖြင့် အစဉ် အတိုင်း တစ်ပြေးညီ ခံ စားမှု ပေး နိုင်ပါလိမ့် မည်။

Aperture

၆။ ပုံ များ ပြတ်သားနေစေရေး အတွက် ကျွန်တော် သုံးသည့် Apeature မှာ f/5.6 နှင့် f/8 တို့ ဖြစ်ပါ သည်။ များသော အားဖြင့် Lens အများစု သည် အပြတ်သား ဆုံး အတွက် Maximum Aperture Setting မှ Two/Three Stop အထိ ချ၍ ရပါသည်။ ကျွန်တော် သုံးသည့် Lens မှာ 24-70mm, f/2.8 ဖြစ်ရာ Aperture 8 ဖြင် ရိုက်ခြင်း ဖြင့် Depth of Field အတာ် ထူထူ ရှိသော ရှိသောကြောင့် ရှေ့ ရော နောက် ပါ ပြတ်သား သည့် ပုံ ရပါသည်။

Post Production.

၇။ ပုံ များကို Edit လုပ်ရာတွင် အားလုံးကို Software တစ်ခု ထည်း တွင် လုပ်ရပါမည်။ ကျွန်တော် သည် Light Room-4 တွင် saturation, colour, contrast, clarity, vibrance, noise reduction, sharpness and vignette စသည် တို့ ကို Edit လုပ်ပါသည်။ ရိုက်စဉ်က အားလုံးကို တူညီသော Light Intensity ဖြင့် ရိုက်ကူးခဲ့သောကြောင့် Edit လုပ်ရာ တွင် လည်း တစ်ပြေးညီ ဖြစ်ရန် လိုပါသည်။

Imagination and Tripod.

ဓါတ်ပုံ ပညာရှင် John Cosgrove ကမူ Outdoor Still Life ရိုက်လျှင် ကနဦး အဆင့် အဖြစ် မိမိ၏ စိတ်ကူး ဥာဏ် ကွန့်မြူး မှု ( Imagination) နှင့် Tripod တို့ ပါအောင်ယူသွားရန်မှာ အရေးအကြီးဆုံးဖြစ်သည်ဟု ပဏာမ တိုက်တွန်း ထားပါသည်။

မှန်ပါသည် Still Life Photography သည် မည်သို့ မျှ ဆန်းကျယ်ခြင်း မရှိသော နေ့ တစ်ဓူဝ တွေ့ မြင်နေ ကျ အရာများကို ရိုက်ခြင်း ဖြစ်ရာ ပုံအပေါ် စိတ်ဝင်တစား ဖြစ်လာစေမှုသည် ဓါတ်ပုံဆရာ၏ စိတ် ကူးဥာဏ် ကွန့်မြူးကာ တင်ပြမှု အပေါ်တွင် လုံးလုံးလျှားလျှား တည်နေ သည့် အတွက် ဖြစ်ပါသည်။

၎င်း အပြင် Outdoor Still Life Photography ရိုက်ရန် ခရီးစဉ် စ လိုက်သည်နှင့် မိမိ၏ စိတ်အလျှင် ကို ဖွင့်ထားရန် ( Open up your mind ) ဖြစ်ရန် လိုပါသည်။ သို့ မှသာ လျှင် ထူးခြားစွာ ရှိနေသည့် အရာ ၀တ္တု၊ ပစ္စည်း များကို မြင် နိုင်ပေမည်။

မိမိ Still Life ရိုက်မည့် ရိုက်ကွင်းထဲ ရောက် လာပြီ ဆိုပါက -

၁။ မိမိ ရိုက်မည့် အကြောင်း အရာ (Theme ) ကို ထိမိ စေမည့် အရောင် ရှိသည့် Subject ကို ရှာရပါမည်။

၂။ မိမိ ရိုက်မည့် အကြောင်းအရာ (Theme ) သည် ဥပမာအား ဖြင့် အ၀ိုင်း ( Circle ) ဆိုလျှင် အ၀ိုင်းကို ပင် သော်လည်းကောင်း၊ လေး ထောင့် ( Square ) ဆိုပါကလည်း လေးထောင့် ပင် သော် လည်းကောင်း ရွေးကာရိုက် သင့်ပါသည်။



၃။ အရောင် နှင့်ပတ်သက်၍ တစ်ရောင် နှင့် တစ်ရောင် အားပြု သည့် အနီ နှင့် အ၀ါ သို့ မဟုတ် အပြာ နှင့် အ၀ါ အရောင် တွဲများကို ရွေးသင့်ပါသည်။







၎။ အချိန် ယူ ပြီး Subject ၏ ပတ်ပတ်လယ်ကို ပတ်၍ ကြည့်ကာ Angle ကောင်းကို ရှာရပါမည်။

၅။ Subject ကို Lens အတွင်းမှသာ ကြည့်ပါ။ အပြင်ဘက်က နေ မကြည့်ပါ နှင့်။ Lens ထဲက ကြည့်မှ သာလျှင် ထွက်လာမည့် ပုံ နှင့် အနီး စပ်ဆုံးကို မြင်နိုင်ပါမည်။

Camera Setting.

၁။ ကင်မရာ Metering Mode ကို Matrix သို့ မဟုတ် Evaluative တွင် ထားပါ။ သို့ မှာလျှင် Highlight ရရှိကာ Shadow Effect များရ နိုင်ပါမည်။

၂။ ကင်မရာ Exposure Mode ကို Aperture Priority Mode တွင် ထားပါ။ ပုံ၏ Saturation တက် လာစေရန် Exposure Companion ကို (-1/3) တွင် ထားပါ။





၃။ အရောင် နှင့် ပတ်သက်၍ မူ မိမိရိုက်နေကျ Colour Space ဖြစ်စေ၊ sRGB or Adobe RGB တို့ ကို ဖြစ်စေ သုံးနိုင်ပါသည်။

၎။ ရိုက်သည့် Aperture အနေနှင့်မူ DSLR အတွက် f-8 or 11 နှင့် Compact အနေနှင့်မူ f- 4.5 နှင့် 5.6 တို့ ကို သုံး နိုင်ပါသည်။

၅။ ရိုက်သည့် အချိန်တိုင်းတွင် တတ်နိုင်သမျှ Tripod ကို သုံးရန် သင့်ပါသည်။

၆။ ဓါတ်ပုံ ရိုက်ခြင်းသည် အပြေးပြိုင် နေခြင်း မဟုတ်ပါ။ အချိန် တတ်နိုင်သမျှ ယူကာ ရိုက်ရပါမည်။

Still Life ရိုက်ရန် လမ်းပေါ် ထွက် လာလျှင် လှုပ်ရှားနေသည့် Subject များကို မေ့ ထားလိုက်ပါ။ အရောင် နှင့် အလင်း တို့ ပုံ ကို ကြွ နေ အောင် တွဲ ဘက် လျှက် ရှိသည့် ( Colour and Light Contrast ) ငြိမ် နေသည့် ( Still Subject ) များကိုသာ ရှာပါ။ နံ နက် စောစော ထွက်နိုင်လျှင် ကောင်းပါသည်။ သို့ မှ သာလျှင် လူသူ အနှောက်အယှက် ကင်းပေလိမ့်မည်။

လမ်းထိပ် တစ်ခုတွင် ရပ် လိုက်ပါ။ သူသွားလမ်း၊ နံရံ၊ ခေါင်းမိုး ပေါ် တို့ အားလုံး ပေါ် တွင် Subject ကို ရှာကြည့်ပါ။ ရန် ဖန် ရန်ခါ ကောင်းမွန်သည့် Subject သည် မိမိ၏ နောက် တွင် ရှိနေတတ်သည်ကိုလည်း သတိပြု ရပါမည်။ Lighting အခြေအနေ အမျိုးမျိုး တွင် ရိုက်ကြည့် ပါ။ ပြီးလျှင် မည်သည့် Effect ထွက်လာ သည်ကို ပြန် စစ်ကြည့်ပါ။ စိတ် ကြိုက် ရ သည့် အနေအထားတစ် ခု ကို ရွေးပါ။

Indoor Still Life Shooting.

ဤ ရိုက်နည်းတွင်လည်း Lighting နှင့် Colour တို့၏ ကွန့် မြူးမှု သည် ရှေးအစဉ်အဆက် ထည်းက သုံးခဲ့သည့် သမားရိုးကျ နည်း ဖြစ်ပါသည်။ ပြင်ပ ( Outdoor) ရိုက်သည် နှင့် ကွာ ခြားချက်မှာ Indoor ရိုက်ရာတွင် Lighting ကို စိတ် ကြိုက် ဆင်ရိုက်၍ ရခြင်း ပင်ဖြစ်ပါသည်။ Google Image Search ဖြင့် ပုံပေါင်းများ စွာကို နမူနာ ကြည့် နိုင်ပါသည်။ ယေဘူယျ အားဖြင့် အောက်ပါ နည်းများအတိုင်း ဆောင်ရွက် သင့်ပါသည်။

1. Getting Started.


Photo by apwizard

သာမန် Still Life ရိုက်ရန်မှာ စတူဒီယို အကြီး မလိုပါ။ အထက် ပုံပါ ကဲ့ သို့ အိမ် အတွင်း မျာ ပင် ဆင် ၍ ရိုက် နိုင်ပါသည်။ စာပွဲလေး တစ်လုံးကို ပြူတင်းပေါက် အနားမှာ ထားပြီး ခပ်ရိုးရိုး နောက်ခံ လေး နဲ့ မီးလုံးလေး နှစ်လုံး သုံးလုံးလောက် ဆို တော်ရုံ သင့်ရုံ Still Life ရိုက် နိုင်ပါသည်။

နောက်ခံ သည် ရိုးစင်းနေသည်က ပိုကောင်းပါသည်။ မိမိ အဓိက ပြလိုသည်က ရှေ့ တွင်ရှိ Subject ဖြစ်သောကြောင့် ဖြစ်ပါသည်။ Indoor Still Life Photography ၏ အားသာ ချက်မှာ အခြေ အနေ အားလုံးကို မိမိ က ထိမ်းချုပ် ထားနိုင်ခြင်းပင် ဖြစ်ပါ သည်။

2. Choosing the Subject.


Photo by whereisyourmind

ဘာပုံ ရိုက်မည် နည်းဆိုသည်မှာ မိမိစိတ် ကြိုက် ဆုံးဖြတ် နိုင်ပါသည်။ အိမ် အတွင်းရှာ ကြည့်လျှင် ရိုက် ခြင်စရာများစွာ တွေ့ ရပါမည်။ သို့ ရာတွင် ပန်းတို့ သစ်သီးတို့လို မျိုးကို တတ်နိုင်လျှင် ရှောင်စေခြင် ပါသည်။ အကြောင်းမှာ လူတိုင်း လိုလို ရိုက်လေ့ ရှိသည့် အတွက် ဖြစ်ပါသည်။ အသစ် အဆန်း ကို စမ်း ကြည့် စေလိုပါသည်။

ရိုက်ရာတွင် အလင်းရောင် ပြန် နေသည့် သတ္တု ပြား၊ ဖန်ပြားတို့ကို ရှောင် စေလိုပါသည်။ အဆိုပါ အရာ များသည် Lighting အတွက် များစွာ အနှောက် အယှက် ဖြစ်စေသည့် အရာများ ဖြစ်ကြပါသည်။ မိမိ ကိုယ်နှိုက်က အတော် ကျွမ်းကျင်လာပြီ ဆိုလျှင် Colour, Texture, Shape တို့ Contrast ဖြစ်နေသည့် Subject များကို ရိုက် ကြည့် နိုင်ပါသည်။

3. Lighting


Photo by brtsergio

စင်စစ် အားဖြင့် စီစဉ် တတ်လျှင် Lighting သည် တန်ဘိုး မကြီးလှပါ။ အချို့ သော စတူဒီယို Lighting များသည်ပင် တော် သင့် ရုံ Budget ဖြင့် မှီ နိုင်ပါသည်။ အလွယ်ဆုံး နည်း မှာ ပြင်ပ မှ အလင်းရောင် များ မ၀င် နိုင်စေရန် အပေါက်များကို ပိတ်ပါ။ ပြီး မှ မိမိ လိုသည့် Lighting ကို ဆင်ပါ။ ဤသို့ ဖြင့် စိတ်တိုင်း ကျ Lighting များရနိုင် ပါမည်။ ပြင်ပ မှ အလင်းရောင်ကို စိတ် တိုင်းကျ ထိမ်းချုပ် ရန် ခက်ပါသည်။

အိမ်သုံး မီး လုံးများကိုလည်း ထိရောက်စွာ ပြင် ဆင် နိုင်လျှင် လွန်စွာ အသုံးတည့်ပါ သည်။ Lighting Set up ကို အမျိုးမျိုး ဆင်ကြည့် ရန် လိုပါမည်။

Lighting Set up ကို ရှေ့ တည့်တည့် ချဉ်း မှ မဟုတ်ဘဲ ၊ ဘေးဘက်၊ နောက် ဘက် စသည့် နေရာ များမှ ဆင်ကြည့်ပါ။ ပေါ် ထွက် လာမည့် Subject ၏ အရိပ်များကို ကြည့်ပါ။ ပုံ ရိပ် ပေါ် မည့် အနေအထားကို ကြည့်ပါ။

အခြားတစ်နည်း မှာ အလင်းရောင် လုံလောက်စွာ ၀င်သည့် ပြူ တင်းပေါက် နားတွင် Set up ကို ဆင်ပါက Subject ၏ တစ်ဘက်မှ ၀င်လာသည့် သဘာဝ Lighting ရ နိုင်ပါသည်။ ထို Lighting ကို အခြေခံကာ မိမိ လို ခြင်သည့် Lighting အတွက် မီးလုံးများ ရောင် ပြန် ပြားများ စသည် တို့ ကို ထပ် ဖြည့် နိုင်ပါသည်။

4. Tripods and Angles


Photo by yjhsu

မိမိ ပေးထားသည့် Lighting အနေ အထားပေါ် မူတည် ၍ Tripod သုံးရန် လိုလာပါမည်။ Still Life ရိုက်ရာ တွင် အရှေ့ အနောက် အားလုံး ပြတ်သားရန် လိုအပ်သည့် ပုံ များ အတွက်မူ Aperture ကျဉ်းကျဉ်း သုံးလေ့ရှိရာ Shuter Speed နှေးလာသည့် အတွက် Tripod သုံးပြီး ရိုက်ရန် ပို သင့် လျှော် ပါသည်။

ရိုက်ရာတွင် အမြင့်၊ အနိမ့်၊ Angle အမျိုးမျိုး ပြောင်း ရိုက်ရန် သင့်ပါသည်။ တစ်နေရာ မျ တစ်မျိုး ထည်း ရိုက်ခြင်းကို ရှောင် သင့်ပါသည်။ Subject ကို အပေါ် စီး မှ Bird’s eye view ဖြင့်ကြည့်ပါ။ သို့ ရာတွင် Subject အပေါ် သို့ အရိပ် ကျ နေသည့် အဖြစ်မျိုးကို သတိ ပြု ရပါမည်။

5. Get the backdrop right.


Photo by darktechsystem

Subject နှင့် လိုက်လျှော ညီထွေ ရှိသည့် နောက်ခံ Background သည် ပုံ ပေါ် လာစေရေး အတွက် များစွာ အဓိက ကျပါသည်။ နောက် ခံ သည် ရိုးရိုး လေး နှင့် ကောင်းမွန် ( Nice and Simple ) နေရန် လိုပါသည်။ တစ်ရောင်ထည်း ချယ်ထား သော နံ ရံ၊ တစ်ရောင်ထည်း ချယ်ထား သော အပြား၊ အဖြူရောင် စက္ကူချပ် ၊ စသည် တို့ သည် ကောင်း မွန်သည့် နောက်ခံ များ ဖြစ်ပါသည်။

နောက်ခံ နှင့် Subject တို့ ၏ Contrast ဖြစ်နေရန် လိုသလား၊ သို့ မဟုတ် သဘာဝအလင်းအတိုင်းဘဲ ထားလို သလား စသည်တို့ကို စဉ်းစားရန် လိုပါသည်။ Subject သေးသေးလေး များအတွက်မူ Backdrop မလိုလှပါ။ Black Velvet လို အပေါ်တွင် တင်ထားလျှင် အနက်ရောင်က အလင်းကို စုတ်လိုက် မည် ဖြစ် သဖြင့် ရောင်ပြန်များ ပြောက်ကုန်ပါလိမ့်မည်။

6. Composing the shot.


Photo by lindenbaum

Subject ကို နေရာချ ခြင်း (Compositional element of the Subject ) သည် Still Life Photography တွင် မိမိ ပြလိုသည့် ပုံ အထူးပြု ပေါ်လွင် စေရေးအတွက်များစွာ အရေးကြီးပါသည်။ ဤနေရာတွင် ဓါတ်ပုံ ဥပဒေသ တစ်ခု ဖြစ်သည့် Rule of Thirds အတိုင်း နေရာ ချသင့်ပါသည်။ မိမိ ရိုက်သည့် Frame အတွင်း Subject အား အနှောက်အယှက် ( Distraction ) မရှိ စေရေး ကိုလည်းသတိပြု ရပါမည်။ Subject နှင့် Background သည်သာ အဓိက ပေါ်လွင် နေရန်လိုပါသည်။ ပုံကို ပေါ်လွင်စေရန် မည်သို့ လုပ်ဆောင် မည်နည်း၊ ယင်းကဲ့ သို့ ဖြစ်လာစေရန် ဘာတွေကို သုံးမည်နည်း၊ ဤ ကဲ့သို့ ဆောင် ရွက် ခြင်းဖြင့် မိမိ တင်ပြလိုသည့်ကို ထင်လင်းစွာ ပေါ် လေမည်လား စသည်တို့ကို အဆင့်ဆင့် စဉ်းစား ရန် လိုပါမည်။

7. Taking all day over it


Photo by vamedia

Indoor Still Life Photography ရိုက်ရာ တွင် ရှုခင်း ရိုက်သကဲ့ သို့ Lighting သည် ရုတ်ချဉ်း ပြောင်းသွား သည် ဟူ၍မရှိပါ။ အားလုံးကို ဆင်၍ ရိုက်ရသဖြင့် မြင်ကွင်းသည် ပျင်းရိဘွယ်ရာ မဖြစ်။ မိမိ ဆင်ထားသည့် မီး၊ နောက်ခံ ၊ ကင်မရာ စသည်တို့ ကို နေရာ အမျိုးမျိုး ပြောင်းကာ ရိုက်ကြည့်ပါ။ အဆင်မပြေ ဟု ထင်ပါက ရိုက်ကူးခြင်းကို ခေတ္တ နားလိုက်ပါ။ ကိုယ်ရော စိတ် ပါ အနားရ သည့် အချိန်တွင် ပြန်လာကာ စိတ်ကူး သစ်ဖြင့် အလုပ်ပြန်စပါ။

ပုံ များပြတ်သားမှု မရှိပါက Lighting ကိုပြန် စီစဉ်ရပါမည်။ ၄င်းအပြင် Focusing ကို တိကျ အောင် ပြန် ချိန် ရန် လိုပါမည်။ အနုစိတ်များကို ရိုက်ရာ တွင် Micro Lens များသည် များစွာ အသုံး ၀င်ပါသည်။ သို့ မဟုတ် ပါက လည်း Micro Mode ပါသည် Lens များကို သုံး နိုင်ပါသည်။

8. Inspired by the masters


Photo by layos

Still Life အတွက် Lighting ဆင်ခြင်း Arrangement ပြုလုပ်ခြင်း များ အတွက် စိတ် တိုင်း မကျ ဖြစ်နေ လျှင် ထိပ်တန်း နံမည်ကြီး Still Life ပုံ များကို ပြန်စဉ်းစား ကြည့် ပြီး ၄င်းတို့ ၏ အပြင်အဆင်ကို ဈာန် သွင်းယူပါ။ အဆိုပါ ပုံ များ က Lighting မည်ကဲ့သို့ ယူ ထားသည်၊ အရောင်မည်ကဲ့ သို့ စပ်သည်၊ ပုံကို Arrangement မည်ကဲ့သို့ လုပ်ထားသည် စသည် တို့အတွက် စိတ်ကူးသစ် များပေးပါ လိမ့်မည်။

9. Now it’s your turn!


Photo by apwizard

အစ ပိုင်းတွင် ပြူတင်းပေါက် နားတွင် သင့်တော်သည့် နောက်ခံ ( Background ) ချကာ လေ့ ကျင့် သည့် သဘော မျိုး ရိုက်ကြည့်ပါ။ အခြေ ခံ ရိုက်ခြင်း များ ကျွမ်းကျင် လာပါ Camera Angle, Light Angle, Alternative Light Source စသည် တို့ ကို ပြောင်းလဲကာ ရိုက်ကြည့်ပါ။

Camera Setting ကိုလည်း f-1.8 ကဲ့သို့ Prime Lens မျိုးဖြင့် အနုပညာ ဆန်သည့် Shallow Focus ( နောက်ခံ ၀ါးဝါး) ပုံ များရိုက်ကြည့်ပါ။ Still Life Photography သည် ပန်း နှင့် သစ်သီးများကိုသာ ရိုက်သည် မဟုတ်သည်ကို သတိပြုရပါမည်။ အခြားသော စိတ်ဝင်စား ဖွယ်ရာ ကောင်းသည့် အရာများ ကိုလည်း ရှာဖွေ ရိုက်ရန် လိုပါသည်။ ဥပမာအားဖြင့် အလင်းရောင်တွင် နှုတ် ခမ်းသားလေးများ တောက် ပ နေသည့် ပုလင်း ၊ဖန်သား စသည်တို့ လည်း စိတ်ဝင်စားဖွယ်ရာ ရိုက် နိုင်ပါသည်။

10. Making a living?


Photo by gfpeck

Still Life Photography ကို အသုံးများကြပါသည်။ စာကြည့် တိုက်၊ မဂ္ဂဇင်း၊ လုပ်ငန်းများ၊တွင် သုံးကြ ပါသည်။ Still Life ပုံ ကောင်းကောင်း ရလျှင် On Line တွင် ဖြန့်ဝေရန် လက်မတွန့်သင့်ပါ။ Envato’s PhotoDune stock photography service စသည့် Service များမှ တစ်ဆင့် ဖြန့်ဝေခြင်း ဖြင့် Assignment များ ရလာနိုင်ပါသည်။

Golden Rules of Still Life Photograph

၁။ Indoor ရိုက်သည်ဖြစ်စေ Outdoor ရိုက်သည် ဖြစ်စေ စိတ်ကူး ဥာဏ် ကို အသေ ဘောင်မခတ် ထားဘဲ ဖွင့်ထား ရန် လိုပါသည်။ သို့ မှသာ ဆန်းသစ်သည့် စိတ်ကူး ဥာဏ် ကွန့်မြူး နိုင်ပါမည်။

၂။ ရိုက်ရာတွင် မလော ပါနှင့် သင့် တော်သည့် အချိန် ပေး၍ စိတ်တိုင်းကျ ရိုက်ပါ။

၃။ စိတ်ကူးများ ရှုပ်ထွေးနေပြီး အကြံဥာဏ်မထွက်ဘဲ ဖြစ်နေလျှင် တတ်ကြွမ်းသူများ၏ အကြံ ဥာဏ် တောင်းရန် ၀န်မလေးပါနှင့်။

Outdoor Still Life နမူနာပုံများ။











Indoor Still Life နမူနာပုံများ။






















Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...