Android , iOS Device များကို ကွန်ပြူတာကနေ ထိန်းချုပ်လို့ ရစေမယ့် TeamViewer QuickSupport

TeamViewer ဆိုတာ နာမည်ကြီး Remote Control App တစ်ခုပါ။TeamViewer ကို Windows အချင်းချင်း Control လုပ်ဖို့  Android , iOS Device တွေကနေ Windows ကို ထိန်းဖို့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် TeamViewer က Windows ကနေ Android, iOS Devices တွေကို Control, Troubleshoot လုပ်ဖို့  TeamViewer QuickSupport ဆိုတဲ့ Android ,iOS App ကို ပြုလုပ်ပေး ထားပါတယ်။ ဒီဆောင်းပါးမှာတော့ Android Phone ကို အသုံးပြုပြီး TeamViewer QuickSupport အသုံးပြုနည်းကို ရေးသားပေးထား ပါတယ်။

TeamViewer QuickSupport ကို Android မှာအင်စတောလုပ်ပြီးရင် ID ထုတ်ပေးပါမယ်။အဲဒီ ID ကို Windows ဒါမှမဟုတ်တစ်ခြား TeamViewer Client အင်စတောလုပ်ထားတဲ့ Control, Troubleshoot လုပ်ပေးမယ့်သူကို ပေးရမှာပါ။Send My ID ကိုနှိပ်ပြီးပေးလို့ ရသလို Messenger , Email စတဲ့ သင်အဆင်ပြေသလို ပေးနိုင်ပါ တယ်။

Windows က TeamViewer ကနေ Partner ID မှာ အပေါ်က ID ထည့်ပေးပါ။ ကျွန်တော်ထည့်ပေးတုန်းက TeamViewer Windows Client ကို Update လုပ်ဖို့ ပြောတဲ့အတွက် Update လုပ်ပြီး ချိတ်ဆက်ရပါတယ်။

Android Device မှာ Permission ပေးရပါမယ်။ Allow ကိုနှိပ်ပေးပါ။

ဒါဆိုရင် ၀င်းဒိုး က TeamViewer မှာ Android Device ကို Remote Access လုပ်နိုင်ပါပြီ။ ဘယ်ဘက် အပေါ်ထောင့်မှ Remote Control ကိုနှိပ်ပြီး ၀င်းဒိုးကနေ Android phone ကို စပြီး Control လုပ်လို့ ရပါပြီ။

Screenshot ရိုက်တာတွေ ၊Screen Record လုပ်တာတွေ၊ File Transfer လုပ်တာတွေ အပြင် Android Device တစ်ခုလုံးကို ၀င်းဒိုးက နေ Control လုပ်လို့  အသုံးပြုလို့ ရသွားပါပြီ။သင့် Android Device တွေ မှာ ပြဿနာဖြစ်ပြီး ကျွမ်းကျင်သူတစ်ယောက်ကို အကူအညီတောင်းပြီး ပြဿနာတွေ ဖြေရှင်း ချင်တဲ့အခါမှာ ဒီ Feature ကတော်တော် အသုံးဝင်ပါတယ်။

Dashboard Window ကို ပြန်သွားရင် Android Device ရဲ့  System Info ကိုတွေ့ မြင်နိုင်ပြီး Chat Box ကနေ ချက်တာတွေ၊ Clipboard က စာသားတွေကို ပေးပို့ တာတွေ ပြုလုပ်နိုင်ပါတယ်။

Screenshot Tab မှာ Request Screenshot လုပ်လို့ ရပြီး ဖုန်းမှာ Screenshot ရိုက်တဲ့ ကီး ကို ပြပေးမှာပါ။ကျွန်တော့် Huawei Android မှာတော့ power off + volume down ကိုနှိပ်ဖို့ ပြောပါတယ်။ ကီးကိုနှိပ်လိုက်ရင် Screenshot ရိုက်ပြီး ၀င်းဒိုး က TeamViewer ကို အလိုလို ပို့ ပေးမှာပါ။

Application Tab မှာတော့ App တွေကို Remote Uninstall လုပ်နိုင်ပါတယ်။

Processes Tab မှာတော့ Run နေတဲ့ Process တွေကို တွေ့ မြင်နိုင်ပြီး သတ်နိုင်ပါတယ်။ Settings Tab မှာတော့ Wifi Network တွေကို Add, Edit လုပ်နိုင်ပါတယ်။

TeamViewer QuickSupport က Android , iOS Devices တွေ မှာ ပြဿနာတွေ ဖြစ်လို့ သင်မဖြေရှင်းနိုင်တော့ဘဲ ကျွမ်းကျင်သူတစ်ယောက်ဆီကအကူအညီရယူတဲ့ အချိန်မျိုးတွေ မှာတော်တော်အသုံးဝင်ပါတယ်။

Android
http://goo.gl/mLbAHL

iOS
http://goo.gl/RNNC3m

PC
http://goo.gl/2NzTYD


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...